BREAKING
September 19, 2024

ရွေးကောက်ပွဲ

၂၀၂၀ ရွေးကောက်ပွဲ တနင်္သာရီတိုင်း မဲဆန္ဒရှင်စာရင်း မကြာမီ ကြေညာမည်

diz_admin

July 20, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC က ထုတ်ပြန်ထားပြီး မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် စတင်ကြေညာတော့မည် ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ၁၄ ရက်ကြာ ကြေညာမည် ဖြစ်သည်။ မဲဆန္ဒရှင် စာရင်းထုတ်ပြန်ကြေညာရာတွင် မိမိအမည် မပါဝင်ပါက ကော်မရှင်အဖွဲ့ခွဲ့ရုံးတွင် စောင့်နေသည့် တာဝန်ရှိသူများထံ ဆက်သွယ်နိုင်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ဆိုသည်။ ထိုသို့ဆက်သွယ်ပါက မဲစာရင်းတွင် မိမိအမည်ပါဝင်ရေးအတွင် တောင်းဆိုလွှာ (ပုံစံ-၃) ဖြင့် တင်သွင်း ဖြည့်စွက်ရမည် ဖြစ်သည်။ မဲစာရင်းတွင် မပါသင့်သူ ပါဝင်နေပါက ကန့်ကွက်လွှာ (ပုံစံ-၄) တောင်းယူကာ ကန့်ကွက်ရမည် […]

မသန်စွမ်းမဲဆန္ဒရှင်များအတွက် စံပြမဲရုံများ သီးခြားထား/မထား

diz_admin

July 18, 2020

တနင်္သာရီတိုင်းမှာ မသန်စွမ်းမဲဆန္ဒရှင် ၂၁၀၀ ခန့် ရှိပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက မသန်စွမ်းမဲဆန္ဒရှင်များကို အကြိုအပို့ အစီအစဉ်တွေ ပြုလုပ်ပေးမယ်ဆိုရင် နေရာတစ်ခုကို သီးခြားသတ်မှတ်ပြီး စံပြမဲရုံများ ထားရှိပေးသွားမယ်လို့ ဦးထိန်လင်းဦးက ပြောပါတယ်။ မဲရုံတွေမှာ မသန်စွမ်း အမျိုးအစားအလိုက် ဆန္ဒမဲပေးဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ တာဝန်ရှိသူများက မသန်စွမ်းသူများကို တွဲခေါ်ကာ ကူညီဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

တနင်္သာရီတွင် ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းခန့်ရှိ

diz_admin

July 15, 2020

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းအတွင်း မဲဆန္ဒရှင် တစ်သိန်းနီးပါး ထပ်တိုးလာတဲ့အနက် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းဝန်းကျင်ရှိတယ်လို့ တနင်္သာရီတိုင်းဒေသကြီး ရွှေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြောသည်။ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလက မဲဆန္ဒရှင် ၁၀ သိန်းခန့်ရှိခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၁၁ သိန်းခန့် ရှိတယ်လို့ ဦးထိန်လင်းဦးက ပြောပါတယ်။ ၂၀၁၅ ခုနှစ်မှာ တနင်္သာရီတိုင်းရဲ့ လူဦးရေ ၁၄ သိန်းကျော်ရှိပြီး ၂၀၂၀ ခုနှစ်မှာ လူဦးရေ ၁၅ သိန်းခွဲခန့် ရှိပါတယ်။

ရွေးကောက်ပွဲ လေ့လာလိုသူများ လျှောက်နိုင်ပြီ

diz_admin

July 13, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့်နိုဝင်ဘာလ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာပြီးနောက် ပြည်တွင်း၊ ပြည်ပ မှ ရွေးကောက်ပွဲကို လေ့လာမည့်သူများ အနေဖြင့် ဇူလိုင်လ ၇ ရက်မှ စပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာထားသည်။ ပြည်တွင်းမှ လေ့လာမည့်သူများသည် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တွင် လျှောက်ထားရမည်ဖြစ်ပြီး ပြည်ပမှ လေ့လာမည့်သူများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်သည်။ တနင်္သာရီတိုင်းတွင်လည်း PACE ( People’s Alliance for Credible Elections) အဖွဲ့က ရွေးကောက်ပွဲလေ့လာ မည့်သူများကို ဖိတ်ခေါ်လျက်ရှိကြောင်း ယင်းအဖွဲ့ တနင်္သာရီတိုင်း ညှိနှိုင်းရေးမှူး ဦးသန်းဝင်းက ပြောသည်။ ဦးသန်းဝင်းသည် […]

နိုင်ငံရေးပါတီများ စည်းရုံးရေးကာလနှင့် ကိုဗစ်

diz_admin

July 6, 2020

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၈ ရက်တွင် တစ်နိုင်ငံလုံး အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ယခုလအတွင်း တရားဝင်ကြေညာလိုက်သည်။ တစ်ဆက်တည်းမှာပင် နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် ပြည်ထောင်စုအဆင့်ဝန်ကြီးများ အားလုံးသည်လည်း အခြေခံဥပဒေပြဋ္ဌာန်းချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပြဋ္ဌာန်းချက်တို့နှင့် ကိုက်ညီလျှင် ပါတီစည်းရုံးရေးကိစ္စ၊ နယ်မြေစည်းရုံးရေး ကိစ္စများကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်သည်။ တစ်ဘက်တွင် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ထုတ်ပြန်ထားသော ကန့်သတ်ချက် အချို့က ရှိနေဆဲဖြစ်ပြီး လူစု၊ လူဝေး နှင့်ဆိုင်သည့် ကန့်သတ်ချက်တစ်ခုမှာ နိုင်ငံရေးပါတီများ၏ စည်းရုံးရေးကိစ္စအတွက် အဟန့်အတား ဖြစ်နေသည်။ တနင်္သာရီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးကလည်း ပါတီစည်းရုံးရေးကိစ္စများကို ကိုဗစ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောသည်။ “ကိုဗစ်ထိန်းချုပ်ရေးအောက်ကပဲ သွားရမှာပါ။ […]

တိုင်းအတွင်း မသန်စွမ်း မဲဆန္ဒရှင် နှစ်ထောင်ခန့်ရှိ

diz_admin

July 1, 2020

လာမည့်ရွေးကောက်ပွဲတွင် တိုင်းအတွင်း မသန်စွမ်းမဲဆန္ဒရှင် နှစ်ထောင့် တစ်ရာခန့်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးထံမှ သိရသည်။ တိုင်းအတွင်းရှိ မသန်စွမ်းမဲဆန္ဒရှင်များတွင် ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၁၁၀ဝ ဦး၊ အမြင်အာရုံမသန်စွမ်းသူ ၃၀ဝ ဦးခန့်၊ အပြောအကြား မသန်စွမ်းသူ ၄၀ဝ ဦးကျော်ခန့်၊ ဉာဏ်ရည်မသန်စွမ်းသူ ၁၀ဝ ဦးကျော်ခန့်ရှိကြောင်း အထက်ပါရုံးမှ အတွင်းရေးမှူးက ပြောသည်။ မဲရုံသို့ လာရောက်မဲမပေးနိုင်သည့် မသန်စွမ်းမဲဆန္ဒရှင်များသည် ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်ဖြစ်စေ အိမ်တိုင်ရာရောက်ဖြစ်စေ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ၎င်းက ပြောသည်။ ယခင် ရွေးကောက်ပွဲများတွင် မသန်စွမ်း မဲဆန္ဒရှင်စာရင်းကို သီးခြားကောက်ယူခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။ ထားဝယ်ခရိုင်တွင် မသန်စွမ်း မဲဆန္ဒရှင် ၁၂၀ဝ ကျော်ခန့်၊ မြိတ်ခရိုင်တွင် ၆၀ဝ […]