BREAKING
September 19, 2024

ရွေးကောက်ပွဲ

၂၀၂၀ ရွေးကောက်ပွဲ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများ တိုးလာ

diz_admin

July 28, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများတိုးလာကြောင်း မြိတ်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အချိန်က မြိတ်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ခြောက်ခုသာရှိခဲ့ပြီး ယခုလာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ဆယ်ခုအထိရှိလာကြောင်း မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးဝင်းကြည်က ပြောသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေကောက်ပွဲတွင် မြိတ်ခရိုင်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားတိုးတက်ရေးပါတီနှင့် ကရင်တိုင်းရင်းသားပါတီတို့ ရှိခဲ့သည်။ အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ ယခုရွေးကောက်ပွဲတွင် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ကောင်းကျိုးဆောင်ပါတီတို့ ထပ်မံတိုးလာကြောင်း ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။ “ပါတီတွေက ထပ်တိုးလာသလို မဲဆန္ဒရှင်ဦးရေကလည်း အရင်ထပ်ထပ် ပြီးတိုးလာတယ်” ဟု ၎င်းက ပြောသည်။ မြိတ်ခရိုင်အတွင်း ပြီးခဲ့သည့် […]

ကော့သောင်း လွှတ်တော်ကိုယ်စားလှယ်လေးဦး ပြန်မပါတော့

diz_admin

July 27, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် ကော့သောင်းခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် လေးဦး ပြန်မပါတော့ပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)၏ ကိုယ်စားလှယ်လောင်း စာရင်းထုတ်ပြန်ချက်အရ လက်ရှိလွှတ်တော် ကိုယ်စားလှယ်လေးဦး ပြန်မပါတော့ခြင်းဖြစ်သည်။ ကော့သောင်းမြို့နယ် မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်၊ ကော့သောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေထွန်းနှင့် ဘုတ်ပြင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းတို့ ဖြစ်သည်။ ကော့သောင်းမှ လူကုန်တား ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးစစ်ဆေး ဒေါက်တာခင်မောင်ဝင်းနေရာတွင် ဒေါက်တာဝင်းထိန်၊ ဦးခင်ဇော်နေရာတွင် ဦးနိုင်လင်း၊ ဦးနေထွန်းနေရာတွင် ဦးကျော်သက်နိုင်၊ ဦးတင်ထွန်းနေရာတွင် ဦးခင်နောင်ဝင်းကို ရွေးချယ်ထားသည်။ (ဝန်ကြီးချုပ်) ဦးမြင့်မောင်၊ ဦးဆွေမြင့်၊ ဦးနေလင်းထွန်း၊ ဦးခင်မျိုးဝင်းတို့က လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ပြန်ပါဝင်လာသည်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌ အခြား မသွားပါ

diz_admin

July 27, 2020

ဦးခင်မောင်အေး ပြန်မပါလာခြင်း ဗဟိုက ရွေးချယ်မှု ဟုဆို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ NLDပါတီ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းစာရင်းတွင် မပါသော်လည်း အခြားပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအနေနှင့် ရွေးကောက်ပွဲဝင်ရန် မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားလိုက်သည်။ လက်ရှိ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ထားဝယ်မြို့နယ်မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ပြိုင်ရန် လျှောက်ထားခဲ့သူ ဖြစ်သည်။ ကိုယ်စားလှယ်လောင်းလျှောက်လွှာ များကို မြို့နယ်အဆင့်ရွေးချယ်ရာတွင် ပထမဦးစားပေးအဖြစ် ရွေးချယ်ခံရသော်လည်း ကိုယ်စားလှယ်လောင်းစာရင်းထုတ်ပြန်ရာတွင် ဦးခင်မောင်အေးအစား ဒုတိယ ဦးစားပေးနေရာမှ ဒေါ်မိုးမိုးသူကို ရွေးချယ်လိုက်သည်။ ထိုကြောင့် တိုင်းအလုပ်အမှုဆောင်အဖွဲ့က ကိုယ်စားလှယ်လောင်းစာရင်းကို အပြောင်းအလဲလုပ်ခဲ့သည်ဆိုသည့် သတင်းများထွက်ပေါ်လာခဲ့သည်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် […]

တိုင်းအတွင်း မြို့ ၆ မြို့တွင် မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲ ဝင်မည်

diz_admin

July 21, 2020

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဖြူ၊ ပုလော၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းနှင့် ကော့သောင်း စသည့် မြို့ခြောက်မြို့တွင် မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲဝင်ပြိုင်ရန် လျာထားကြောင်း ယင်းပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် နိုင်စိုးမြင့်ထံမှ သိရသည်။ အဆိုပါ မြို့စာရင်းသည် ကနဦး လျာထားစာရင်းသာဖြစ်ပြီး အပြောင်းအလဲ ဖြစ်နိုင်သေးကြောင်း သိရသည်။ ရွေးကောက်ပွဲအတွက် လျာထားသည့် မြို့တချို့တို့တွင် မွန်လူဦးရေ နည်းသည့်အတွက် ယှဉ်ပြိုင်ရန် စိတ်အားထက်သန်မှု လျော့နည်းနေ၍ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း နိုင်စိုးမြင့်က ပြောသည်။ ယှဉ်ပြိုင်မည့် မြို့နယ်များနှင့် ကိုယ်စားလှယ်စာရင်းကို ဇူလိုင်လကုန်ခန့်တွင် သိရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ မြေပြင် မွန်လူဦးရေစာရင်းနှင့် လ.ဝ.က စာရင်း ကွာဟမှုကြောင့် တနင်္သာရီတွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး မရဖြစ်နေ ‌ရွေးကောက်ပွဲဝင်ရန် လျာထားမြို့များအနက် မြိတ်မြို့တွင် ဇူလိုင်လ ၁၄ ရက်က […]

လာမည့်ရွေးကောက်ပွဲ ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းခန့်ရှိ

diz_admin

July 21, 2020

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း မဲဆန္ဒရှင် တစ်သိန်းနီးပါး ထပ်တိုးလာသည့်အနက် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းဝန်းကျင်ခန့်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလက မဲဆန္ဒရှင် ၁၀ သိန်းခန့်ရှိခဲ့ပြီး လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၁၁ သိန်းခန့် ရှိကြောင်း ဦးထိန်လင်းဦးက ပြောသည်။ ၂၀၁၅ ခုနှစ် တိုင်းအတွင်း လူဦးရေ မှာ ၁၄ သိန်းကျော်ရှိပြီး ၂၀၂၀ ခုနှစ် တိုင်းလူဦးရေ ၁၅ သိန်းခွဲခန့် ရှိသည်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ တစ်ထောင်ကျော်ခန့်ရန် ပြင် ပထမဆုံး မဲပေးခွင့်ရသူဦးရေသည် လူဦးရေနှင့် တိုက်ရိုက်အချိုးကျပြီး […]

၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ တစ်ထောင်ကျော်ခန့်ရန် ပြင်

diz_admin

July 20, 2020

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင် တာဝန်ထမ်းဆောင်မည့် အထူးရဲတစ်ထောင်ကျော် ရွေးချယ်ခန့်အပ်ရေး စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရွေးကောက်ပွဲတွင် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ယောက်နှုန်း တာဝန်ပေးနိုင်ရန် လုပ်ဆောင်နေပြီး လက်ရှိတွင် သက်ဆိုင်ရာ ရဲစခန်းအလိုက် စာရင်းကောက်ယူ စုဆောင်းနေကြောင်း ဒုတိုင်းရဲ တပ်ဖွဲ့မှူးရဲမှူးကြီးကြည်စိုးက ဆိုသည်။ လက်ရှိအနေအထားအရ တိုင်းအတွင်း မဲရုံ ၁၂၀၆ ရုံရှိပြီး မဲဆန္ဒရှင် အနည်းအများအပေါ် မူတည်ကာ မဲရုံအရေအတွက် အနည်းငယ်ပြောင်းလဲနိုင်သေးကြောင်း ၎င်းက ပြောသည်။ “အခုက စာရင်းကောက်တဲ့အဆင့်ပဲ ရှိသေးတယ်။ ရထားတဲ့သတင်းအရဆိုရင် စက်တင်ဘာလမှာစပြီးတော့ သူတို့က ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီးကြည်စိုးက ပြောသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုံခြုံရေးရေးဆိုင်ရာ ကိစ္စရပ်များအတွက် ရဲတပ်ဖွဲ့ဌာနချုပ်တွင် သင်တန်းတက်ထားသည့် ရဲအရာရှိနှစ်ဦးက ၎င်းတို့ကို […]