BREAKING
September 19, 2024

ရွေးကောက်ပွဲ

မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းစာရင်း အမျိုးသမီး ၁၆ ဦး အထိပါဝင်

diz_admin

August 4, 2020

နိုဝင်ဘာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၆ ဦးအထိ ပါဝင်သည်ဟု ပါတီက ထုတ်ပြန်ထားသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း ၆၂ ဦး ဝင်ပြိုင်မည့်အနက်မှ အမျိုးသမီးကိုယ်စားလှယ်လောင်းအရေအတွက် ထိုမျှပမာဏပါဝင်ခြင်း ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ဝန်းကျင် ဖြစ်သည်။ မွန်ညီညွတ်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကို ဗဟိုအလုပ်မှုဆောင်တွင် အတည်ပြုပြီး ဇူလိုင်လ ၂၆ ရက်နေ့က တရားဝင်ထုတ်ပြန်ထား သည်။ အရွေးခံမည့် အမျိုးသမီးကိုယ်စား လှယ်လောင်းများသည် ပြည်သူ့လွှတ်တော် ၁ ဦး၊ အမျိုးသားလွှတ်တော် ၇ ဦး နှင့် ပြည်နယ်လွှတ်တော် ၈ ဦးတို့ဖြစ်သည်။ မဲစာရင်းအပေါ် မွန်လူထု စိတ်ဝင်စားမှုနည်း […]

မဲစာရင်းအပေါ် မွန်လူထု စိတ်ဝင်စားမှုနည်း

diz_admin

August 4, 2020

မွန်ပြည်နယ်တစ်ခုလုံး၏ အခြေခံ မဲဆန္ဒရှင်များစာရင်းကို ဇူလိုင်လ ၂၅ ရက် နေ့က စတင်ကြေညာထားပြီး မဲစာရင်းအပေါ် မွန်လူထုတို့၏ စိတ်ဝင်စားမှု နည်းပါးသည်ဟု သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ထံမှ သိရသည်။ မဲစာရင်းကြေညာသည့်နေ့နှင့် ဒုတိယနေ့၊ တတိယနေ့တို့တွင်လည်း လာရောက်ကြည့်ရှုသူ နည်းပါးကြောင်း ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနှင့် ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တစ်ခု ဖြစ်သည့် သီရိမင်္ဂလာရပ်ကွက်တွင် မဲစာရင်းအား တသီးတသန့် လာရောက်ကြည့်ရှုခြင်းထက် အခြားအကြောင်းကိစ္စတို့နှင့် တွဲဖက်၍ လမ်းကြုံအားဖြင့်သာ ဝင်ရောက်ကြည့်ရှုကြလေ့ရှိသည်ဟု ပြောသည်။ “လူတွေက မဲစာရင်းကြည့်ဖို့ထက် ဝမ်းစာက အရေးကြီးတော့ အလုပ်ပဲ သွားကြတာလေ။ လာမကြည့်ကြဘူး” ဟု သီရိမင်္ဂလာရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြော သည်။ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်တွင်လည်း […]

ကိုယ်စားလှယ်လောင်းများထံ ကတိတောင်းရန် အုပ်ချုပ်ရေးမှူးအချို့ ပြင်ဆင်

diz_admin

August 4, 2020

ရွေးကောက်ပွဲမဲဆွယ်ကာလတွင် ပါတီအသီးသီး၏ ကိုယ်စားလှယ်လောင်းများထံတွင် ကတိတောင်းရန်အတွက် ပြင်ဆင်နေကြကြောင်း ထားဝယ်ခရိုင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ထံမှ သိရသည်။ ကျေးရွာများတွင်လိုအပ်နေသော လမ်း၊ တံတား၊ စာသင်းကျောင်း စသည့် အခြေခံအဆောင်အအုံများကို ပြုလုပ်ပေးရန် ကိုယ်စားလှယ်လောင်းများထံ ကတိတောင်းမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး အချို့က ပြောသည်။ ထားဝယ်ခရိုင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ခုနစ်ဦးထံ ဆက်သွယ်မေးမြန်းရာတွင် ငါးဦးက ကတိတောင်းရန် ပြင်ဆင်နေသည်ဟု ဖြေဆိုကြပြီး နှစ်ဦးက အစီအစဉ်မရှိသေးကြောင်း ဖြေဆိုကြသည်။ အုပ်ချုပ်ရေးမှူးအချို့က တောင်းဆိုမည့် ကျေးရွာလိုအပ်ချက်များကို ရေးမှတ်ထားကြပြီး အချို့ကလည်း တောင်းဆိုရန် စိတ်ကူးရှိကြောင်း ဖြေဆိုကြသည်လည်း ရှိသည်။ မဲစာရင်းလာကြည့်စေရေး လှုံ့ဆော်မည် “အဓိကကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲလာဆွယ်ရင်၊ သူတို့ဘက်က လမ်းဖွင့်ပေးမယ်ဆိုရင် ကျေးရွာဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျာထားပြီး တောင်းဆိုမယ်ဆိုပြီး စဉ်းစားထားတယ်” ဟု ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာ အုပ်ချုပ်ရေးမှူး […]

မဲစာရင်းလာကြည့်စေရေး လှုံ့ဆော်မည်

diz_admin

August 4, 2020

တနင်္သာရီတိုင်းအတွင်း မဲစာရင်းကို ပြည်သူများစိတ်ဝင်စားပြီး လာကြည့်စေရန် စည်းရုံးလှုံ့ဆော်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောကြားသည်။ ထိုသို့ မဲဆန္ဒရှင်များကို လှုံ့ဆော်ရန်အတွက် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ(ရွေး/ကော်)တာဝန်ရှိသူနှင့် ဆွေးနွေးညှိနှိုင်းထားကြောင်း ၎င်းက ဆိုသည်။ မဲပေးရမည့် ပြည်သူများ မဲစာရင်းလာကြည့်စေရေး အသိပညာပေးရာတွင် ရွေး/ကော်နှင့် ထွေအုပ်ဌာနတို့ ပေါင်းစပ် လုပ်ဆောင်ရန် တိုင်းရွေး/ကော်နှင့် တိုင်ပင်ညှိနှိုင်းနေပြီး မည်ကဲ့သို့ လှုံ့ဆော်ကာ အသိပညာပေးမည်ကိုမူ ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ တနင်္သာရီတိုင်းအတွင်း မဲပေးခွင့်ရှိသူ ၁၁ သိန်းကျော်ရှိကြောင်း တိုင်းရွေး/ ကော်အဖွဲ့ထံမှ သိရသည်။ လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့က စတင်ကြေညာခဲ့သည်။

ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် အစိုးရအဖွဲ့ဝင်ဟောင်းအများစု ပြန်ပါ

diz_admin

August 4, 2020

မဲဆန္ဒနယ်တစ်ဝက် အနိုင်ရရန် မျှော်မှန်းထားဟုဆို လာမည့်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် ဝန်ကြီးဟောင်း ခုနစ်ဦးအထိ ပြန်ပါလာသည်။ ကိုယ်စားလှယ်လောင်းစာရင်းတွင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးမြတ်ကိုအပါအဝင် ဝန်ကြီးဟောင်း ခုနစ်ဦးအထိ ပြန်ပါဝင်လာခြင်းဖြစ်သည်။ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းဆွေနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကျော်ဆန်းမှလွဲ၍ ကျန်သည့်ဝန်ကြီးအားလုံးပြန်ပါကြောင်း ကြံ့ခိုင်ရေးပါတီ၊ တနင်္သာရီတိုင်းဥက္ကဋ္ဌ ဦးသန်းအောင်က ဆိုသည်။ အစိုးရအဖွဲ့ဝင်ဟောင်းများအပြင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအချို့လည်း ပြန်ပါဝင်လာသည်။ လာမည့်ရွေးကောက်ပွဲ အခင်းအကျင်းမှာ အရေးကြီးသည့်အတွက် အတွေ့အကြုံရှိပြီးဖြစ်သည့် လူဟောင်းများကို ပြန်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဦးသန်းအောင်က ဆိုသည်။ ဝန်ကြီးချုပ်ဟောင်း ဦးမြတ်ကိုသည် တိုင်းလွှတ်တော်အတွက် ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်အရွေးခံမည်ဖြစ်ပြီး NLDပါတီမှ ဒေါ်မိုးမိုးသူနှင့် အဓိကယှဉ်ပြိုင်ရဖွယ် ရှိသည်။ လူဟောင်းအများစုဖြင့် […]

တိုင်းအစိုးရအား ပိုထိန်းကျောင်းနိုင်ရန် တိုင်းလွှတ်တော်အတွက် အဓိကဝင်ပြိုင်ခြင်းဖြစ်ဟု ထားဝယ်ပါတီဆို

diz_admin

August 4, 2020

ထားဝယ်တိုင်းရင်းသားများပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြေညာထားပြီး ယင်းသို့ ရွေးချယ်ရခြင်းမှာ တိုင်းအစိုးရအား ထိန်းကျောင်းရာတွင် ပိုမိုအားကောင်းစေရန်ဆိုသည့် အချက်တစ်ခုလည်း အပါအဝင်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလ အတွေ့အကြုံအရ တိုင်းလွှတ်တော်အတွင်း ပါတီတစ်ခုတည်းမှ လွှတ်တော်ကိုယ်စားလှယ်များသာရှိနေခြင်းက တိုင်းအစိုးရကို ထိန်းကျောင်းရာတွင် အားနည်းချက်ရှိခဲ့ကြောင်း ဦးအေးမင်းက ပြောသည်။ “လွှတ်တော်ထဲမှာ အသံတွေစုံဖို့လိုမယ်။ တစ်နည်းအားဖြင့် တိုင်းလွှတ်တော်ထဲမှာ ပါတီစုံမယ်ဆိုရင် တိုင်းအစိုးရကို အရင်တုန်းကထက် ထိန်းကျောင်းပေးနိုင်မယ်လို့လည်း ယုံကြည်တယ်။ ဒါကြောင့် တိုင်းဒေသကြီးတစ်ခုတည်းကို ဝင်ပြိုင် ရခြင်းဖြစ်တယ်” ဟု ဦးအေးမင်းက ပြောသည်။ ထားဝယ်တိုင်းရင်းသားများပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးကို ကိုယ်စားလှယ် ၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လာမည့် ၂၀၂၀ […]