BREAKING
September 19, 2024

ရွေးကောက်ပွဲ

NLDထိပ်ပိုင်းခေါင်းဆောင်ဟောင်း သရက်ချောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး ရွေးကောက်ပွဲမဝင်

diz_admin

August 10, 2020

လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် သူ့အနေနှင့် ဝင်ရောက်အရွေးချယ်ခံမည် မဟုတ်တော့ကြောင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက တနင်္သာရီအပတ်စဉ်သို့ ပြောသည်။ နိုင်ငံရေးကို မှန်ကန်ဖြောင့်မတ်စွာ လုပ်ချင်သော်လည်း လုပ်ခွင့်မရသည့်အတွက်ကြောင့် ရွေးကောက်ပွဲမဝင်တော့ ခြင်းဖြစ်သည်ဟု ဦးအောင်စိုးက ဖွင့်ဟသည်။ ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု “တစ်သီးပုဂ္ဂလည်း မဝင်တော့ဘူး။ တခြားပါတီကနေလည်း မဝင်တော့ဘူး။ ဒေသအကျိုးကိုပဲ အတတ်နိုင်ဆုံးနိုင်တဲ့ဘက်က ကူညီတော့မယ်လို့ ဆုံးဖြတ်ထား တယ်” ဟု ၎င်းက ဆိုသည်။ ၎င်းသည် NLDပါတီ စတင်တည်ထောင်စဉ်မှစ၍ ပါတီတာဝန်အရပ်ရပ်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် တနင်္သာရီတိုင်းဥက္ကဋ္ဌ၊ ၂၀၁၆ ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံထားရသူ ဖြစ်သည်။ ယင်းအပြင် ၎င်းသည် အဂတိလိုက်စားမှုဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသော တနင်္သာရီတိုင်း […]

မွန် NLDကိုယ်စားလှယ်လောင်း နှစ်ဦးကို ပြောင်းလဲ

diz_admin

August 10, 2020

လာမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်လောင်းနှစ်ဦးအား အပြောင်းအလဲလုပ်လိုက်ကြောင်း မွန်ပြည်နယ် NLDပါတီ တာဝန်ရှိသူတို့ထံမှ သိရသည်။ မွန်ပြည်နယ် ရေးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂)အတွက် ကိုယ်စားလှယ်လောင်း ဦးချစ်တင်နေရာအစား ရေးမြို့နယ် NLDပါတီ ဥက္ကဋ္ဌ ဦးကျော်မိုးအေးနှင့် မုဒုံမြို့နယ်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)အတွက် ကိုယ်စားလှယ်လောင်း ဦးထွန်းကြည်နေရာတွင် ဒေါ်ခင်ကျော့ဖြူတို့ဖြင့် အစားထိုးလဲလှယ်ခဲ့ခြင်း ဖြစ်သည်။ ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု NLDပါတီအနေနှင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်လိုက်သည့် အဆိုပါကိုယ်စားလှယ်လောင်းများထဲမှ အချို့ကို ပြန်လည်စိစစ်ပေးရန် ပါတီဝင်များနှင့် NLDကို ထောက်ခံသည့်ဒေသခံတို့က လက်မှတ်ရေးထိုးပြီး ကန့်ကွက်ခဲ့ကြပြီးနောက် ပါတီဗဟိုအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ […]

အမှားများသည့် မွန်မဲစာရင်း

diz_admin

August 10, 2020

မွန်ပြည်နယ်အတွင်း ပထမအကြိမ် ကြေညာကပ်ထားသည့် မဲစာရင်းများတွင် အချက်အလက် မှားယွင်းမှု များပြားနေသည်ဟု မဲဆဆန္ဒရှင်ပြည်သူများနှင့် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲတို့ထံမှ သိရသည်။ မဲစာရင်း အချက်အလက်မှားယွင်းမှုသည် မဲရုံတိုင်းတွင်ရှိနေပြီး အချို့မဲရုံများ တွင် ထက်ဝက် (၅၀ ရာခိုင်နှုန်း)ကျော်အထိ မှားယွင်းနေကြောင်း မဲစာရင်းစောင့်ကြည့်လေ့လာနေသူတို့က ပြောသည်။ ကွမ်းသမားနှင့် ကိုဗစ် “ကျွန်မတို့ မဲရုံတွေကို လိုက်မေး ကြည့်တယ်။ ဘယ်နှဦးလာကြည့်ပြီး ပြီလဲ။ ဘယ်လောက်ပြင်ရလဲ။ တချို့နေရာဆိုရင် ငါးယောက်လာကြည့်တာ သုံးယောက်က ပြင်ရတယ်။ အဲလိုမျိုး ရှိတယ်” ဟု မဲစာရင်းကြည့်ရေး ကမ်ပိန်း လုပ်နေသည့် မခိုင်ခိုင်လဲ့မြင့်က ပြောသည်။ ပထမအကြိမ် မဲစာရင်းကို ဇူလိုင် လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ ထိ ၁၄ […]

၀န်ကြီးချုပ်ဟောင်း ဦးမြတ်ကိုနှင့် တွေ့ဆုံခြင်း

diz_admin

August 5, 2020

ဦးမြတ်ကို ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရ လက်ထက်မှာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားပြီးတဲ့နောက် တနင်္သာရီတိုင်း နိုင်ငံရေး ရပ်ဝန်းမှာ မတွေ့ရသလောက်ဖြစ်သွားခဲ့ပါတယ်။ အခုတော့ လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လည် အရွေးခံဖို့ ရှိနေပါတယ်။ တိုင်းဒေသကြီးလွှတ်တော် ထားဝယ်မြို့နယ်မဲဆန္ဒနယ် အမှတ် ၂ အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကနေ ဝင်ပြိုင်မှာပါ။ Dawei Watch

ကွာရန်တင်းဝင်သူများ မဲပေးခွင့်ကိစ္စ အဖြေမထွက်သေး

diz_admin

August 4, 2020

ကိုဗစ်ကာလ ကွာရန်တင်းဝင်နေသူများ မဲပေးခွင့်ရရေးအတွက် မည်သို့ဆောင်ရွက်မည်ဆိုသည့် အစီအစဉ်မှာ တိတိကျကျမရှိသေးဘဲ တိုင်းအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ကွာရန်တင်းစခန်းတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ကိုဗစ်ဂယက်မှာ မည်သည့်အချိန်အထိ ရှိနေမည်ကို တိတိကျကျ မသိသေးသည့်အချိန်တွင် ကွာရန်တင်းစခန်းများတွင် အသွားအလာကန့်သတ်ထားသူများအတွက် သီးသန့်မဲရုံသတ်မှတ်မည်၊ မသတ်မှတ်မည်၊ ကြိုတင်မဲပေးခွင့်ပြုမည်၊ မပြုမည်နှင့်ပတ်သက်၍ မေးမြန်းရာ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက အထက်ပါအတိုင်း ဖြေဆိုခဲ့ခြင်းဖြစ်သည်။ ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ မဲဆန္ဒနယ်ပြင်ပရောက် အသွားအလာကန့်သတ်ထားသူများအတွက် ကြိုတင်မဲပေးခွင့် ပြုမည်ဆိုပါက ကြိုတင်ဆန္ဒမဲပေးခွင့်လျှောက်လွှာ(ပုံစံ ၁၅) ကို သြဂုတ်လ ၂၈ ရက်နေ့နောက်ဆုံးထား၍ သက်ဆိုင်ရာ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများထံ လျှောက်ထား ရမည်ဖြစ်သည်။ သို့သော် ပုံစံ(၁၅) လျှောက်ထားရန် တစ်လဝန်းကျင်သာ ကျန်သည့်အချိန်အထိ […]

မြန်မာနိုင်ငံတောင်ပိုင်းမှ ပြည်သူ ၃၀ ရာခိုင်နှုန်းခန့် မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိ

diz_admin

August 4, 2020

မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ၃၀ ရာခိုင်နှုန်းခန့်သော မဲဆန္ဒရှင်တို့အနေနှင့် မဲပေးခွင့်ဆုံးရှုံးရဖွယ်ရှိနေသည်ဟု လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ်ထံမှ သိရသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အထူးသဖြင့် မွန်နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ဒေသရှိ ပြည်သူ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသည် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ရှိမနေကြခြင်း ဖြစ်သည်။ ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ တိုင်းရင်းသားပြည်သူလူထုများ လယ်ဝယ်တွင် မှတ်ပုံတင်မရှိပါက ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးသည် အလိုလိုဆုံးရှုံးနေမည်ဖြစ်သည့်အပြင် လာမည့် ရွေးကောက်ပွဲတွင်လည်း မဲပေးပိုင်ခွင့် ဆုံးရှုံးကြရမည့်အခြေအနေရှိနေသည်ဟု အစီရင်ခံက ပြောဆိုထားသည်။ “နောက် သူတို့မှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်တာမျိုး အခွင့်အလမ်းမရကြတာလည်း ရှိပါတယ်” ဟု လွတ်လပ်တရားမျှတသည့် ၂၀၂၀ […]