BREAKING
September 20, 2024

ရွေးကောက်ပွဲ

၀န်ကြီးချုပ်လည်း မဲစာရင်းမပါ

diz_admin

August 17, 2020

မဲစာရင်းတွေ အမှားများနေတာ တနင်္သာရီတိုင်းလည်း ပါပါတယ်။ တနင်္သာရီတိုင်းမှာ မဲစာရင်း အချက်အလက်အမှားပေါင်း နှစ်သောင်းကျော်ပါတယ်။ ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ပါ မဲစာရင်းမှာ မပါတာမျိုး ရှိခဲ့ပါတယ်။ Dawei Watch TV

အုပ်ချုပ်မှုညံ့ဖျင်းသည့်အတွက် တနင်္သာရီတိုင်း ထင်သလောက် မတိုးတက်ဟု ဒေါက်တာညိုညိုသင်း ပြော

diz_admin

August 17, 2020

အုပ်ချုပ်မှုဆိုင်ရာစီမံခန့်ခွဲမှုများ ညံ့ဖျင်းသည့်အတွက် တနင်္သာရီတိုင်းသည် တိုးတက်သင့်သလောက် မတိုးတက်ခြင်းဖြစ်သည်ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။ တနင်္သာရီတိုင်းဒေသကြီးသည် သယံဇာတများ ပေါများသော်လည်း ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ညံ့ဖျင်းသည့်အတွက် ယခုအရပ်သားအစိုးရ လက်ထက်တွင် တိုးတက်သင့်သလောက် မတိုးတက်ဖြစ်သလို ယင်းမှာ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အရေးယူခံရမှုနှင့်လည်း ဆက်စပ်နေပြီး အဆိုပါဖြစ်စဉ်ကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆုံးဖြတ် ချက်ချရာတွင် နှောင့်နှေး ကြန့်ကြာသွားခြင်း၊ စီမံကိန်းနှင့် စီးပွားရေးလုပ်ငန်းအချို့ တုံ့ဆိုင်းသွားခြင်းကြောင့် ဖြစ်သည်ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။ ကိုဗစ်ရောဂါ စစ်နိုင်သည့် စက်သုံးလုံး တနင်္သာရီတိုင်းတွင် တပ်ဆင်မည် တနင်္သာရီတိုင်းကို “ဒီလောက် ချမ်းသာတဲ့တိုင်း” ဟု ၎င်းက သုံးနှုန်းသွားခဲ့ပြီး အုပ်ချုပ်ရေးစနစ်ကြောင့် ပြည်သူ လူထုအနေနှင့် တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဟု ဆိုသည်။ ယင်းအပြင် တိုင်းအတွင်း မဖြေရှင်းနိုင်သေးသည့် မြေယာပြဿနာများ၊ အလုပ်လက်မဲ့ […]

၂၀၂၀ ရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းရဲ့ ထူးခြားချက်များ

diz_admin

August 15, 2020

တနင်္သာရီတိုင်းမှာ ဝင်ပြိုင်ကြမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေရဲ့စာရင်း ထွက်ပေါ်လာပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲကထက် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မည့် ကိုယ်စားလှယ်ဦးရေ တစ်ရာကျော် တိုးလာပါတယ်။ ကိုယ်စားလှယ်လောင်းတွေအပြင် ပါတီအရေအတွက်လည်း တိုးလာတာရှိပါတယ်။ ဝန်ကြီးချုပ်တွေ အရွေးချယ်ခံကြမယ့် မဲဆန္ဒနယ်တွေအခြေအနေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေအခြေအနေ၊ အမျိူးသမီးကိုယ်စားလှယ်လောင်းတွေရေား ဘယ်လောက်ပါသလဲ စတဲ့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ထူးခြားချက်တွေကို Dawei Watch တင်ဆက်ပေးထား ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ တနင်္သာရီတိုင်းအတွက် ထူးခြားချက်များ

diz_admin

August 11, 2020

တနင်္သာရီတိုင်းတွင် ဝင်ပြိုင်ကြမည့် ပါတီအသီးသီးက ကိုယ်စားလှယ်များ စာရင်း ထွက်ပေါ်လာလေပြီ။ ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလများ၏ တင်သွင်းထားမှုအရ လာမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ် လောင်းဦးရေသည် ပြီးခဲ့သည့်ငါးနှစ်ကထက် တစ်ရာဝန်းကျင် တိုးလာသည်ကို တွေ့ ရှိရသည်။ တိုင်းအတွင်း မဲစာရင်းအချက်အလက်မှားယွင်းသူ နှစ်သောင်းကျော်၊ ဝန်ကြီးချုပ် မဲစာရင်းမပါ ယင်းအချက်မှာ ပြိုင်ဆိုင်မှုပြင်း ထန်မည့်အသွင်ကို ဆောင်နေသည်။ တနင်္သာရီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရရှိသည့် စာရင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော အချက်အလက်များကို ကိုးကား၍ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲနှစ်ခုတို့ကို နှိုင်းယှဉ်ကာ ထူးခြားချက်အချို့ကို ထုတ်နုတ် ဖော်ပြပါမည်။ ၁။ ကိုယ်စာလှယ်လောင်းဦးရေတိုးလာ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီအသီးသီးမှ ရွေးချယ်ခံရန် တိုင်းရွေး ကောက်ပွဲကော်မရှင်ထံ လျှောက်လွှာ တင်သွင်းထားသူ […]

တိုင်းအတွင်း မဲစာရင်းအချက်အလက်မှားယွင်းသူ နှစ်သောင်းကျော်၊ ဝန်ကြီးချုပ် မဲစာရင်းမပါ

diz_admin

August 11, 2020

တနင်္သာရီတိုင်းတွင် မဲစာရင်းအချက်အလက် မှားယွင်းသူ နှစ်သောင်းကျော်ရှိပြီး ယင်းတို့အထဲတွင် ဝန်ကြီးအချို့၏ အမည်စာရင်းလည်း ပါဝင်ကြောင်း တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။ ကွမ်းသမားနှင့် ကိုဗစ် မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်း မပါဝင်သဖြင့် ပုံစံ(၃)ဖြင့် တင်သွင်းလျှောက်ထားသူ ၁၂၀ဝ၀ ကျော်၊ မဲဆန္ဒရှင်စာရင်းတွင် မိဘအမည်၊ မိမိနာမည်၊ မှတ်ပုံတင်အမှတ် စသည့် အချက်အလက်မှားယွင်းမှုများကို ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်း လျောက်ထားသူ ၁၀ဝ၀ဝ ကျော်ရှိပြီး မပါဝင်သင့်သူများ ပါဝင်နေသဖြင့် ပုံစံ(၄)ဖြင့် ကန့်ကွက်လွှာတင်သွင်း လျှောက်ထားသူ ၃၀ဝ၀ ကျော်ရှိကြောင်း အထက်ပါ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြောသည်။ “မဲစာရင်းသွားကောက်တဲ့အချိန်မှာ အိမ်မှာလူမရှိဘူး၊ သော့ပိတ်ထား တယ်ဆိုတော့ ဘယ်လိုလုပ်မလဲ၊ အဲ့လိုနဲ့ မဲစာရင်းမှာ အမည်စာရင်းမပါ တာတွေဖြစ်တာပေါ့” ဟု ဆိုသည်။ […]

တရားဥပဒေစိုးမိုးရေးအပါအဝင် ပြဿနာများကို ဖြေရှင်းပေးနိုင်ရေးအတွက် တနင်္သာရီဒေသအား ရွေးချယ်ခဲ့ခြင်းဖြစ်ဟု

diz_admin

August 11, 2020

မြေယာပြဿနာများအရေး၊ အလုပ်လက်မဲ့နှင့် ရွှေ့ပြောင်းအလုပ်သမားများအရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လက်ရှိအစိုးရအတွင်း မဖြေရှင်းနိုင်ခဲ့သည့် အရေးတို့ကို နိုင်သလောက် ဖြေရှင်း ပေးနိုင်ရေးအတွက် တနင်္သာရီဒေသအား ရွေးချယ်ခြင်းဖြစ်ကြောင်း လာမည့် အထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာညိုညိုသင်းက ပြောဆိုသည်။ ၎င်းအနေနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားခြင်း ဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ် အမှတ် ၉ သည် တနင်္သာရီ မြို့နယ်တစ်ခုလုံးကို ကိုယ်စားပြုခြင်း ဖြစ်သည်။ ကွမ်းသမားနှင့် ကိုဗစ် တနင်္သာရီမြို့နယ်သည် တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဒုတိယအဆင်းရဲဆုံးမြို့နယ်ဖြစ်ပြီး သယံဇာတအရင်းမြစ် များရှိသော်လည်း တိုးတက်သင့်သလောက် မတိုးတက်သည့်အတွက် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်ဟု ဒေါက်တာညိုညိုသင်း က ဆိုသည်။ ယင်းအပြင် တနင်္သာရီမြို့သည် […]