တိုင်းလွှတ်တော်ဥက္ကဋ္ဌ အခြား မသွားပါ
diz_admin
July 27, 2020ဦးခင်မောင်အေး ပြန်မပါလာခြင်း ဗဟိုက ရွေးချယ်မှု ဟုဆို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ NLDပါတီ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းစာရင်းတွင် မပါသော်လည်း အခြားပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအနေနှင့် ရွေးကောက်ပွဲဝင်ရန် မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားလိုက်သည်။ လက်ရှိ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ထားဝယ်မြို့နယ်မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ပြိုင်ရန် လျှောက်ထားခဲ့သူ ဖြစ်သည်။ ကိုယ်စားလှယ်လောင်းလျှောက်လွှာ များကို မြို့နယ်အဆင့်ရွေးချယ်ရာတွင် ပထမဦးစားပေးအဖြစ် ရွေးချယ်ခံရသော်လည်း ကိုယ်စားလှယ်လောင်းစာရင်းထုတ်ပြန်ရာတွင် ဦးခင်မောင်အေးအစား ဒုတိယ ဦးစားပေးနေရာမှ ဒေါ်မိုးမိုးသူကို ရွေးချယ်လိုက်သည်။ ထိုကြောင့် တိုင်းအလုပ်အမှုဆောင်အဖွဲ့က ကိုယ်စားလှယ်လောင်းစာရင်းကို အပြောင်းအလဲလုပ်ခဲ့သည်ဆိုသည့် သတင်းများထွက်ပေါ်လာခဲ့သည်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် […]