BREAKING
September 20, 2024

ရွေးကောက်ပွဲ

မဲဆွယ်ကာလကို ရက်ကပ်မှထုတ်ပြန်သဖြင့် ပါတီများ အခက်တွေ့ဟုဆို

diz_admin

September 15, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် မဲဆွယ်စည်းရုံးရေးကာလကို ရက်ကပ်ပြီးထုတ်ပြန်သောကြောင့် မဲဆွယ်စည်းရုံးရန်အတွက် အခက်တွေ့ စေသည်ဟု နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။ နိုင်ငံရေးပါတီများသည် ကော်မရှင်က မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ် ထုတ်ပြန်ပြီးမှသာ မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ချမှတ်ရ မည့်အနေအထားဖြစ်သည့်အတွက် ယခုလို ရက်ကပ်ပြီးမှ ထုတ်ပြန်ခြင်းမှာ ပြင်ဆင်ရန် အချိန်အခက်အခဲရှိသည်ဟု မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လရီတမက ပြောသည်။ “အမှန်မှာဆို လွန်ခဲ့တဲ့တစ်လလောက် က ထုတ်ပြန်သင့်တယ်။ အဲဒါမှ မဲဆွယ် စည်းရုံးရေးအတွက် ပြင်ဆင်ချိန်ရမယ်” ဟု နိုင်လရီတမက ပြောသည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကို စက်တင်ဘာ ၈ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ သတ်မှတ်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ထိုသို့ကြေညာမှုသည် မဲဆွယ်စည်းရုံးရေ စတင်နိုင်သည့် စက်တင်ဘာ […]

မြိတ်ခရိုင် ၈၈ မျိုးဆက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေး

diz_admin

September 15, 2020

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို မြိတ်ခရိုင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းက ဦးဆောင်ပြီး စက်တင်ဘာ လ ၅ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့အစည်း၏ လူထုဆက်ဆံရေး တာဝန်ခံ ဦးလှမော်ထံမှ သိရသည်။ အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် ဆောင်ပုဒ်များ၊ ရွေးကောက်ပွဲဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများ၊ ရွေးကောက်ပွဲဥပဒေအကြောင်းနှင့် ခိုင်လုံမဲနှင့်ပတ်သက်သည့်အကြောင်းအရာများပါဝင်ကြောင်း ၎င်းက ပြောကြားသည်။ မြိတ်ဆေးရုံကြီးတွင် ကိုဗစ်ပိုး စစ်ဆေးနိုင်တော့မည် ထို့ပြင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအရေအတွက်၊ ပါတီတို့၏ ခေါင်းဆောင်၊ ပါတီအသီးသီးတို့၏ ကိုယ်စားပြု အမှတ်တံဆိပ်နှင့် နောက်ခံအချက်အလက် စသည်တို့အား ကွဲကွဲပြားပြားဖြစ်စေရန် ရှင်းလင်းပြောပြပေးခဲ့ကြောင်း လူထုဆက်ဆံရေး တာဝန်ခံ ဦးလှမော်က ပြောပြသည်။ ရွေးကောက်ပွဲဆိုင်ရာ […]

ရွေးကောက်ပွဲဝင်ရန် စည်ပင်ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်

diz_admin

September 11, 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်စဉ်က သရက်ချောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် အရွေးခံခဲ့ရသည့် ဦးသန်းမြင့်သည် လာမည့်ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) မှ ရွေးကောက်ပွဲဝင်ရန်အတွက် စည်ပင်သာယာဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်သည်။ ဦးသန်းမြင့်သည် ၂၀၁၀ မှ ၂၀၂၀ နှစ်ဦးပိုင်းအထိ သရက်ချောင်းမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌတာဝန်ကို နှစ်ကြိမ်ဆက် အရွေးခံခဲ့ရသူ ဖြစ်သည်။ COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ စည်ပင်ကော်မတီတွင် တာဝန် မထမ်းဆောင်ခင်အချိန်က သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မြို့နယ်အဆင့် ထိပ်ပိုင်းခေါင်းဆောင် (EC အဖွဲ့ ဝင်) တစ်ဦးဖြစ်သည်။ စည်ပင်ကော်မတီဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံလိုက်ရသောအခါ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဆိုသည့်အတွက်ကြောင့် ပါတီမှနုတ်ထွက်လိုက်ရပြီး ၂၀၁၅ ရွေးကောက်ပွဲကာလက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဝင်အဖြစ်နှင့် ရွေးကောက်ပွဲဝင်ရန် စိတ်ကူးရှိခဲ့သော်လည်း […]

မွန်တွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၃၀၂ ဦးရှိ

diz_admin

September 11, 2020

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း ၃၀၂ ဦးကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က အတည်ပြုထုတ်ပြန်လိုက်သည်။ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် မွန်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း ၃၀၆ ဦး အမည်စာရင်း တင်သွင်းခဲ့သော်လည်း အမျိုးသားလွှတ်တော်မှ ၁ ဦး၊ ပြည်နယ်လွှတ်တော်မှ ၁ ဦးနှင့် ဗမာတိုင်းရင်းသား ၁ ဦး စုစု ပေါင်း ၃ ဦးတို့သည် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းထားမှုမှ ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။ ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ ၎င်း အပြင် သက်ဆိုင်ရာလွှတ်တော်ရွေး ကောက်ပွဲဥပဒေပုဒ်မတို့နှင့် ကိုက်ညီမှု မရှိသည့်အတွက် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ် တော်နေရာတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင် သွင်းထားသူတစ်ဦးကိုလည်း […]

မဲပေးသူများသည့် မဲရုံများအတွက် မဲရုံအဖွဲ့ဝင်များ တိုးခန့်မည်

diz_admin

September 10, 2020

ကိုဗစ် စည်းကမ်းချက်နှင့်အညီ မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်များသည့် မဲရုံများတွင် မဲရုံအဖွဲ့ဝင်များကို အဆိုင်းများခွဲကာ တိုးမြှင့်ခန့်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။ ကိုဗစ်ကာလတွင် (Social Distancing) တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာမှ နေကာ မဲပေးရမည်ဖြစ်သောကြောင့် အချိန်လုံလောက်မှုရှိစေရန်အတွက် ယင်းသို့ စီစဉ်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံး ဥက္ကဋ္ဌ ဦးသန်းညွှန့်က ပြောသည်။ ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ “ဘယ်လို အဆိုင်းတိုးမယ်ဆိုတာ အသေးစိတ်ကတော့ မရှိသေးဘူး။ အောက်ကနေ ပြန်တက်လာတဲ့အပေါ်မူ တည်ပြီးလုပ်ပေးမယ်” ဟု ၎င်းက ပြောသည်။ မဲဆန္ဒရှင် တစ်ထောင်ရှိသည့် မဲရုံတွင် အဖွဲ့တစ်ဖွဲ့၊ တစ်ထောင်ထက်ပိုပါက အဖွဲ့နှစ်ဖွဲ့၊ နှစ်ထောင်ထက်ပိုပါက သုံးဖွဲ့ ချထားပေးရန် စီစဉ်နေခြင်း ဖြစ်သည်။ အဖွဲ့များ တိုးပေးနိုင်ရန်အတွက် […]

ပါတီလေးခုမှ ကိုယ်စားလှယ်လောင်းလေးဦး ရွေးကောက်ပွဲဝင်ခွင့်မရ

diz_admin

September 4, 2020

တနင်္သာရီတိုင်းအတွင်း ဝင်ရောက် အရွေးခံရန် လျှောက်ထားသည့် ကိုယ်စားလှယ်လောင်းလေးဦးမှာ လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် ငြိစွန်းနေသဖြင့် ရွေးကောက်ပွဲဝင်ခွင့်မပြုဘဲ ပယ်ဖျက်လိုက်ကြောင်း တိုင်းရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ ပယ်ဖျက်ခံလိုက်ရသူလေးဦးမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်နေရာတွင် ဝင်ပြိုင်ရန်လျှောက်ထား သူနှစ်ဦးနှင့် အမျိုးသားလွှတ်တော်အတွက် ဝင်ပြိုင်ရန်လျှောက်ထားသူနှစ် ဦး စုစုပေါင်း လေးဦးဖြစ်သည်။ တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၂၁ ဦး ရခိုင်တွင် စေတနာ့ဝန်ထမ်းလုပ်ရန် စာရင်းပေးထား အမျိုးသားလွှတ်တော်တွင် ဝင်ပြိုင် ရန်လျှောက်ထားသူ နှစ်ဦးမှာ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ(PP) မှ မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁၁ မှ ဒေါ်ယုယခင်၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၆ မှ ဦးကျော်ကျော်ဦး တို့ဖြစ် […]