BREAKING
September 20, 2024

ရွေးကောက်ပွဲ

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ

diz_admin

September 26, 2020

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆန္ဒနယ်အမှတ် ၁- ခုနစ်ဦး၁။ ဦးကျော်သန်း(ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ-UBP)၂။ ဒေါ်ခင်ခင်ဝေ(မွန်ညီညွတ်ရေးပါတီ-MUP)၃။ ဒေါ်ချိုဝင်း(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ-တစည)၄။ ဦးလှအေး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP)၅။ ဦးဝေဇင်(ညီညွတ်သောဒီမိုကရက်တစ်ပါတီ-UDP)၆။ ဒေါက်တာဝင်းထိန်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD)၇။ ဦးဝင်မောင်(ခ) ဦးဖော်စူရာမ်(ပြည်ထောင်စုလယ်သမားအလုပ်သမား အင်အားစုပါတီ-UFLFP) မဲဆန္ဒနယ်အမှတ် ၂- လေးဦး၁။ ဦးခင်မျိုးဝင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD)၂။ ဦးဇင်မောင်ဦး(ညီညွတ်သောဒီမိုကရက်တစ်ပါတီ-UDP)၃။ ဦးထွန်းအေး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP)၄။ ဦးသန်းဆွေ(ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ-UBP) မဲဆန္ဒနယ်အမှတ် ၃- ခြောက်ဦး၁။ ဒေါ်ခင်သန်းအေး(ညီညွတ်သောဒီမိုကရက်တစ်ပါတီ-UDP)၂။ ဒေါ်ချိုချိုလွင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD)၃။ နော်ချောချောဝေ(ကရင်ပြည်သူ့ပါတီ-KPP)၄။ ဦးမြင့်သိန်း(ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ-UBP)၅။ ဦးယုနိုင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP)၆။ ဦးအောင်မျိုး(ပြည်သူ့ရှေ့ဆောင်ပါတီ-PPP) မဲဆန္ဒနယ်အမှတ် ၄ – ငါးဦး၁။ ဦးဇေယျာစိုး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD)၂။ ဦးထွန်းထွန်း(ညီညွတ်သောဒီမိုကရက်တစ်ပါတီ-UDP)၃။ ဦးမောင်စိန်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP)၄။ ဦးယူသိန်း(ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ-UBP)၅။ ဒေါ်သန်းသန်းနွယ်(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ-NDF) မဲဆန္ဒနယ်အမှတ် ၅ – လေးဦး၁။ ဦးနေမျိုး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP)၂။ ဦးမြင့်သိန်း(ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ-UBP)၃။ ဦးသီးလွင်(ညီညွတ်သောဒီမိုကရက်တစ်ပါတီ-UDP)၄။ ဒေါ်ဥမ္မာခင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD) မဲဆန္ဒနယ်အမှတ် ၆- ငါးဦး၁။ ဦးစိုးထွေး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP)၂။ ဦးဌေးလွင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD)၃။ ဦးထင်ကျော်(ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ-UBP)၄။ ဦးလှထွန်း(ညီညွတ်သောဒီမိုကရက်တစ်ပါတီ-UDP)၅။ ဦးဝင်းရှိန်(တစ်သီးပုဂ္ဂလ-I) မဲဆန္ဒနယ်အမှတ် […]

ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးစောဟာဗီနှင့် တွေ့ဆုံခြင်း

diz_admin

September 25, 2020

ဦးစောဟာဗီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တနင်္သာရီတိုင်းအစိုးရအဖွဲ့တွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကရင်ပြည်သူ့ပါတီ(KPP) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ ၎င်းသည် လက်ရှိတွင် ကရင်ပြည်သူ့ပါတီ တနင်္သာရီတိုင်းအလုပ်မှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ပြီး လာမည့်ရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးခံမည်ဖြစ်သည်။ ဦးစောဟာဗီနှင့် တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ပါသည်။ ဒက္ခိဏ။ ။ ပထမဆုံးအနေနဲ့ လာမယ့်ရွေး ကောက်ပွဲမှာ ဘာကြောင့်ဝင်ပြိုင်ဖြစ်တယ်ဆိုတာ ပြောပြပေးပါခင်ဗျ။ ဦးစောဟာဗီ။ ။ တနင်္သာရီတိုင်းမှာ ကရင် တိုင်းရင်းသား နှစ်သိန်းလောက်ရှိတယ်။ ကရင်ပါတီ လည်းရှိတယ်။ ဝင်မပြိုင်ဘူးဆိုရင် တစ်ခု လိုနေပြီပေါ့။ ကရင် တစ်ယောက်မှ မရှိတဲ့ တိုင်းမှာတော့ မဝင်ဘူးပေါ့။ ကရင်နှစ်သိန်းလောက်ရှိတာကိုး။ သူတို့မှာ လိုအပ်ချက်တွေအများကြီးရှိတယ်။ […]

ကွာရန်တင်းဝင်နေသူများ ကြိုတင်မဲပေးရမည်

diz_admin

September 25, 2020

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွင် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ ခုနစ်မျိုးစာရင်းတွင် ကွာရန်တင်းဝင်နေ ရသူများမပါဝင်ပေ။ သို့သော် ရွေးကောက်ပွဲကျင်းပတော့မည့်အချိန်တွင် ကွာရန်တင်းဝင်နေ ရသူများအနေဖြင့် နည်းလမ်းနှစ်မျိုး ဖြင့် ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောသည်။ ပထမဆုံးအနေဖြင့် မိမိမဲဆန္ဒနယ် မြေအတွင်းပင် ကွာရန်တင်းဝင်နေသူများ (ဥပမာ- ထားဝယ်မြို့နယ်တွင်နေထိုင် သူများသည် ထားဝယ်မြို့နယ်အတွင်းပင် ကွာရန်တင်းဝင်နေရသူ) ဖြစ်ပါက ရွေးကောက်ပွဲကျင်းပရန် နှစ်ရက်အလိုတွင် ကြိုတင်မဲထည့်ရမည် ဖြစ်သည်။ လာမည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်တိုင် လုပ်ငန်းမလုပ်တော့ဟုဆို သက်ဆိုင်ရာ ရပ်/ကျေးမဲရုံမှ တာဝန်ရှိသူနှစ်ဦးက ကွာရန်တင်းစင်တာအတွင်း လာရောက်ပြီး မဲထည့်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းညွန့် က ပြောသည်။ ဒုတိယအနေဖြင့် မဲဆန္ဒနယ်ပြင်ပတွင်(ဥပမာ- မြိတ်မြို့နယ်တွင် နေထိုင်သူများ ထားဝယ်တွင်ကွာရန်တင်းဝင်နေ ရသူ) ဖြစ်ပါက ကြိုတင်မဲပေးခွင့်ရရေးအတွက် သက်ဆိုင်ရာကွာရန်တင်းတာဝန်ခံများက ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ကွာရန်တင်းစခန်းတာဝန်ခံများသည် […]

တနင်္သာရီတိုင်းဒေသကြီးမှ မဲဆန္ဒနယ်များ

diz_admin

September 16, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့အတွက် မဲသုံးပြား ပေးရမည်ဖြစ်သည်။ ထိုလွှတ်တော် သုံးရပ်အတွက် လာမည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း မဲဆန္ဒနယ်များ ခွဲထားပုံကို ကြည့်ရှုနိုင်ပါသည်။

မွန်ပြည်နယ်တွင် ဝင်ပြိုင်ကြမည့် ပါတီကြီးအချို့ အပြိုင်စတင်မဲဆွယ်

diz_admin

September 16, 2020

မွန်ပြည်နယ်တွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနက်မှ အင်အားကြီး ပါတီတချို့မှာ စက်တင်ဘာ ၈ ရက်နေ့တွင် အပြိုင်အဆိုင် စတင်မဲဆွယ်နေကြပြီ ဖြစ်သည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလကို စက်တင်ဘာ ၈ ရက်နေ့ကစပြီး ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး မွန်ပြည်နယ်တွင် လွှတ်တော် မဲဆန္ဒ ၄၅ နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ယင်းနေ့ကပင် မဲဆွယ်စည်း ရုံးရေး စတင်လုပ်ဆောင်ခဲ့သည်။ “ဒီနေ့ကတော့ ကျွန်တော်တို့ မဲ ဆန္ဒရှင်တွေဆီတော့ မသွားသေးဘူး ခင်ဗျ။ ဒီနေ့ကတော့ ရပ်ကွက်အလိုက် ကျေးရွာအလိုက်ကို ကျွန်တော်တို့ ပါတီ ဝင်အင်အားတွေ စုပြီးတော့ လူမှုအကျိုး ပြုလုပ်ငန်းတွေလုပ်ပါဆိုပြီး အဲဒါနဲ့ စပါတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ပြည်နယ်မှ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦး က […]