BREAKING
September 20, 2024

ရွေးကောက်ပွဲ

လူစုလူဝေးနှင့် မဲဆွယ်ခြင်းကို မွန်ညီညွတ်ရေးပါတီ ဆိုင်းငံ့

diz_admin

October 4, 2020

ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလာသည့် လတ်တလော အခြေအနေကြောင့် မွန်ညီညွတ်ရေးပါတီ အနေနှင့် လူစုလူဝေးဖြင့် လှည့်လည် မဲဆွယ်စည်းရုံးခြင်းကို စက်တင်ဘာ ၂၀ ရက်နေ့မှစပြီး ခေတ္တဆိုင်းငံ့လိုက်ကြောင်း ပါတီခေါင်းဆောင်တို့က ပြောသည်။ ထိုသို့ဆိုင်းငံ့လိုက်မှုကို ပါတီဗဟိုမှ သက်ဆိုင်ရာပါတီအဆင့်ဆင့်၊ ထိုမှ တစ်ဆင့် ကိုယ်စားလှယ်လောင်းတို့အား ညွှန်ကြားထားသည်ဟု မွန်ညီညွတ်ရေးပါတီ၊ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး (ဗဟို) တွဲဘက်အတွင်းရေးမှူး မင်းအောင်မွန် က ပြောသည်။ ပြည်ပရောက် မွန်ပြည်နယ်သား ၁၂၂၀ဝ ကျော် ကြိုတင်မဲပေးနိုင်မည် ပါတီဆိုင်းဘုတ်ထောင်ခြင်း၊ ပါတီ အောင်နိုင်ရေးဆိုင်းဘုတ် ထောင်ခြင်းတို့ကိုလည်း လူအင်အားအနည်းဆုံးဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်တို့မှ ထုတ်ပြန်ချက်များနှင့်အညီ လုပ်ဆောင်ကြရန်လည်း ပါတီဗဟိုက ညွှန်ကြားထားသည်။ လက်ရှိအနေအထားအရ မဲဆွယ်စည်းရုံး လုပ်ဆောင်ရန် မဖြစ်နိုင်သည့် အနေအထားကြောင့် မဲဆွယ်စည်းရုံးရေး […]

ပြည်ပရောက် မွန်ပြည်နယ်သား ၁၂၂၀ဝ ကျော် ကြိုတင်မဲပေးနိုင်မည်

diz_admin

October 4, 2020

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်ပသို့ တရားဝင် ရောက်ရှိနေသည့် မွန်ပြည်နယ်သားများအနက် ကြိုတင်မဲပေးမည့်သူ ၁၂၂၀ဝ ကျော်ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။ ပြည်ပသို့ ရောက်ရှိနေကြသည့် မွန်ပြည်နယ်သား ကြိုတင်မဲပေးလိုသူ ၁၃၀ဝ၀ ကျော်၏ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ခံရရှိခဲ့သော်လည်း ၁၂၂၀ဝ ကျော်သာ မဲစာရင်းတွင် ဖြည့်သွင်းနိုင်သည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။ ရွေးကောက်ပွဲ မဲရုံဝန်ထမ်းများ မရွေးရသေး “ပို့လိုက်တဲ့စာရင်းတွေမှာ ထပ်စာရင်းတွေ ၇၀ဝ ကျော်ပါတယ်။ နောက် လိပ်စာမှားရောက်လာတာရှိတယ်။ နောက် ပုံစံ (၁၅) နဲ့ လျှောက်ပြီးတော့ နေရပ်ပြန် ရောက်လာတာရှိတယ်။ ဒါတွေကို ဖယ်လိုက်ရင် ကျွန်တော်တို့ ဖြည့်သွင်းတာ […]

ရွေးကောက်ပွဲ မဲရုံဝန်ထမ်းများ မရွေးရသေး

diz_admin

October 2, 2020

နိုဝင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ ရပ်/ကျေး မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်း မရွေးချယ်ရသေးကြောင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ လတ်တလောတွင် မဲရုံစာရင်းကို ပြင်ဆင်နေဆဲသာရှိသေးသဖြင့် မဲရုံဝန်ထမ်းရွေးချယ်ခြင်း၊ သင်တန်းပေးခြင်း ကိစ္စများကို မဆောင်ရွက်သေးကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းညွန့်က ပြောသည်။ စည်းကြပ်မှုလွတ်ကင်းငွေများ အခွန်ပေးသွင်းခြင်းကို ဒီဇင်ဘာလကုန်အထိ ခွင့်ပြု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပို့ချသည့် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို တိုင်းရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းများက တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ မဲရုံဝန်ထမ်းအား ဆင့်ပွားသင်တန်း ထပ်မံပို့ချရမည်ဖြစ်သည်။ လက်ရှိတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှလည်း သင်တန်းတက်ရန် အကြောင်းမကြားသေးကြောင်း ဦးသန်းညွန့်က ပြောသည်။ “မဲရုံဝန်ထမ်းကတော့ ကျောင်း ဆရာ၊ ဆရာမတွေကိုရွေးပြီးခန့်ထားပြီးမှ သင်တန်းပေးရတာတွေရှိတာလေ။ အခုက အဲဒီအဆင့်ကိုမရောက်သေးဘူး” ဟု ၎င်းက ဆိုသည်။ […]

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ထားဝယ်ပါတီက ဝင်ပြိုင်မဲ့ ဦးကျော်မင်းထိုက်

diz_admin

September 29, 2020

တနင်္သာရီတိုင်းထဲမှာ မဲပေးရွေးချယ်တဲ့ လွှတ်တော် မဲဆန္ဒနယ် ၄၃ နေရာ ရှိပါတယ်။ အဲဒီ ၄၃ နေရာအတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ပြိုင်မှာပါ။ ဝင်ပြိုင်သူတွေကို မဲဆန္ဒရှင်တွေ အကဲဖြတ်နိုင်ဖို့ သူတို့ရဲ့ အသံတွေကို ဖော်ပြပေးနေပါတယ်။ အခုကတော့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ထားဝယ်တိုင်းရင်းသားများပါတီက ဝင်ပြိုင်မဲ့ ဦးကျော်မင်းထိုက် ဖြစ်ပါတယ်။ သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ပြိုင်မှာပါ။

ကရင်ပြည်သူ့ပါတီက ဝင်ပြိုင်မဲ့ စောလူဘွေးဒို

diz_admin

September 29, 2020

တနင်္သာရီတိုင်းထဲမှာ မဲပေးရွေးချယ်တဲ့ လွှတ်တော် မဲဆန္ဒနယ် ၄၃ နေရာ ရှိပါတယ်။ အဲဒီ ၄၃ နေရာအတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ပြိုင်မှာပါ။ ဝင်ပြိုင်သူတွေကို မဲဆန္ဒရှင်တွေ အကဲဖြတ်နိုင်ဖို့ သူတို့ရဲ့ အသံတွေကို ဖော်ပြပေးနေပါတယ်။ အခုကတော့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်သူ့ပါတီက ဝင်ပြိုင်မဲ့ စောလူဘွေးဒို ဖြစ်ပါတယ်။ ထားဝယ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ပြိုင်မှာပါ။

တနင်္သာရီတိုင်းမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ

diz_admin

September 29, 2020

တနင်္သာရီတိုင်းထဲမှာ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွေအကြောင်းနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ မိတ်ဆက်ပေးထားပါတယ်။