BREAKING
September 20, 2024

ရွေးကောက်ပွဲ

တိုင်းအတွင်းက ကိုယ်စားလှယ်လောင်းများ ဘုန်းကြီးကျောင်းထွက်မှသည် ပါရဂူအထိ

diz_admin

October 14, 2020

၂၀၂၀ ရွေးကောက်ပွဲအလွန် တနင်္သာရီတိုင်းရဲ့ အနာဂတ် လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးစတဲ့ အရေးပေါင်းများစွာကို ဦးဆောင်မယ့် နိုင်ငံရေးသမားတွေကို တိုင်းသူ၊ တိုင်းသားတွေက များမကြာမီ ရွေးချယ်ကြရတော့မှာပါ။ အဲဒီအရေးပေါင်းများစွာကို ဦးစီးဦးဆောင်ပြုဆောင်ရွက်ရာမှာ၊ ဆုံးဖြတ်ချက်တွေ ချရာမှာ စွမ်းဆောင်ရည်တွေ ပြည့်ဝဖို့က အရေးကြီးပါတယ်။ အခုရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့်သူတွေမှာ ဘယ်လို အရည်အသွေးမျိုးတွေ ရှိနေသလဲ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ ပါတီအသီးသီးကနေရော၊ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်ရော စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၆၈ ဦးရှိပါတယ်။ အဲဒီအထဲမှာ ဘုန်းကြီးကျောင်း ထွက်ကနေ ပါရဂူအဆင့်အထိ ပညာအရည်အချင်းအမျိုးမျိုး ပါဝင်နေပါတယ်။ ဘယ်ပညာရည်အဆင့်က ဘယ်လောက်ဦးရေပါနေပါသလဲ။ အခြေခံပညာ မူလတန်းအဆင့် (လေးတန်း)သာရှိတဲ့ ကိုယ်စားလှယ်လောင်း ခြောက်ဦးရှိပါတယ်။ အလယ်တန်းအဆင့်ရှိသူက ၂၈ ဦးနဲ့ အထက် […]

လူတစ်သိန်းကျော်ကို တစ်ပတ်အတွင်း အိမ်တိုင်ရာရောက် မဲစာရင်း စစ်ပေး

diz_admin

October 12, 2020

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ယင်း မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်တစ်သိန်တစ် သောင်းကျော်ကို တစ်ပတ်အတွင်းအပြီး အိမ်တိုင်ရာရောက် မဲစာရင်း လိုက်လံစစ်ဆေးပေးခဲ့ကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ မဲဆန္ဒရှင်စာရင်း နောက်ဆုံး ကြေညာထားသည့်အချိန် အောက်တိုဘာလ ပထမအပတ်အတွင်း မဲဆန္ဒရှင်စာရင်းများကို အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေးပေးခဲ့ခြင်းဖြစ်သည်။ ကိုဗစ်ကာလ ရန်ကုန်တွင်နေရန် ခက်သောကြောင့် စက်ဘီးစီးပြန်လာသူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ညှိနှိုင်းပြီး ရပ်ကျေးအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများ ပူးပေါင်းပြီး လိုက်လံစစ်ဆေးပေးခဲ့ခြင်းဖြစ်ကြောင်း ရေဖြူမြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဇင်မာအောင်က ပြောသည်။ ပိုမိုတိကျသည့် မဲစာရင်းရရှိနိုင်ရန်အတွက် ယင်းကဲ့သို့ အိမ်တိုင်ရာရောက် မဲစာရင်းစစ်ပေးခြင်းကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ “အခုလို အိမ်တိုင်ရာရောက်လိုက်ကောက်၊ လိုက်စစ်ပေးရတာ ပိုပြီးတော့ တိကျတယ်။ […]

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ အသံ

diz_admin

October 11, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း ပါတီ ၁၄ ခုမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းတို့အနက်မှ ၄၃ ဦးသာ ရွေးချယ်ခံရမည်ဖြစ်သည်။ထိုကဲ့သို့ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ အချို့ကို တနင်္သာရီအပတ်စဉ်ဝိုင်းတော်သားများက ရွေးချယ်ပြီး ၎င်းတို့၏ ရည်မှန်းချက်၊ ရှုမြင်ထားသည့် ပြဿနာများနှင့်ပတ်သက်၍ ချဉ်းကပ်ဖြေရှင်းမည့်စိတ်ကူး စသည့် အကြောင်းအရာများအား မဲဆန္ဒရှင် စာဖတ်သူများ လေ့လာအကဲဖြတ်နိုင်စေရန် ကိုယ်စားလောင်းများနှင့် တွေ့ဆုံ၊ ဆက်သွယ်မေးမြန်းထားမှုများအား ဖော်ပြလိုက်သည်။ ယခုအပတ်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးကို မေးမြန်းတင်ဆက်ထားပါသည်။ ဦးအောင်မျိုး၊ မွန်ညီညွတ်ရေးပါတီ (MUP) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း၊ မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် -၂ မေး- လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ ကိုယ့်တိုင်းအတွင်းမှာ […]

မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် ပညာရေးဝန်ထမ်း ၁၅၀ဝ၀ ကျော် လျာထား

diz_admin

October 10, 2020

မွန်ပြည်နယ်အတွင်း ထားရှိမည့် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ပညာရေးဝန်ထမ်း ၁၅၀ဝ၀ ကျော် လျာထားသည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ ၎င်းတို့အနက် မဲရုံမှူးတာဝန်အတွက် ၉၅၈ ဦး၊ ဒုမဲရုံမှူးအတွက် ၉၅၅ ဦးနှင့် မဲရုံအဖွဲ့ဝင်အတွက် ၁၃၇၁၇ ဦး ပါဝင်သည်ဟု ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။ မွန်ပြည်နယ်တွင် မဲရုံပေါင်း ၉၇၃ ရုံကို လျာထားပြီး ၈၄၀ ကျော်မှာ အခြေခံ ပညာကျောင်းများဖြစ်သည်။ ယင်းတို့အတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်မှုများ အဆင်သင့်လုပ်ဆောင်ထားသည်ဟု ပြည်နယ် ပညာရေးမှူးက ပြောသည်။ “ကျောင်းပြန်ဖွင့်ဖို့ ပြင်ဆင်ချိန် ကတည်းကိုက ကျောင်းတွေမှာ (ကူးစက် ရောဂါ) ကြိုတင်ကာကွယ်တဲ့စနစ်တွေ၊ ဘေစင်ကအစ အကုန်လုံးပေါ့။ ကျွန်မတို့မှာ အဆင်သင့်ရှိပါတယ်” ဟု ဒေါက်တာ […]

တိုင်းအတွင်း မဲရုံဝန်ထမ်း တစ်သောင်းခြောက်ထောင်ကျော် ထားမည်

diz_admin

October 8, 2020

လာမည့် ရွေးကောက်ပွဲအတွက် တိုင်းအတွင်းရှိ မဲရုံများတွင် မဲရုံဝန်ထမ်း တစ်သောင်းခြောက်ထောင်လေးရာကျော် ထားရှိမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ တိုင်းအတွင်း မဲရုံပေါင်း ၁၂၀ဝ ကျော်ရုံရှိပြီး မဲရုံဝန်ထမ်းအများစုမှာ ပညာရေးဌာနမှ ဆရာ၊ ဆရာမများဖြစ်သည်ဟု အထက်ပါကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမိုးက ပြောသည်။ မြိတ်တွင် တောင်သူလေးဆယ်ဦးကျော် တရားစွဲဆိုခံနေရ “ကျောင်းဆရာမ မရတဲ့နေရာမှာတော့ ရပ်ကွက်ကနေပြီးတော့ (Volunteer)) စေတနာ့ဝန်ထမ်းသဘောမျိုး သူတို့လည်း စိတ်ချယုံကြည်ရတဲ့လူမျိုးပေါ့နော်။ အဲလိုမျိုးတွေနဲ့ သူတို့ထည့်ထားတာတော့ ရှိတယ်” ဟု ဒေါ်အေးအေးမိုးက ဆိုသည်။ လက်ရှိတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအားလုံး၏ လူဦးရေစာရင်းကိုရရှိထားပြီးဖြစ်သော်လည်း ၎င်းတို့အား သင်တန်းပေးရန်ကိစ္စကိုမူ အောက်တိုဘာလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ မဲရုံတစ်ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မှင်တို့သူ၊ လုံခြုံရေးစသည့် မဲရုံဝန်ထမ်းများအပြင် […]

လျှပ်စစ်ဈေးတန်းတူရရှိရေး အပါအဝင် မိန့်ခွန်းပါအချက်များကို ဆင်ဆာဖြတ်မှု ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်ပါတီ ဝေဖန်

diz_admin

October 5, 2020

လျှပ်စစ်ယူနစ်ဈေးနှုန်း တန်းတူရရှိရေးအပါအဝင် မိန့်ခွန်းပါအချက်များကို ဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမည်ဟုပြောဆိုထားသည့် ရွေးကောက်ပွဲကော်မရှင်အား ထားဝယ် တိုင်းရင်းသားများပါတီက ဝေဖန်ပြော ဆိုလိုက်သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနေနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) မှတစ်ဆင့် ၁၅ မိနစ်စာ မဲဆွယ်မိန့်ခွန်းပြောကြားခွင့် ရရှိထားရာတွင် ထားဝယ်တိုင်းရင်းသား များပါတီ၏ ဗီဒီယိုပါ ပြောကြားချက် အချို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ဖြုတ်ပယ်ခြင်းသည် မဲဆန္ဒရှင်လူထုထံ အစီရင်ခံမည့် အကြောင်းအရာကို ကန့်သတ်လိုက်ခြင်းဖြစ်သည့်အတွက် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ခြင်းပင်ဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်း က ဆိုသည်။ လျှပ်စစ်ဈေးနှုန်းကို မြန်မာနိုင်ငံ၏ အခြားသောနေရာများနှင့် တန်းတူရရှိ ရေးကိစ္စ၊ ထားဝယ်လူမျိုးများကို ဗမာအဖြစ် လွဲမှားစွာမှတ်ပုံတင်ခံထားရသည့်ကိစ္စ စသည်တို့အပါအဝင် အချက်ရှစ်ချက်(မိန့်ခွန်း၏ လေးပုံတစ်ပုံဝန်းကျင်)ကို […]