BREAKING
September 7, 2024

ရွေးကောက်ပွဲ

ရွေးကောက်ပွဲ တစ်နှစ်ပြည့် တနင်္သာရီ

diz_admin

November 8, 2021

ခေတ်သစ်မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ အဆင့်တစ်ဆင့် ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဒီနေ့ တစ်နှစ်ပြည့်ပါပြီ။ ဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အစိုးရ ဖွဲ့နိုင်တဲ့အထိ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာလည်း လွှတ်တော် နေရာ ၄၃ နေရာစလုံး ရာနှုန်းပြည့် အနိုင်ရခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးအကြား တနင်္သာရီတိုင်းမှာ မဲပေးသူ ရာခိုင်နှုန်း ၆၆.၅ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရလဒ် ကို မျက်ကွယ်ပြုပြီး စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။ အဲဒီနောက် ကိုးလကျော်အကြာအတွင်း အမျိုးမျိုးသော အာဏာသိမ်းဆန့်ကျင်မှုတွေ နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေဆဲပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကလည်း ၂၀၂၀ ရွေးကောက်ပွဲအပြီး တစ်နှစ်အကြာ မရေရာမှုတွေနဲ့ ဆက်သွားနေရဆဲပါ။ အဲဒီအကြောင်း ရုပ်သံကို […]

ကိုယ်စားလှယ်လောင်း ၈၅ ရာခိုင်နှုန်းက ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းထား

diz_admin

December 16, 2020

မွန်ပြည်နယ်အတွင်း ရွေးကောက် ပွဲကုန်ကျစရိတ် တင်သွင်းသည့် ကိုယ်စားလှယ် ဒီဇင်ဘာ ၈ ရက်နေ့အထိ စာရင်းအရ ၂၁၉ ဦးရှိသည်ဟု ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ထံမှ သိရသည်။ ရွေးကောက်ပွဲကုန်ကျစရိတ်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲတို့မှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်တို့၏ အမည်ကို ကြေညာသည့် နိုဝင်ဘာ ၁၀ ရက်နေ့ မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်တို့ထံ တင်သွင်းရမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း ၂၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ၈၅ ရာခိုင်နှုန်းက အသုံးစရိတ်တင်သွင်းထားခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၈ ရက်နေ့ အထိစာရင်းအရ မော်လမြိုင်ခရိုင်တွင် ၉၇ ဦး၊ သထုံခရိုင်တွင် ၁၂၂ ဦးတို့က ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းထားပြီးဖြစ်သည်ဟု […]

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မွန်တွင် တရားဝင်ကန့်ကွက်မှု မရှိသေး

diz_admin

December 8, 2020

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍သော်လည်းကောင်း၊ ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှုနှင့်ပတ်သက်၍သော်လည်းကောင်း တရားဝင်ကန့်ကွက်မှု မရှိသေးကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက ပြောသည်။ ကန့်ကွက်မှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲရလဒ်များ ကြေညာသည့်နေ့မှစ၍ ၄၅ ရက်အတွင်း ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းရမည်ဖြစ်သည်။ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေနှင့် ရွေးကောက်ရလဒ်များကို နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ရက် ၂၀ ကြာသည့် နိုဝင်ဘာလကုန်အထိ ကန့်ကွက်မှု မရှိသေးကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်း လင်းထက်က ပြောသည်။ “လောလောဆယ်မရှိသေးဘူးပေါ့နော်။ တင်ဖို့ပြင်နေကြတယ်နဲ့တူတယ်” ဟု ၎င်းက ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မွန်ပြည်နယ်တွင် ကန့်ကွက်လွှာတင်သွင်း သူမရှိခဲ့သော်လည်း ယခု ရွေးကောက် ပွဲတွင်မူ ကန့်ကွက်လွှာတင်သွင်းသူရှိလာနိုင်သည်ဟု […]

ရွေးကောက်ပွဲအသုံးစရိတ် မတင်သေးသူ သုံးပုံတစ်ပုံကျန်

diz_admin

December 7, 2020

ရွေးကောက်ပွဲအသုံးစရိတ် နောက်ဆုံး တင်သွင်းရန် တစ်ပတ်သာကျန်တော့ သည့်အချိန်အထိ တနင်္သာရီတိုင်းတွင် အသုံးစရိတ်စာရင်းတင်သွင်းရန်ကျန်နေသူ ၈၀ နီးပါး(သုံးပုံတစ်ပုံ)ကျန်နေသေးကြောင်း သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့ထံမှ သိရသည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်သူများအားလုံး (တနင်္သာရီတိုင်း တွင် ၂၂၆ ဦး) သည် အနိုင်ရ ကိုယ်စားလှယ်များကို ထုတ်ပြန်ကြေညာသည့်နေ့ (နိုဝင်ဘာလ ၁၁ ရက်) မှ တစ်လအတွင်း ရွေးကောက်ပွဲမယ်ဆွယ်ကာလအတွင်း အသုံးပြုခဲ့သော အသုံးစရိတ်စာရင်းများကို သက်ဆိုင်ရာ တိုင်း၊ ခရိုင်ရွေးကောက် ပွဲကော်မရှင်များထံ တင်ပြကြရမည်ဖြစ် သည်။ ဒီဇင်ဘာလ ၄ ရက်က ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သုံးဖွဲ့အား ဆက်သွယ်မေးမြန်းကြည့်ရာ ထားဝယ် ခရိုင်တွင် ၇၀ ဦး၊ မြိတ်ခရိုင်တွင် ၆၀ ကျော်၊ ကော့သောင်းခရိုင်တွင် ၁၇ […]

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ

diz_admin

December 6, 2020

ကိုယ်စားလှယ်အသစ်များနှင့် လွှတ်တော်အသစ် မြန်မာနိုင်ငံမှာ အခြေခံဥပဒေအရ လွှတ်တော်တွေရဲ့သက်တမ်းကို ငါးနှစ် သတ်မှတ်ထားပါတယ်။ လက်ရှိလွှတ်တော်တွေရဲ့သက်တမ်းဟာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီး သုံးလ ဝန်းကျင်အကြာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့မှ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်မှာ သက်တမ်းငါးနှစ် ပြည့်မြောက်မှာပါ။ တစ်ဖက်မှာလည်း လွှတ်တော်အသစ်ရဲ့ ပထမဆုံး အစည်းအဝေးကို ရွေးကောက်ပွဲကျင်းပတဲ့နေ့ကနေ ရက်ပေါင်း ၉၀ အတွင်း ခေါ်ယူကျင်းပဖို့ ဥပဒေ ပြဋ္ဌာန်းချက်ရှိပါတယ်။ ဆိုတော့ လွှတ်တော်အသစ်ရဲ့ ပထမဆုံးအစည်းအဝေးဟာ နောက်အကျဆုံး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မတိုင်ခင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဗဟိုအဆင့် လွှတ်တော်ကြီး သုံးရပ်(ပြည်ထောင်စုလွှတ်တော်၊ […]

ဆိုင်ကယ်ပြင်သူမှသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အထိ

diz_admin

December 2, 2020

ရွေးကောက်ပွဲအကြို ထားဝယ်ဗုံးအမှု၏ ကွင်းဆက်နှင့် ပဟေဠိ ရွေးကောက်ပွဲမတိုင်မီ ထားဝယ်တွင် ထောင်ခဲ့သော ဗုံးထောင်သူ၏ ကွင်းဆက်များမှာ လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာမှ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အထိ ရှိနေသည်။ သဘော့ဆိပ်ရွာနေ ဆိုင်ကယ်ပြင်သူမှ ကျွန်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းအထိ ချိတ်ဆက်နေသည်။ ဖမ်းဆီးခံထားရသော ဗုံးထောင်သူမှာ အစည်းအဝေးရှိသည်ဟု ရွာမှပျောက်သွားလေ့ရှိသည်ဟုဆိုသည်။ ကွင်းဆက်သံသယရှိသူ လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ ယခုအချိန်ထိ အစရှာ မရသေးပေ။ ဗုံးထောင်ရသည့် အကြောင်းရင်း၊ နောက်ကွယ်မှ စေ့ဆော်မှု စသည့် အကြောင်းအရာများကိုလည်း အစိုးရက တရားဝင် မထုတ်ပြန်သေးပေ။ ရွေးကောက်ပွဲမတိုင်မီ ထားဝယ်တွင် ထောင်ခဲ့သော ဗုံးထောင်သူ၏ ကွင်းဆက်များမှာ လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာမှ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အထိ ရှိနေသည်။ သဘော့ဆိပ် ရွာနေ ဆိုင်ကယ်ပြင်သူမှ ကျွန်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအထိ […]