BREAKING
September 16, 2024

သိပ္ပံနှင့်နည်းပညာ

မြို့ ရွာတွေအလယ်ထဲက ရေတိမ်တော

diz_admin

February 20, 2020

ရုတ်တရက်ဆိုရင် မြို့ရွာထဲက အသုံးမဝင်သော မြက်တောကြီး၊ ရေအိုင်ကြီး အဖြစ်မြင်လေ့ရှိတတ်သည်။ သို့သော် Wetlandခေါ်သော ရေတိမ်တောများက မြို့တွေ ရွာတွေအတွက် မည်မျှအထိ အကျိုးထူးပေးသည်။ အကျိုးရှိသည်ကို သိရှိသဘောပေါက်သူ အနည်းငယ်သာ ရှိသည်။ ရေတိမ်တော (ရေတိမ်ဒေသ) အမျိုး အစားများတွင် အဓိကအားဖြင့် ရေကို ထိန်းသိမ်း၊ လွှတ်ထုတ်ပေးနိုင်သော ရေစိမ့်တော၊ ရွှံ့ညွှန်တော၊ စိမ့်မြေ၊ မြေဆွေးအိုင် စသည်တို့ ပါဝင်သည်။ မြို့ရွာများ ချဲ့ထွင်လိုပါက ယင်း မြက်တော၊ ရေအိုင်ကြီးများကို မြေဖို့ အဆောက်အအုံများ ဆောက်လုပ်ပစ် လိုက်တတ်ကြသည်။ ယင်းမှာ ကိုယ့် ကိုကိုယ် ဒုက္ခရောက်အောင် ပြုမူလုပ်မိ နေပြီ ဖြစ်ကြောင်း အစိုးရများ၊ မူဝါဒ ချမှတ်သူများ၊ လူပုဂ္ဂိုလ်များက မြင်နိုင် ရန် လိုပေသည်။ မြန်မြန်ဆန်ဆန် […]

သက်ရှိမျိုးစိတ်နှင့် အပင်များ မျိုးသုဉ်းပျောက်ကွယ်ရခြင်း အကြောင်းရင်း ဆယ်ချက်

diz_admin

February 6, 2020

ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးပေါ်မှာ သက်ရှိတွေဖြစ်တဲ့ ကျောရိုးရှိ၊ ကျောရိုးမဲ့ ကုန်းနေ၊ ရေနေသတ္တဝါ အထွေထွေ အပြင် သစ်ပင် ပန်းမန် မြက်ခင်းပြင်နဲ့ အသီးအနှံ အစေ့အဆန်ပေးတဲ့ အပင်တွေ၊ အဏုဇီ၀ သက်ရှိလေးတွေ၊ အကြေးအညှိ အပင်လေးတွေ အစရှိသဖြင့် အမျိုးမျိုး အပြားပြား ကုဋေကုဋာချီ ရှိတယ်ဆိုတာ လူတိုင်း သိကြမှာပါ။ သို့ပေမယ့် သည် ကမ္ဘာကြီးမှာ သက်ရှိရယ်လို စပေါ်လာတဲ့ ကမ္ဘာဦးမျိုးရင်း သက်ရှိများနဲ့ အပင်များ အများစုဟာ ပျောက်ကွယ်ကုန်ပြီဖြစ်ပါ တယ်။ ဘာကြောင့်ပါလဲ။ သည်လို သက်ရှိ သတ္တဝါတွေနဲ့ အပင်တွေ ကမ္ဘာ ပေါ်က လုံး၀ ပျောက်ကွယ်သွားတယ်။ တစ်နည်းအားဖြင့် မျိုးသုဉ်းသွားရတယ် ဆိုတာ အကြောင်းရင်းများစွာရှိပေမဲ့ သည်အထဲက သုတေသန ရှာဖွေတွေ့ရှိမှု တွေကရတဲ့ အကြောင်းရင်း […]

သစ္စာရှိ ဘောလုံးပရိသတ်တွေအတွက် ရောဂါ

diz_admin

January 30, 2020

စနေ၊ တနင်္ဂနွေမှာ ဘောလုံးပွဲစွဲစွဲမက်မက် ကြည့်တတ်သည့် ဘောပွဲချစ်သူများအတွက်တော့ သတင်းဆိုးပင်။ ဘောလုံးကစားသမားတွေထက် ဘောလုံးပွဲကြည့်သူတွေက စိတ်ဖိအား ပိုများသည်ဟု ဆိုလေသည်။ အထူးသဖြင့်တော့ အသင်းတစ်သင်းတည်းကို စွဲစွဲလမ်းလမ်းအားပေးသူတွေ သည် ကျန်းမာရေး ပိုထိနိုင်သည်ဟုဆိုသည်။ အောက်စ်ဖို့အခြေစိုက် သုတေသန အဖွဲ့တစ်ခုက ၂၀၁၄ ဂျာမနီ ကမ္ဘာ့ဖလားတွင် ဘရာဇီးပရိသတ်များကို လေ့လာချက်အရ ဘရာဇီးတို့ ဂျာမနီကို ၇ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော အကြိုဗိုလ်လုပွဲတွင် ဘရာဇီးပရိသတ်များမှာ သွေးတိုးရောဂါ နှင့် နှလုံးရောဂါ တိုးစေသော ဟိုမုန်း ဓာတ်များ မြင့်တက်လာခဲ့သည်။ ရုတ်တရက်ဆိုပါက အမျိုးသားများက ဘောလုံးပွဲပိုကြိုက်၊ ဘောလုံးပွဲ ပိုကြည့်သဖြင့် ပိုရောဂါဆိုးနိုင်သည်ဟု ယူဆနိုင်သော်လည်း ယခု ဆန်းစစ်ချက်အရ ရောဂါတိုးလာနှုန်းတွင် အမျိုးသားနှင့် အမျိုးသမီး အတူတူပင် ဖြစ်သည်။ […]

အစာ အလဟဿဖြစ်ခြင်း

diz_admin

January 21, 2020

အလှူအတန်းအတော်များများတွင် ကျွေးမွေးသော အစားအသောက် အတော်များများမှာ ပိုလျှံလေ့ရှိသည်ကို တွေ့ရသည်။ ကျွန်တော်တို့မြန်မာများ၏ စိတ်ခံကလည်း အလှူအတန်း ဆိုလျှင် ထမင်းရေချောင်းစီး လှူတတ်သည်။ အလှူတွင် အကျွေးအမွေးမလောက်ငဟု မကြားလို။ ငွေမလောက်လျှင်ပင် ချေးငှား လှူတတ်သည်။ ပိုပိုသာသာ လှူသည်။ ထို့ကြောင့်ပင်ဖြစ်မည်ထင်သည်။ အလှူတွင် အစားအသောက်များပိုလေ့ရှိ သည်။ နောက်ဆုံးတော့ ထိုအပိုများစုမှာ အမှိုက်ပုံးသို့ရောက်သွားတော့သည်။ ကျွန်တော်တို့ငယ်ငယ်က ထမင်းစားလျှင် ဖြစ်စေ မုန့်ပဲသွားရေစာ ကျွေးလျှင်ဖြစ်စေ လူကြီးများက ထမင်းလုံးမဖိတ်ဖို့၊ လိုသ လောက်သာထည့်စားဖို့၊ အစားအစာကို တန်ဖိုးထားဖို့ ထမင်းစားတိုင်း အစာစား တိုင်းတဖွဖွမှာလေ့ရှိသည်။ ထို့ကြောင့် ပင် အစားအသောက်ကို လွယ်လွယ် မလွှင့်ပစ်ရဲ။ မိမိနှင့်တန်သလောက် ချင့်ချိန်ကာ စားဖြစ်သည်။ ယနေ့ခေတ် ကလေးများ၊ ဆယ်ကျော်သက် အများစု နှင့် လူကြီးအချို့သည်ပင် […]

ကြားခံစစ်ပွဲ

diz_admin

January 15, 2020

အခုတော့ နိုင်ငံကြီးတွေက အချင်းချင်း သူတို့နယ်မြေတွင် စစ်တိုက်ခြင်း သိပ်တော့ ခေတ်မစားလှတော့ပါ။ ဥပမာ အခုဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ အီရန်တို့ဟာ စစ်ဖြစ်နေကြတယ်။ ဒါပေမဲ့ အမေရိကန် မြေမှာ အီရန် သွားတိုက်နေတာမျိုး မဟုတ်။ အီရန်မြေမှာ အမေရိကန်က သွားတိုက် နေတာမျိုးမဟုတ်ဘဲ အခြားသူတို့မြေ မဟုတ်တဲ့ နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတာမျိုး၊ ပဋိပက္ခတွေ ဖြစ်နေတာ မျိုးပါ။ အခုဆိုရင် အထင်ရှားဆုံး ဥပမာ ကတော့ ဒီနှစ်နိုင်ငံက ကြားခံနယ်မြေ တစ်ခုဖြစ်တဲ့ အီရတ်နိုင်ငံမှ စစ်ဖြစ်နေ တာပါ။ ဒါကို Proxy War (ကြားခံ စစ်ပွဲ) လို့ ခေါ်သည်။ ကြားခံစစ်ပွဲဆိုသည်မှာ နိုင်ငံ အစိုးရနှစ်ခုအကြား သို့မဟုတ် အစိုးရ မဟုတ်သော အစုအဖွဲ့များအကြား ဖြစ်ပွားနေသော […]

ကိုယ်တော်လေး ရှင်အာ

diz_admin

January 9, 2020

တရုတ်ပြည် ပေကျင်းမြို့စွန်တွင် နှစ်ပေါင်း ၅၀၀ ခန့်သက်တမ်းရှိပြီဖြစ်သည့် လောင်ကွမ်းအမည်ရဘုန်းတော် ကြီးကျောင်းတစ်ခု ရှိသည်။ ဤကျောင်းကြီးကို ခေတ်အဆက်ဆက် ဘုန်းတော်ကြီးများက သာသနာပြုရင်း ထိန်းသိမ်းလာခဲ့သည်။ စစ်ပွဲများ၊ ယဉ်ကျေးမှုတော် လှန်ရေးကဲ့သို့သော နိုင်ငံရေးလှိုင်းလုံး များကြား ကြံ့ကြံ့ခံအန်တုရင်း ဘုန်းတော်ကြီးများက ဤကျောင်းကြီးကို ထိန်းသိမ်းခဲ့သည်။ ဤနေရာသည် ဗုဒ္ဓတရားတော်များ သင်အံလေ့ကျင့်ရာဌာန၊ တရားတော်များကို လူအများသို့ရောက်အောင် ဖြန့်ဖြူးရာ ဝိဟာရ ဖြစ်သည်။ လောင်ကွမ်းကျောင်းတိုက်ကြီးသည် တရားဓမ္မများကို ဖြန့်ဝေခြင်းကို ခေတ်အဆက်ဆက်လုပ် ဆောင်ခဲ့သည်။ လောင်ကွမ်းမှ ဘုန်းတော်ကြီးများသည် တရားဓမ္မများဖြန့်ဝေခြင်း ပြုဆဲပင်ဖြစ်သော်လည်း လူအများမှာကား ဘာသာရေးကို အာရုံဝင်စားသူနည်း၍လာသည်။ အထူးသဖြင့်ငယ်ရွယ်သူများ ဖြစ်သည်။ ယနေ့ တရုတ်ကြီးသည် ရုပ်ဝတ္ထုပစ္စည်းအားဖြင့် တိုးတက်ကြွယ်ဝလာသည်။ ခေတ်သစ်မျိုးဆက်တို့သည် ဘာသာရေး၌သိပ်စိတ်မဝင်စား။ ခေတ်မီနည်းပညာနှင့် အလျှံပယ်ရလာသည့် ရုပ်ဝတ္ထုပစ္စည်းများအကြား သူတို့နစ်နေတတ်သည်။ ရှေးခေတ်ဟောင်းဘာသာရေး […]