ကိုဗစ်-၁၉ နှင့် အသက်ရှုကျပ်လာသည့် ကျေးလက် လူနေမှုဟန်ပန်
diz_admin
May 4, 2020အိမ်နီးနားချင်း အချင်းချင်း အကူး အလူး အဆက်အဆံပြု၍ မရသည့် အခြေအနေအောက်သို့ ရောက်ရှိနေသည့် အခါ ဘ၀တို့သည် အသက်ရှူကျပ်လာ ပေတော့သည်။ အထူးသဖြင့် အစိုးရဆိုသည်တို့နှင့် အဝေးဆုံးတွင် တည်ဆောက်ထားသည့် ရပ်ရွာအခြေပြု လူမှုအသိုင်းအဝိုင်းတို့ အနေနှင့် ၎င်းတို့ နှစ်ရာထောင်ချီ ထမ်းပိုး သယ်ရွက်လာခဲ့ကြသော အစဉ်အလာ လူနေမှုစနစ်သည် ကိုဗစ်-၁၉ ဟူသည့် တစ္ဆေ၏ ခြောက်လှန့်မှုကို ကြုံနေရ၏။ လက်ဆေးခြင်း၊ အိမ်ပြင် မထွက်ဘဲ သီးခြားနေထိုင်ခြင်း စသည့်နေထိုင်မှု ပုံစံသစ်သည် ယခုရက်များ အတွင်းတွင် ရုပ်မြင်သံကြားတို့မှ တစ်မျိုး၊ ရေဒီယိုတို့မှ တစ်နည်း၊ လူငယ်လူရွယ်တို့၏ လက်ကိုင် ဖုန်းများမှ တစ်ဖုံ၊ ရပ်ရွာလူကြီးတို့၏ လော်စပီကာမှထံမှ ဗလုံးဗထွေး ထွက် လာသည့် “စီအိုဗွီအိုင်ဒီနိုင်တီး သတိပေး ကြေညာခြင်း”ဆိုသည့် အော်သံမှ […]