စန္ဒာရဲ့သီတာကို ဆိုဖီယာ ရှာတွေ့
diz_admin
November 15, 2020လမင်း စန္ဒာသည် ကဗျာဆရာ၊ စာရေးဆရာ၊ တေးရေးဆရာများ၏ အစွမ်းကြောင့်ပင်လော မပြောတတ်။ လွန်စွာပင် ပျော်မွေ့ဖွယ်ရာနေရာ စိတ်ကူးယဉ် စရာကောင်းလှသည့်နေရာအဖြစ် ထင်မှတ်မိတတ်ကြသည်။ ရွှေလတွင် ယုန်ဝပ်သည့် ကဗျာ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်ဟူသော သီချင်းစာသားမျိုး လူတိုင်းနီးပါးကြားဖူးကြသည်။ သာယာနှစ်လို ကြည်နူးဖွယ် ညအခါသမယကို ဖော်ညွှန်းသော အရေးအသားမျိုးတွင် လမင်းကြီး ထိန်ထိန်သာနေသည် သို့မဟုတ် လနှင့် ဆက်စပ်ဖော်ပြကြသည်။ သို့ရာတွင်ကား ကမ္ဘာ၏ အရန်ဂြိုဟ် ဟုဆိုသော လမင်းသည် လူသတ္တဝါ အပေါင်းတို့အဖို့ နေထိုင်ရန် မဖြစ်နိုင်သော နေရာဖြစ်ကြောင်း၊ လူတို့အသက် ရှင်ရေးအတွက် မရှိမဖြစ်လိုအပ်သော ရေ၊ လေတို့ မရှိသည့်အပြင် အပူချိန်အတက်အကျမြန်ဆန်ပြင်းထန်ခြင်း၊ နေရောင်ခြည်တွင်ပါဝင်သော အန္တရာယ် ရှိရောင်ခြည်တို့ကို စစ်ပေးနိုင်သည့် မြေကမ္ဘာ၏အိုဇုန်းလွှာကဲ့သို့သော အရာမျိုးလည်း မရှိ၊ ကမ္ဘာမြေကဲ့သို့ဆွဲအားလည်း မကောင်းလှသောကြောင့် […]