BREAKING
September 8, 2024

ရုပ်သံ

ထိုင်းနိုင်ငံမှာနေရင် ဒါတွေသတိထားပါ

Dawei Watch

May 17, 2024

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ အများအပြားရှိနေပါတယ်။ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ အေးချမ်းစွာနေထိုင်နိုင်ဖို့အတွက် မတူညီတဲ့ ဓလေ့တွေနဲ့ ဆောင်ရန်၊ရှောင်ရန်တွေကို သိရှိလိုက်နာဖို့လိုအပ်လှပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ အခြေခံ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းတွေကို နားလည်သဘောပေါက်ရမှာဖြစ်ပြီး လိုက်လျောညီထွေစွာ နေထိုင်ပြောဆိုရမှာဖြစ်ပါတယ်။ ဒါမှသာ လူ့အဖွဲ့အစည်းနှစ်ရပ်အကြား ပဋိပက္ခနည်းနည်းနဲ့ အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မှာဖြစ်လို့ ထိုင်းနိုင်ငံမှာနေရင် ဘာတွေသတိထားသင့်တယ် ဆိုတာကို စုစည်းဖော်ပြလိုက်ပါတယ်။

ကြိုတင်ကာကွယ်ရမယ့် သွေးလွန်တုပ်ကွေး

Dawei Watch

May 1, 2024

မကြာခင်မှာ မုတ်သုန်ဝင်ရောက်လာပြီး မိုးရာသီကာလကို ရောက်ရှိလာတော့မှာပါ။ မိုးရာသီရောက်ပြီဆိုရင် မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးအဖြစ်များလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် တနင်္သာရီတိုင်းမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အများအပြားရှိခဲ့ပါတယ်။ သွေးလွန်တုပ်ကွေး မဖြစ်စေဖို့ ဂရုစိုက်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဝန်နဲ့အားမမျှ ဖြစ်နေတဲ့ စစ်ဘေးရှောင် ကူညီရေး

Dawei Watch

April 23, 2024

တိုက်ပွဲတွေပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ကျေးရွာပေါင်း ၈၀ လောက်က ဒေသခံ ငါးသောင်းလောက် စစ်ဘေးရှောင်နေကြရပါတယ်။ တိုက်ပွဲဖြစ်ပွားမှု များလာတာနဲ့အမျှ စစ်ဘေးရှောင်အရေအတွက်လည်း တိုးလာနေတာကြောင့် စစ်ဘေးရှောင်အကူအညီပေးရေးက ဝန်နဲ့အားမမျှဖြစ်လာနေပါတယ်။ စစ်ဘေးရှောင်တွေအတွက် အကူအညီရရှိမှုက နည်းပါးနေသလို၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေလည်း များပြားလှပါတယ်။ မကြာခင် မိုးရာသီရောက်လာတော့မှာ ဖြစ်တဲ့အတွက် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးလို ကူးစက်ရောဂါအန္တရာယ်တွေကလည်း စိုးရိမ်စရာကောင်းလှပါတယ်။ လတ်တလောမှာ စား၊ဝတ်၊နေရေး အခြေခံလိုအပ်ချက်တွေတောင် မပြည့်စုံသေးတဲ့ စစ်ဘေးရှောင်တွေအတွက် မိုးရာသီကို ဘယ်လိုဖြတ်ကျော်ရမယ်ဆိုတာ စဉ်းတောင်မစဉ်းစားရဲသလောက်ပါပဲ။ ဒါကြောင့် စစ်ဘေးရှောင်တွေ ဘယ်လိုအခက်အခဲတွေ ကြုံနေရတယ်၊ ဘာတွေလိုအပ်နေတယ် ဆိုတောတွေ သိရှိစေဖို့ တနင်္သာရီတိုင်းက စစ်ဘေးရှောင် တွေကို အကူအညီပေးနေတဲ့ ဒေါနတနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေး အဖွဲ့ရဲ့ မြေပြင်ကွင်းဆင်းတာဝန်ခံ ယောနသံနဲ့ တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါတယ်။

အခက်အခဲများစွာ ကြုံနေရတဲ့ တနင်္သာရီတိုင်းက စစ်ရှောင်တွေ

Dawei Watch

April 17, 2024

ပဋိပက္ခတွေ ပြင်းထန်လာနေတဲ့ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ ဆက်တိုက်တိုးလာနေပါတယ်။ တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၅၄၀၀၀ ကျော်အထိရှိနေပါတယ်။ စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေ အနေနဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေပေးနိုင်အောင် ကြိုးစားနေကြပေမယ့် စစ်ဘေးရှောင်တွေက ပိုတိုးလာနေသလို မြင့်မားလာတဲ့ ကုန်စျေးနှုန်းဒဏ်တွေကြောင့် အလှူငွေလိုအပ်ချက် ကြီးမားနေဆဲပါ။

Podcast : အခက်အခဲများစွာ ကြုံနေရတဲ့ တနင်္သာရီတိုင်းက စစ်ရှောင်တွေ

Dawei Watch

April 17, 2024

ပဋိပက္ခတွေ ပြင်းထန်လာနေတဲ့ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ ဆက်တိုက်တိုးလာနေပါတယ်။ တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၅၄၀၀၀ ကျော်အထိရှိနေပါတယ်။ စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေ အနေနဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေပေးနိုင်အောင် ကြိုးစားနေကြပေမယ့် စစ်ဘေးရှောင်တွေက ပိုတိုးလာနေသလို မြင့်မားလာတဲ့ ကုန်စျေးနှုန်းဒဏ်တွေကြောင့် အလှူငွေလိုအပ်ချက် ကြီးမားနေဆဲပါ။

ပူပြင်းလှတဲ့ရာသီနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေကြမလဲ

Dawei Watch

April 15, 2024

အစွန်းရောက်ရာသီဥတုဖြစ်စဉ်ကြောင့် ပြင်းထန်တဲ့အပူဒဏ်ကို ကြုံတွေ့နေကြရပါတယ်။ တစ်ကမ္ဘာလုံး ပူနွေးလာမှုကြောင့် နောက်နှစ် အနည်းငယ်အတွင်းမှာလည်း ပိုပြီးပူလာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ အပူလွန်ကဲမှု ဒဏ်ကြောင့် ရုတ်တရက် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါဝေဒနာတွေက အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့အခြေအနေကို ရောက်ရှိစေနိုင်ပါတယ်။ ဒါကြောင့် အပူဒဏ်ကို ဘယ်လိုဖြတ်ကျော်မလဲ… လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေကြရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။