BREAKING
October 18, 2024

Infographic

မျောက်ကျောက်ကို မကြောက်ကြရစေဖို့

Dawei Watch

September 3, 2024

ကမ္ဘာမှာ အဖြစ်များလာတဲ့ မျောက်ကျောက်ရောဂါက အခုဆိုရင် ထားဝယ်မှာပါ သံသယလူနာတစ်ဦးကို တွေ့ရှိလာပါပြီ။ ဒီရောဂါဖြစ်ပွားရတဲ့ အကြောင်းတွေကို သိရှိပြီး စနစ်တကျ ကာကွယ်ထားဖို့လိုပါတယ်။ ဒါကြောင့် မျောက်ကျောက်ရောဂါ အကြောင်းနဲ့ ဆောင်ရန်၊ရှောင်ရန်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

အသက်ဘေးမကျရောက်ဖို့ ကြိုတင်ကာကွယ်ရမယ့် ဝမ်းပျက်ဝမ်းလျှော

Dawei Watch

September 3, 2024

ဝမ်းပျက်ဝမ်းလျှောရောဂါက အလွယ်တကူ ကူးစက်တတ်ပြီး အစုအလိုက်အပြုံလိုက် ဖြစ်ပွားနိုင်တဲ့အတွက် ကြောက်စရာကောင်းတဲ့ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါက ကပ်ဘေးအသွင် ဖြစ်ပွားတတ်တဲ့အတွက် မြန်မာနိုင်ငံလို ပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ တိုင်းပြည်တစ်ခုမှာ ကူးစက်ဖြစ်ပွားရင် ထိန်းချုပ်နိုင်ဖို့ ခက်ခဲလှပါတယ်။ ဒီရောဂါဆိုးမျိုး မဖြစ်ပွားဖို့ အကောင်းဆုံးနည်းက ကြိုတင်ကာကွယ် တာပါပဲ။ ဒါကြောင့် ကြောက်စရာ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ ဒီရောဂါကြောင်းနဲ့ ဆောင်ရန်ရှောင်ရန်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

အကူအညီလိုနေတဲ့ စစ်ဘေးရှောင် စိတ်ကျန်းမာရေး

Dawei Watch

July 30, 2024

တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာရသူ ငါးသောင်းကျော်လောက် ရှိနေပြီး စစ်ဘေးရှောင်တွေက ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေကြရပါတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်တွေကို စိတ်ပိုင်းဆိုင်ရာ အကူအညီပေးမှု နည်းပါးနေပါသေးတယ်။

ပြည်တွင်းရွှေ့ပြောင်းလူငယ်များနှင့် အလုပ်အကိုင်အခွင့်အလမ်း

Dawei Watch

June 29, 2024

မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့တာ အခုဆိုရင် ရက်ပေါင်း ၁၃၀၀ နီးပါးရှိလာပါပြီ။ အလုပ်အကိုင်ရှားပါးမှု၊ ပဋိပက္ခတွေနဲ့ စစ်ကောင်စီရဲ့ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေကြောင့် လူငယ်လူရွယ်တွေဟာ ဒေသကိုစွန့်ခွာနေကြရတာပါ။ တနင်္သာရီတိုင်းရဲ့ စစ်ရေးအခြေအနေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာနေသလို စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေ အပါအဝင် အမျိုးမျိုးသော တင်းကျပ်မှုတွေကြောင့် လူငယ်၊ လူရွယ်အများစု ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့နေကြရပါတယ်။ ဒါပေမဲ့လည်း အခက်အခဲမျိုးစုံကို ဆက်လက်ရင်ဆိုင်နေကြရဆဲပါ။ ဒါကြောင့် ဒီအခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ကျော်လွှားကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

ပဋိပက္ခဒေသများနှင့် အစားအသောက်ဖူလုံရေး

Dawei Watch

June 4, 2024

တနင်္သာရီတိုင်းမှာ စစ်ရေးတွေပြင်းထန်လာတာကြောင့် တော်လှန်ရေးအဖွဲတွေ အားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက စားနပ်ရိက္ခာ ဖြတ်တောက်ပိတ်ဆိုထားပါတယ်။ ထားဝယ်နဲ့ မြိတ်ခရိုင်ထဲက မြိုနယ်လေးခုမှာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရတာ နှစ်နဲ့ချီ ရှိနေပါပြီ။တိုင်းအတွင်းမှာ စစ်ဘေးရှောင်ဦးရေကလည်း ခြောက်သောင်းနီးပါး ရှိနေပါတယ်။ တော်လှန်ရေးအားကောင်းလာလို စစ်ရေးတွေ ပိုမိုပြင်းထန်လာဖိုရှိတာကြောင့် စားနပ်ရိက္ခာဖြတ်တောက်ပိတ်ဆိုမှုတွေ ပိုမိုလုပ်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အသက်ရှင်ရပ်တည်နိုင်ဖို စားနပ်ရိက္ခာဖူလုံရေး ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာနေရင် ဒါတွေသတိထားပါ

Dawei Watch

May 17, 2024

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ အများအပြားရှိနေပါတယ်။ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ အေးချမ်းစွာနေထိုင်နိုင်ဖို့အတွက် မတူညီတဲ့ ဓလေ့တွေနဲ့ ဆောင်ရန်၊ရှောင်ရန်တွေကို သိရှိလိုက်နာဖို့လိုအပ်လှပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ အခြေခံ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းတွေကို နားလည်သဘောပေါက်ရမှာဖြစ်ပြီး လိုက်လျောညီထွေစွာ နေထိုင်ပြောဆိုရမှာဖြစ်ပါတယ်။ ဒါမှသာ လူ့အဖွဲ့အစည်းနှစ်ရပ်အကြား ပဋိပက္ခနည်းနည်းနဲ့ အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မှာဖြစ်လို့ ထိုင်းနိုင်ငံမှာနေရင် ဘာတွေသတိထားသင့်တယ် ဆိုတာကို စုစည်းဖော်ပြလိုက်ပါတယ်။