ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကိုတနင်္သာရီတိုင်းရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြင့် စုဖွဲ့ထားသည့် တိုင်းလွှတ်တော်က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အတည်ပြုလိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံကြိုတင် ပြင်ဆင်မှုဆိုင်ရာဥပဒေကို အတည်ပြုလိုက်ကြောင်း ထုတ်ပြန်သည်။ ယင်းမှာတနင်္သာရီတိုင်းသားများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရန် ကျားကုတ်ကျားခဲ ကြိုးပမ်းနေမှုကို ပါတီတစ်ခုက နိုင်ငံရေးလက်ဝါးကြီးအုပ်ရန် ကြိုးစားလာခြင်းဟု ဝေဖန်ထောက်ပြမှုများ၊ ကန့်ကွက်မှုများစွာဖြင့် တနင်္သာရီတိုင်းတွင် ဂယက်ထသွားစေသည်။ ယင်းဥပဒေ အတည်ပြုလိုက်မှုကို တိုင်းအတွင်းရှိ နိုင်ငံရေးအစုအဖွဲ့များ၊ တော်လှန်ရေးအစုအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ကြသလို တိုင်းအတွင်းရှိ ကရင်တိုင်းရင်းသားအစုအဖွဲ့ အပါအဝင် အစုအဖွဲ့ပေါင်း နှစ်ဆယ်ကျော်ကလည်း ကန့်ကွက်စာ ထုတ်ခဲ့ကြသည်။ ကြားကာလဥပဒေဆိုတာ တိုင်းလွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် ယင်းဥပဒေတွင် တိုင်းဒေသကြီးအတွက် ဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံများ စနစ်တကျရေးဆွဲအတည်ပြုနိုင်ရေးအတွက် လိုအပ်သောပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပြဋ္ဌာန်းကြောင်း ဖော်ပြထားသည်။ ကနဦးအနေဖြင့် ပုဂ္ဂိုလ် ၅ ဦးပါ […]