BREAKING
January 10, 2025

နိုင်ငံရေး

ပျောက်ဆုံးသွားသည့် အနာဂတ်များ

diz_admin

March 2, 2021

ဖေဖော်ဝါရီ ၁ ရက်တွင် အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည့် မသျှားပြည့်ခင်တစ်ယောက် အနာဂတ် ရည်မှန်းချက်များ ကြွေလွင့်ပျောက်ကွယ် ခဲ့သည်။ သူမဘဝ အမှောင်ဖုံးသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် ဘဝမျှော်လင့် ချက်များလည်း မဲ့သွားခဲ့ရသည်။ ထိုနေ့နံနက်စောစောအချိန်တွင် တပ်မတော်က အစိုးရခေါင်းဆောင်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကို ဖမ်းဆီးလိုက်သည်။ မဲမသမာမှုကြောင့် ထိုသို့ ဖမ်းဆီးလိုက် သည်ဟုဆိုပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာကာ အာဏာသုံးရပ်စလုံး ကို ကိုင်တွယ်ကျင့်သုံးမည်ဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။ ထိုသို့ အာဏာသိမ်းလိုက်သည့်အတွက် လူငယ်များ အနိုင်ကျင့်ခံရပြီး ပညာရေး စီးပွားရေး အပါအဝင် အရာရာ ဆုံးရှုံးသွား သကဲ့သို့ ခံစားရကြောင်း သူမက ဆို့နင့်စွာပြောသည်။ “ရှေ့ဆက်ဖို့အတွက်က အမှောင်ကျ နေသလိုဖြစ်သွားတယ်။ အလင်းရောင်ဆိုတာ မမြင်ရတော့သလို […]

အာဏာသိမ်းမှုကို အခွင့်ကောင်းယူကာ ထားဝယ်စီမံကိန်းရှေ့ဆက်နိုင်ရန် ITD ကုမ္ပဏီ ကြိုးပမ်း

diz_admin

March 2, 2021

မြန်မာနိုင်ငံတွင် အာဏာသိမ်းထားမှုကို အခွင့်ကောင်းယူကာ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဆက်လက်အကောင်အထည်ဖော်ခွင့်ရရေး ဆက်လက်ဆွေးနွေးရန် အီတာလျံ-ထိုင်း ကုမ္ပဏီက စောင့်ဆိုင်းနေကြောင်း ထိုင်း သတင်းဌာနတစ်ခုဖြစ်သည့် ဘန်ကောက် စီးပွားရေး သတင်းဌာနက ရေးသားလိုက်သည်။ အာဏာသိမ်းပြီး ၅ ရက်အကြာတွင် အီတာလျံ-ထိုင်းကုမ္ပဏီသည် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် ဗွီဒီယို ကွန်ဖရင့်အစည်းအဝေးတစ် ရပ်ပြုလုပ်ခဲ့ကြောင်း အီတာလျံ-ထိုင်း ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ မစ္စတာ ဆုန်ချက်သင်နာပွန်က အထက်ပါ သတင်းဌာနကို ပြောဆိုထားသည်။ အီတာလျံထိုင်း ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် မြန်ထားဝယ် စက်မှု (Estate MyanDawei Industrial) ကုမ္ပဏီ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ မစ္စတာ ဆုန်ချက် သင်နာပွန်က အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု […]

နစက အုပ်ကြီးများ ကန့်ကွက်ခံရ

diz_admin

March 2, 2021

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကျေး အများစုတွင် တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ခန့်သည့် အုပ်ချုပ်ရေးမှူးအသစ်ကို အလိုမရှိကြောင်း ဗီနိုင်းပြားများ ကပ်ထားခဲ့သည်။ တပ်အာဏာသိမ်းပြီးနောက် ယခင်က ရွေးချယ်တင်မြှောက်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံးကို တာဝန်မှရပ်စဲခဲ့သည်။ ထိုသို့ တာဝန်ရပ်စဲပြီးနောက် နစကကောင်စီမှ တိုက်ရိုက်ခန့်အပ်မည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖြင့် အစားထိုးရန် ပြင်ဆင်လာခြင်းဖြစ်သည်။ ယခင်က ရပ်ကွက်နေပြည်သူများ ရွေးချယ်မှုဖြင့် ခန့်အပ်ရာမှ လက်ရှိတွင် တစ်ဦးတစ်ယောက်၏ အမိန့်ဖြင့် ခန့်အပ်မည့် အခြေအနေကို လက်မခံနိုင်သည့်အတွက် ရပ်ကွက်နေသူ အများစုပေါင်းကာ ထိုသို့ဗီနိုင်းပြားကပ်ထားရခြင်းဖြစ်ကြောင်း ကြက်စားပြင်ရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးက ဆိုသည်။ “ပြည်သူရွေးခွင့်ရတာနဲ့ မရတာ အခြေနေက မတူဘူးလေ” ဟု ၎င်းက ပြောသည်။ရပ်ကွက် ကျေးရွာအချို့တွင်မူ အုပ်ချုပ်ရေးမှူး အသစ်ခန့်ခြင်းကို […]

ကံပေါက်က နှစ်ငါးလုံးနွေဦးတော်လှန်ရေး သရုပ်ဖော်

diz_admin

March 2, 2021

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ ဘောလုံးကွင်းတွင် ဖေဖော်ဝါရီလ ၂၂ ရက်က ပြုလုပ်သည့် နှစ်ငါးလုံး နွေဦးတော်လှန်ရေး စာတန်းသရုပ်ဖော်ရာတွင် လူထောင်ချီ ပူးပေါင်းပါဝင် ခဲ့ကြသည်။ ကံပေါက်ဒေသအတွင်း လှည့်လည် လမ်းလျှောက် ဆန္ဒထုတ်ဖော်နေသူများ ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးဆောင်သူ ကံပေါက် ဒေသခံလူငယ်တစ်ဦးက ဆိုသည်။ We Want Democracy (ကျွန်ုပ်တို့ဒီမိုကရေစီကိုလိုချင်တယ်)၊ Reject Military Coup (စစ်အာဏာသိမ်းမှု ငြင်းပယ်ပါ) စသည့်စာလုံးများကို လမ်းပေါ်တွင်ရေးသားနေရာမှ နှစ်ငါးလုံးနေ့တွင် လူဖြင့်ပုံဖော်မည်ဟု စိတ်ကူးရပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ “နှစ်ငါးလုံးဆိုတော့ နွေဦးတော်လှန်ရေး အထွေထွေသပိတ်ဖြစ်တဲ့ အတွက်ကြောင့် အထင်ကရအရာ တစ်ခု ကျန်ရစ်အောင်ဆိုပြီး အဲဒီလို ပုံဖော် လိုက်တာ” ဟု အထက်ပါလူငယ်က ဆိုသည်။ လမ်းမပေါ်တွင် စာရေးသားခြင်းကို […]

တိုတယ် CDM ဝန်ထမ်းများ အလုပ်ပြန်ဆင်းရန် ဖိအားပေးခံရ

diz_admin

March 2, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ တိုတယ် (Total) ကုမ္ပဏီတွင် အလုပ်မဆင်းဘဲ CDM လုပ်နေသည့် ဝန်ထမ်းများ အလုပ်မဆင်းပါက လူအစားထိုးခန့် အပ်မည်ဆိုကာ Atalian Global Service ကုမ္ပဏီဘက်မှ ဖိအားပေးလာကြောင်း စုံစမ်းသိရှိရသည်။ တိုတယ်ကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်း ၄၄ ဦးသည် ဖေဖော်ဝါရီလ ၂၅ ရက်မှစပြီး အလုပ်မဆင်းဆန္ဒထုတ်ဖော် (CDM) မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းသို့ကြေညာပြီး နောက်တစ်နေ့တွင် Atalian Global Service ကုမ္ပဏီဘက်က ဖိအားပေးလာခြင်း ဖြစ်သည်။ တိုတယ်ကုမ္ပဏီတွင် တာဝန်ထမ်း ဆောင်နေသော လုံခြုံရေးဝန်ထမ်းများကို Atalian Global Service ကုမ္ပဏီထံမှ ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သောကြောင့် ယင်းကဲ့သို့ဖိအားပေး လာခြင်းဖြစ်ကြောင်း လုံခြုံရေးဝန်ထမ်း တစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ လကုန်ရက်မှစပြီး […]

မြိတ်သပိတ် အကြမ်းဖက် ဖြိုခွင်းခံရ၊ အများအပြား ဒဏ်ရာရ

diz_admin

March 1, 2021

မြိတ်မြို့ ဖေဖော်ဝါရီ ၂၈ ရက် ဆန္ဒပြပွဲကို ရော်ဘာကျည်၊ ကျည်အစစ်များဖြင့် ပစ်ခတ်နှိမ်နင်းသဖြင့် အများအပြား ဒဏ်ရာရကာ လူငယ် သုံးဦး ပျောက်ဆုံးနေကြောင်း စုံစမ်း သိရှိရသည်။ ကျည်ဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံး မြို့သစ်လမ်းဆုံ တွင်တစ်ဦးနှင့် မြို့သစ်တံတားထိပ် တွင်တစ်ဦး၊ ထားဝယ်စုရပ်ကွက်တွင် တစ်ဦး သေနတ်ထိမှန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့သော် ၎င်းတို့၏ အခြေအနေကို ဖေဖော်ဝါရီ ၂၈ ရက်ညနေအထိ အတည်ပြုနိုင်ခြင်း မရှိသေးပါ။ ပစ်ခတ်ဖြိုခွင်းချိန် ဆန္ဒပြသူများမှာ ဆိပ်ငယ် တံတားဘက် ထွက်ပြေးသည့်အတွက် ရဲနှင့်တပ်များက လိုက်လံဖမ်းဆီးသောကြောင့် လူငယ်အချို့ ပင်လယ်အတွင်း ခုန်ချထွက်ပြေးခဲ့ကြသည်။ ခုန်ချသူများကို လှေသမားများက ပထော်ကမ်း အထိ ကယ်ထုတ်ခဲ့ကြပြီး သုံးဦးထက်မနည်း ပင်လယ်အတွင်း ပျောက်ဆုံးနေကြောင်း ခုန်ချခဲ့သူများက ဆိုသည်။ ယင်းအပြင်ပရဟိတလုပ်နေသည့် […]

UEC တွေ့ဆုံပွဲတက်ခဲ့သည့် ထားဝယ်ပါတီဥက္ကဋ္ဌ ဦးအေးမင်းအား ပါတီမှထုတ်ပယ်

diz_admin

March 1, 2021

တပ်အစိုးရက ခန့်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီ များတွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ထားဝယ် တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်းကို ပါတီ မှ ထုတ်ပယ်လိုက်သည်။ ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီ၏ အရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက် ခြင်းဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ က ဖေဖော်ဝါရီလ ၂၆ ရက်ညတွင် သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့်တွေ့ဆုံပွဲကို ထားဝယ်တိုင်းရင်းသားများ ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ၎င်း၏ သဘော ဆန္ဒအရသွားတက်ခဲ့ကြောင်း ပါတီ၏ အတွင်းရေးမှူး အဖွဲ့ထံမှ သိရသည်။ “ပါတီဥက္ကဋ္ဌအနေနဲ့ဒီလိုလုပ်တာ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိဘူး။ အနည်းဆုံး ဗဟိုကော်မတီမဟုတ်ရင်တောင်မှ အတွင်းရေးမှူး အဖွဲ့ကို ပြောသင့်တယ်” ဟု ထားဝယ်တိုင်းရင်းသားများ ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်မင်းထိုက် က ပြောသည်။ ဦးအေးမင်း၏ […]

ထားဝယ်ပစ်ခတ်မှု အနည်းဆုံး သုံးဦးသေ၊ လူဆယ်ချီ ဒဏ်ရာရ

diz_admin

March 1, 2021

ဖေဖော်ဝါရီလ ၂၈ ရက်မှာ ထားဝယ်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး သုံးဦးထက် မနည်းသေဆုံး ခဲ့ပါတယ်။ နေရာအများအပြားမှာ ပစ်ခတ်မှု ဖြစ်တာပါ။ လူ ၆၀ ကျော် ဆေးကုသခံနေရပါတယ်။ ဈေးတောင်ဘက်လမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာ လူတစ်ဦး ကျည်ဆံထိပြီး လဲကျနေတာကို ရဲတပ်ဖွဲ့က ချီမသယ်ဆောင်သွားတယ်လို့ ဒက္ခိဏ သတင်းမှာ ရေးထားပါတယ်။ အဲဒီ ဒဏ်ရာရသူ ရဲစခန်းအချုပ်မှာ သေဆုံးနေကြောင်း သတင်းဖော်ပြထားပါ။ တကယ်လို့ အဲဒီ သတင်းသာ အတည်ပြုနိုင်ရန် ထားဝယ်သပိတ် မှာ သေဆုံးသူ လေးဦး ဖြစ်မှာပါ။ သွေးနဲ့မျက်ရည် အပြိုင် ထားဝယ်မြို့ဗိုလ်ချုပ်လမ်းမပေါ်ရောက်နေတဲ့ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အလယ်ကနေပိုင်းပြီး လမ်းဆုံကြီးနားကနေ သေနတ်တွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ စတင်ဖြိုခွဲပါတယ်။ မျက်စိရှေ့မှာတင် ဒဏ် ရာရသွားတဲ့သုံးဦးလောက်ရှိပါတယ်။ အဲဒီသုံးဦးထဲမှာ လောင်းလုံးမြို့နယ်က […]