ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှု ဧပြီ ၇ ရက်ပြန်ချိန်း၊ ဝဲကျွန်းတွင် ဖမ်းမိအသက်မပြည့်ကလေး တရားရုံးအာမခံရ
diz_admin
April 2, 2021ထားဝယ်သပိတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုကျော်ထွေးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားပြီး ဧပြီလ ၇ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။ ၎င်းအမှုကို မတ်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ချောစုလှိုင်က ဆိုသည်။ ယင်းနေ့တွင် ကိုကျော်ထွေးနှင့် အွန်လိုင်းဗီဒီယိုစနစ်ဖြင့် တွေ့ဆုံခဲ့ကြောင်း ၎င်းက ပြောသည်။ကိုကျော်ထွေးအမှုကို ဧပြီလ ၇ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားသည်။ “တရားလိုလာရင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (CMP)လုပ်မယ်” ဟု ဒေါ်ချောစုလှိုင်က ပြောသည်။ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆိုသည်မှာ အမှုများကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် […]