BREAKING
January 11, 2025

နိုင်ငံရေး

အဖမ်းခံရသည့် ဒက္ခိဏသတင်းဌာန သတင်းထောက်နှင့် အဆက်အသွယ်မရသေး ဟုဆို

diz_admin

April 22, 2021

ထားဝယ်အခြေစိုက် ဒက္ခိဏ(Dakkhina Insight) သတင်းဌာနမှ သတင်းထောက်တစ်ဦး ဧပြီလ ၂၁ ရက် နံနက်ပိုင်းက အဖမ်းခံရပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း ယင်းသတင်းဌာန တာဝန်ခံအယ်ဒီတာက ပြောကြားသည်။ အဆိုပါသတင်းဌာနမှ သတင်းထောက်ဖြစ်သူ ကိုနိုင်လင်းထွန်းမှာ ဘုမ္မော်ရပ်ကွက်တွင် ဆန္ဒပြပွဲသတင်းရယူနေစဉ် ရဲနှင့်စစ်တပ်က ဖမ်းဆီးသွားကြောင်း တာဝန်ခံ အယ်ဒီတာ ဦးရဲထွဋ်ဝင်းက ဆိုသည်။ ယင်းဆန္ဒပြပွဲကို ရဲနှင့် စစ်တပ်က သေနတ်ပစ်ခတ်ဖမ်းဆီးစဉ် ကိုနိုင်လင်းထွန်း၏ ဦးခေါင်းတွင် ကျည်ဆန်ရှပ်ထိမှန်သည့် ဒဏ်ရာရရှိခဲ့သည်ဟု သိရကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် ကိုနိုင်လင်းထွန်းနှင့် အဆက်အသွယ်မရသေးဘဲ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရသေးကြောင်း ဦးရဲထွဋ်ဝင်းက ဆိုသည်။ “လက်ရှိနောက်ဆုံးအခြေအနေကလည်း ရှေ့နေနဲ့ ကြိုးစားနေတာရှိတယ်၊ အခုချိန်ထိတော့ သူ့အခြေအနေကို မသိရသေးဘူး”ဟု ၎င်းက ပြောသည်။ လူမှုကွန်ရက်ပေါ်တွင် မျှဝေနေသည့် […]

ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှု ဧပြီ ၂၇ ပြန်ချိန်း

diz_admin

April 22, 2021

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှုအား ဧပြီလ ၂၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။ ၎င်းအမှုကို မတ်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားသည်။ ယင်းအမှုနှင့် ပတ်သက်၍ ဧပြီလ ၂၁ ရက်နေ့ရုံးချိန်းတွင်လည်း မစစ်ဖြစ်သေးကြောင်း အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။ အမှုအား ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။ ကိုကျော်ထွေးမှာ ကိုသော်လွင်အောင်နှင့် ဆက်စပ်တရားခံပြေးအမှု(ရာထွေအမှု) မပြီးသေးသည့်အတွက် မစစ်ဖြစ်သေးကြောင်း ၎င်းကရှင်းပြသည်။ လာမည့်ရုံးချိန်းတွင် ကိုသော်လွင်အောင် ဖမ်းဝရမ်းထုတ်သည့်အမှုကို ပြီးပြတ်အောင်လုပ်မည်ဟု သိရကြောင်း […]

သပိတ်ဦးဆောင်သူ အပါအဝင် ဖမ်းဆီးခံရသူဆယ်ဦးအမှု ခြောက်လအပြီးစစ်ဆေးမည်

diz_admin

April 22, 2021

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် သပိတ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးအဖမ်းခံရသည့်ဖြစ်စဉ်တွင် အမှုတွဲသုံးခုခွဲကာ သီးခြားစီ အမှုဖွင့်ထားပြီး အမှုအားခြောက်လအပြီးစစ်ဆေးရန် ဆုံးဖြတ်ထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောသည်။ ၎င်းတို့ကို မတ်လ ၁၈ ရက်နေ့လယ်ပိုင်းက ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဖမ်းခံရသူ ဆယ်ဦးအနက် ကိုအောင်ဝေယံကျော်ပါ ခုနှစ်ဦးကိုတစ်မှု၊ ကိုဝင်းလတ်ထွေးပါ နှစ်ဦးကို တစ်မှုနှင့် အသက်မပြည့်သေးသည့် ကိုရာဇာထွန်းကို တစ်မှု သီးခြားစီတရားစွဲတင်ထားကြောင်း ၎င်းက ပြောသည်။ ၎င်းဆယ်ဦးစလုံးကို ဧပြီလ ၁ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ ၅၀၅- က၊ ၅၀၅(ဂ) တို့ဖြင့် သီးခြားစီ တရားစွဲဆိုထားခြင်းဖြစ်သည်။ အသက်မပြည့်သေးသည့် ကိုရာဇာထွန်းကိုမူ တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ချောစုလှိုင်က သီးခြားကူညီဆောင်ရွက် နေပြီး ၎င်းအား တရားရုံးအာမခံပေးထားသည်။ ၎င်းတို့၏ လေးကြိမ်မြောက်ရုံးချိန်းကို ဧပြီလ […]

တနင်္သာရီတိုင်းအတွင်းရှိ ဆေးရုံသုံးပုံတစ်ပုံ မဖွင့်နိုင်သေး

diz_admin

April 21, 2021

တနင်္သာရီတိုင်းအတွင်းရှိ ဆေးရုံအားလုံး၏ သုံးပုံတစ်ပုံ မဖွင့်နိုင်သေးကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနထံမှ သိရသည်။ တပ်အာဏာသိမ်းပြီးချိန်မှစ၍ ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းအများစုက အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည်။ လက်ရှိတွင် ခရိုင်ဆေးရုံကြီးများက ပြန်ဖွင့်နေပြီဖြစ်ပြီး တိုက်နယ်ဆေးရုံအများစုသာ မဖွင့်နိုင်သေးကြောင်း အထက်ပါဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။ တနင်္သာရီတိုင်းအတွင်း ခရိုင်၊ မြို့နယ်နှင့် တိုက်နယ်ဆေးရုံ စုစုပေါင်း ၄၀ ခန့်ရှိသည်။ ဆေးရုံအများစု ပြန်ဖွင့်နေပြီဖြစ်သော်လည်း ကုသရေးအပါအဝင် လုပ်ငန်းအားလုံးမလည်ပတ်နိုင်သေးကြောင်း ၎င်းက ပြောသည်။ “လည်ပတ်နေတာတော့ မဟုတ်ဘူးပေါ့၊ ရှိတဲ့လူနဲ့တော့ လူနာကြည့်ပေးနေတာပေါ့၊ အရေးပေါ်ကြည့်တယ်၊ အတွင်းလူနာကလည်း ထားနိုင်သလောက်ထားပေးတယ်” ဟု တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။ လက်ရှိတွင် CDM လုပ်နေသည့် ဆရာဝန်များအား ပုဒ်မ-၅၀၅(က) ဖြင့် နကစ […]

ထားဝယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ အဖမ်းခံရသူ ၅ ဦးရှိဟုဆို

diz_admin

April 21, 2021

အင်ဂျင်နီယာ၊ နည်းပညာကျောင်းသား၊ ဆရာ၊ ဆရာမများ၊ ထားဝယ်မြို့ခံများနှင့် NLD လူငယ်များ၊ ကျောင်းသားသမဂ္ဂများပါဝင်သော စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသည့် ထားဝယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပြီး လူ ၅ ဦးခန့် အဖမ်းခံလိုက်ရသည်။ ဧပြီလ ၂၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် သပိတ်စစ်ကြောင်းကို စစ်တပ်နှင့် ရဲများက အသံဗုံးများ၊ ကျည်အစစ်များဖြင့် လိုက်လံပစ်ခတ်ဖြိုခွင်းခဲ့သည်။ ယင်းသို့ သပိတ်စစ်ကြောင်းကို လိုက်လံပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် ဘုမ္မော် ၄ လမ်းတွင် အမျိုးသားနှစ်ဦး၊ ကြက်စားပြင်ရပ်ကွက်၊ မြလေးလမ်းတွင် သုံးဦးကို အနည်းဆုံး စုစုပေါင်း ၅ ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ ဘုမ္မော် ၄ လမ်းတွင် ဖမ်းမိခဲ့သူ အမျိုးသားနှစ်ဦးတွင် တစ်ဦးမှာ အသက် […]

လောင်းလုံးစစ်ကြောင်းကို ရဲတပ်ဖွဲ့ ဖြိုခွင်းရန် ကြိုးစား

diz_admin

April 21, 2021

ထားဝယ်ဒေသရှိ လောင်းလုံးမြို့ပင်မသပိတ်စစ်ကြောင်းအား ဒီကနေ့မနက်ပိုင်းက လောင်းလုံး မြို့မ ဈေးအနီးတွင် ရဲတပ်ဖွဲ့က ဖြိုခွဲဖို့ကြိုးစားခဲ့သည်။ ဧပြီလ ၂၁ ရက်နေ့ နံနက် ကိုးနာရီဝန်းကျင်တွင် ရဲတပ်ဖွဲက သပိတ်စစ်ကြောင်း နောက်မှ လိုက်ကာ ဖြိုခွဲရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ ရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့က မြို့မဈေးနားရောက်နေပြီ စစ်ကြောင်း ပြန်လှည့်ခါနီး ဆိုင်ကယ်နဲ့ နောက်ကလိုက်တယ် ပြီးတော့ ရှေ့ကလူတွေ ဆွဲဖို့ ကြိုးစားတယ်” ဟု အထက်ပါ အမျိုးသားကဆိုသည်။ အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွင် သေနတ်ပစ်ဖောက်ခြင်းမရှိပေ။ စစ်ကြောင်းအတွင်းမှ ဆန္ဒပြသူများ ဖမ်းဆီးခံရမှု မရှိဟု သိရပြီး ဆိုင်ကယ်နှစ်စီး သိမ်းဆည်းခံရကြောင်း မြို့ခံများထံမှ သိရသည်။ လောင်းလုံးမြို့ပင်မ သပိတ်စစ်ကြောင်းသည် နေ့စဉ် လမ်းမပေါ်ထွက်၍ အာဏာရှင် ဆန့်ကျင်ရေး […]

၀န်ကြီးချုပ် ဦးမြင့်မောင်အမှု တရားလိုစစစ်

diz_admin

April 21, 2021

တပ်အာဏာသိမ်းပြီးနောက် တရားစွဲခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အမှု ဧပြီလ ၂၁ ရက်နေ့ ရုံးချိန်းတွင် တရားလိုအား စတင်စစ်ဆေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေက ပြောသည်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ဦးမြင့်မောင်အမှုတွင် တရားလိုဖြစ်သည့် ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးကို စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါရုံးချိန်းတွင် တရားလိုစစ်ဆေးမှု မပြီးစီးသည့်အတွက် နောက်ရုံးချိန်းတွင် ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။ ဦးမြင့်မောင်အမှုကို ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။ “တရားလိုကို စစ်ဆေးတော့ တင်ပြရမယ့် အထောက်အထားတွေများတော့ တရားလိုစစ်ဆေးလို့မပြီးဘူးဗျ” ဟု ဦးအောင်ဇာနည်စိုးက ပြောသည်။ နောက်ရုံးချိန်းကို ဧပြီလ ၂၉ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း ၎င်းက ဆိုသည်။ အဆိုပါအမှုတွင် လိုပြသက်သေ ၂ ဦးတင်ပြထားပြီး […]

ထားဝယ်တွင် အဖမ်းခံရသည့် အခြေခံပညာကျောင်းသားနှစ်ဦး အမြန်ဆုံးလွှတ်ပေးရန် တောင်းဆို

diz_admin

April 21, 2021

ထားဝယ်သပိတ်စစ်ကြောင်းဖြိုခွင်းချိန်တွင် ဖမ်းဆီးခံရသည့် အခြေခံပညာကျောင်းသားနှစ်ဦးကို အမြန်ဆုံးလွှတ်ပေးရန် အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် အကသ-ထားဝယ် (ဗကသများအဖွဲ့ချုပ်)က တောင်းဆိုလိုက်သည်။ ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ထားဝယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန်တွင် ဒဿမတန်းကျောင်းသားများဖြစ်သည့် ကိုအောင်ပြည့်ဖြိုးနှင့် ကိုနေဇော်အောင်တို့ကို အဖမ်းခံခဲ့ရကြောင်း ယင်းသမဂ္ဂများက ထုတ်ပြန်ထားသည်။ အဆိုပါ ကျောင်းသားနှစ်ဦးစလုံးမှာ အသက် ၁၆နှစ်သာရှိသေးပြီး အသက်မပြည့်သေးသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။ အထက်ပါသပိတ်စစ်ကြောင်းဖြိုခွင်းချိန်က ယင်းကျောင်းသားနှစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦး အဖမ်းခံရကြောင်း သိရသည်။