BREAKING
January 11, 2025

နိုင်ငံရေး

သကျက်တောတွင် ဆန္ဒမပြတော့ဟု အုပ်ထိန်းသူခံဝန် ထိုးထားသူတစ်ဦး အဖမ်းခံရ

diz_admin

April 29, 2021

လောင်းလုံးမြို့နယ် သကျက်တောကျေးရွာတွင် ဆန္ဒပြပွဲများ၌ မပါဝင်တော့ကြောင်း အုပ်ထိန်းသူက ခံဝန်ထိုးထားသည့် အမျိုးသားတစ်ဦး ဧပြီလ ၂၈ ရက်နေ့က အဖမ်းခံရကြောင်း မိသားစုဝင်များထံမှ သိရသည်။ သကျက်တောရွာနေ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကိုကိုအား ဆန္ဒပြပွဲများတွင် ဦးဆောင်သည်ဟုဆိုကာ လာရောက်ဖမ်းဆီးသွားကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ဆိုသည်။ ယခုလအစောပိုင်းက ခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူက သကျက်တောဒေသခံ ၉ ဦး၏ မိဘများကိုခေါ်ကာ ၎င်းတို့၏ သားသမီးများ ဆန္ဒပြပွဲတွင် မပါဝင်တော့ကြောင်း ရပ်မိရပ်ဖများရှေ့မှောက်တွင် ခံဝန်ထိုးခိုင်းထားကြောင်း ၎င်းက ပြောသည်။ ထိုသို့ ခံဝန်စည်းကမ်းချက်အတိုင်း နေထိုင်မည်ဆိုပါက ဖမ်းဆီးမည်မဟုတ်ဟု ပြောဆိုခဲ့ကြောင်း အထက်ပါ မိသားစုဝင်က ဆိုသည်။ လက်ရှိ အဖမ်းခံရသည့် ကိုအောင်ကိုကို၏ အုပ်ထိန်းသူမိဘကလည်း ခံဝန်ထိုးထားကြောင်း သိရသည်။ “ဝန်ခံကတိကို ခရိုင်ရဲက ဆင်းလာပြီး လက်မှတ်ထိုးခိုင်းထားတယ်၊ […]

CDM လုပ်နေသည့် ထားဝယ်က ဘဏ်ဝန်ထမ်းအချို့ အလုပ်ထုတ်ခံရ

diz_admin

April 28, 2021

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်နေသည့် မြန်မာ့အရှေ့တိုင်းဘဏ်(MOB) ထားဝယ်ဘဏ်ခွဲမှ ဝန်ထမ်း ၁၀ ဦးမှာ ဧပြီလ ၂၈ ရက်တွင် အလုပ်မှရပ်ဆိုင်းခံလိုက်ရသည်။ ဘဏ်မှသတ်မှတ်ထားသော ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်ပျက်ကွက်သည်ဟုဆိုကာ အလုပ်မှရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အလုပ်ရပ်နားသည့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။ “အစကတည်းက ဒီလိုအလုပ်ထုတ်ခံရမယ်ဆိုတာသိလျက်နဲ့ CDM လုပ်တာဆိုတော့ သိပ်တော့မခံစားရဘူး” ဟု အလုပ်ရပ်ဆိုင်းခံလိုက်ရသည့် MOB ဘဏ်ဝန်ထမ်းတစ်ဦးက ဆိုသည်။ လက်ရှိတွင် CDM လုပ်နေသည့် အခြားပုဂ္ဂလိကဘဏ်ဝန်ထမ်းများလည်း အလုပ်ပြန်မဆင်းပါက အလုပ်ထုတ်ပစ်မည်ဟုဆိုကာ ဖိအားပေးခံနေရသည်။ ယခင်က ဘဏ်ဝန်ထမ်းတော်တော်များများ CDM တွင်ပါဝင်သော်လည်း အချို့မှာ အလုပ်ပြန်ဆင်းနေကြပြီဖြစ်သည်။