ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှု မစစ်ဖြစ်သေး
diz_admin
May 1, 2021ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ထားဝယ်သပိတ် အဖွဲ့ဝင် ကိုကျော်ထွေးအမှုအား ဧပြီလ ၂၇ ရက်နေ့က ချိန်းဆိုထားသော်လည်း မစစ်ဖြစ်သေးကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေထံမှ သိရသည်။ တရားစွဲခံထားရသည့် ကိုကျော်ထွေးမှာ နှင့် ဆက်စပ် အခြားသူတစ်ဉီး၏ တရားခံပြေးအမှုမပြီးသေးသည့်အတွက် မစစ်ဖြစ်သေးကြောင်း ၎င်းက ဆိုသည်။ ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။ ၎င်းအမှုကို မတ်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားသည်။ ယင်းအမှုနှင့် ပတ်သက်၍ ဧပြီလ ၂၁ ရက်နေ့နှင့် ၂၇ ရက်ရုံးချိန်းတို့တွင် မစစ်ဆေးဖြစ်ကြောင်း အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။ အမှုအား […]