BREAKING
January 10, 2025

နိုင်ငံရေး

အထူးစီးပွားရေးဇုန်ဧရိယာအတွင်း ပြည်သူငါးဦး အဖမ်းခံရ

diz_admin

May 13, 2021

ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာ နဘုလယ်ဒေသရှိ ထိန်ကြီးရွာနှင့် ပရဒပ်ရွာနေ ပြည်သူငါးဦးကို မေလ ၁၃ ရက်နေ့ နံနက်က ရဲနှင့်စစ်တပ်က လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ နံနက်စောစောတွင် စစ်ကားသုံးစီး ရောက်လာပြီး ပရဒပ်ရွာနေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးသွားကြောင်း ယင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။ အဖမ်းခံရသည့် အမျိုးသမီးနှစ်ဦးမှာ သားအမိတော်စပ်သည်ဟု သိရသည်။ စစ်ကားများ ရွာထိပ်ရောက်ချိန်တွင် သေနတ်သုံးချက်ပစ်ဖောက်ပြီး အထက်ပါ ပြည်သူသုံးဦးကို ဖမ်းဆီးသွားကြောင်း ယင်းဒေသခံ အမျိုးသမီးက ဆိုသည်။ “သူတို့ထဲက အချို့က ဆန္ဒပြရာမှာတော့ ပါတယ်ရှင်၊ အခြားကိစ္စတော့ လုပ်တာမျိုး မရှိဘူး” ဟု ၎င်းက ပြောသည်။ ရွာချင်းစပ်ဖြစ်သည့် ထိန်ကြီးကျေးရွာတွင် အရုဏ်ဦးသပိတ်လုပ်နေစဉ် စစ်ကား၃ စီး ရောက်လာသည်ဟု သတင်းကြားသည့် အတွက် […]

ဥတ္တူရွာ ဆယ်တန်းကျောင်းသူနှစ်ဦး အဖမ်းခံရ၊ ဆန္ဒပြခေါင်းဆောင်များကို လိုက်လံရှာဖွေနေ

diz_admin

May 13, 2021

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဥတ္တူရွာနေ ၁၀ တန်းကျောင်းသူနှစ်ဦး အဖမ်းခံလိုက်ရပြီး မေလ ၁၃ ရက် နံနက်ပိုင်းတွင် ဆန္ဒပြခေါင်းဆောင်များကို ရဲနှင့် စစ်တပ်က လိုက်ရှာနေကြောင်း ဒေသခံများထံမှ သိရသည်။ ကျောင်းသူနှစ်ဦးကို မေလ ၁၂ ရက်ညတွင် အဆိုပါရွာ၌ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်။ ကျောင်းမတက်ရေး သရုပ်ပြဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည်ဟုဆိုကာ ဆယ်တန်းကျောင်းသူနှစ်ဦးဖြစ်သည့် မသွယ်သွယ်စန်းနှင့် မထွန်းနဒီ (ခ) မီးငယ်လေးတို့နှစ်ဦးကို ယမန်နေ့ညက ဖမ်းဆီးသွားကြောင်း ယင်းကျေး‌ရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းနောက် ယနေ့နံနက် ဆယ်နာရီခန့်တွင် စစ်တပ်ကားများ ရွာထဲထပ်ရောက်လာပြီး ဆန္ဒပြခေါင်းဆောင်‌၏ နေအိမ်ကို လိုက်လံရှာဖွေနေကြောင်း ၎င်းကပြောသည်။ “ဆယ်တန်းကျောင်းသူနှစ်ယောက်ကို ဖမ်းသွားတယ်။ ပြန်လွှတ်ပေးမယ်လို့ပြောသွားတယ်။ ဒီမနက်ကျတော့ ရွာထဲမှာ ဆန္ဒပြခေါင်းဆောင်အိမ် ဘယ်မှာလဲဆိုပြီး လိုက်မေး‌ပြီး အိမ်တွေကိုဝင်စီးတယ်။ ဖမ်းမိတဲ့သူကို စစ်ဆေးပြီး လာဖမ်းတယ်လို့ထင်တယ်” […]

ထားဝယ် ကြက်စားပြင်ရပ်ကွက် ဗုံးပေါက်ကွဲမှု အမျိုးသားတစ်ဦးသေဆုံး

diz_admin

May 13, 2021

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် မေလ ၁၂ ရက်ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးကာ အနည်းဆုံးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းရပ်ကွက်နေပြည်သူအချို့ထံမှ သိရသည်။ ကြက်စားပြင်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်ဆောင်တွင် ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပြီး ယင်းအိမ်တွင်နေထိုင်သူ အသက် ငါးဆယ်ကျော်အရွယ် ဦးဖေသန်း သေဆုံးသွားကြောင်း ၎င်းတို့ကပြောသည်။ ယင်းနောက် ဦးဖေသန်းအိမ်နှင့် ၅ အိမ်ခန့်အကွာရှိ နေအိမ်တစ်လုံးတွင် ပေါက်ကွဲမှုထပ်ဖြစ်ရာ ယင်းနေအိမ်ရှိ အသက် ငါးဆယ်ကျော်အရွယ် လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည် ဒေသခံများက ပြောသည်။ ယင်းပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှစ်ခုမှာ ကြက်စားပြင်ရပ်ကွက် စောမိညိုစာသင်ကျောင်း အနောက်ဘက်လမ်း တွင် တည်ရှိကြောင်း ရပ်ကွက်သားတစ်ဦးက ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးပြီး ပြန်ထွက်သွားသည့် ရဲကားနှင့် အရေးပေါ်ကားတို့မှာ မင်းရပ်ကူးတို့လမ်းဆုံအနီးတွင် လက်လုပ်ဗုံးဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်း ကြက်စားပြင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ ထိုနောက် သေနတ်ဖြင့် […]

ထားဝယ်နှင့် မြိတ်မှ မိုးလေဝသတိုင်တာရေး ဝန်ထမ်းသုံးဦး အလုပ်ထုတ်ခံရ

diz_admin

May 13, 2021

တနင်္သာရီတိုင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ မိုးလေဝသတိုင်းတာရေး ဝန်ထမ်းသုံးဦး မေလ ၁၂ ရက်က အလုပ်ထုတ်ခံလိုက်ရကြောင်း အလုပ်ထုတ်ခံရာတွင်ပါဝင်သူအမျိုးသမီးတစ်ဦးက ပြောသည်။ အလုပ်ထုတ်ခံလိုက်ရသူတို့မှာ ထားဝယ်မြို့ရှိ တိုင်းဒေသကြီးမိုးလေဝသနှင့် ဇလဗေဒဦးစီးနရုံးမှ မိုးလေဝသတိုင်းတာရေး – ၃ ဝန်ထမ်းများဖြစ်သည့် ဒေါ်စုစုလှိုင်၊ ဦးရဲမင်းလတ်နှင့် မြိတ်ခရိုင်ရုံးမှ မိုးလေဝသတိုင်းတာရေး- ၃ ဒေါ်မေနှင်းဇော်တို့ဖြစ်သည်။ ၎င်းတို့သုံးဦးသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သဖြင့် အလုပ်ထုတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ “မတရားအလုပ်ထုတ်ခံလိုက်ရတယ်လို့ခံစားရတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ အလုပ်မထုတ်မီ လုပ်ငန်းခွင်ဝင်ရောက်ရန် ပျက်ကွက်နေမှုအတွက် လာရောက်ဖြေရှင်းရန် အကြိမ်ကြိမ်ခေါ်ယူခဲ့သေးသော်လည်း အဆုံးထိ CDM လုပ်မည်ဟုဆုံးဖြတ်ထားသဖြင့် သွားရောက်မဖြေရှင်းခဲ့ဟု ၎င်းကပြောသည်။ တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် မိုလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ဝန်ထမ်း ၅၂ ဦးကို အလုပ်ထုတ်ပယ်ကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။ […]