BREAKING
January 10, 2025

နိုင်ငံရေး

ဘုရားသုံးဆူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

May 19, 2021

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး မေလ ၁၉ ရက်နေ့ နံနက်ပိုင်းခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ဘုရားသုံးဆူမြို့ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းဆိုသူကို ယနေ့နံနက် ၉ နာရီဝန်းကျင်ခန့်က အမည်အသိလူတစ်စုက ဆိုင်ကယ်ဖြင့် လာရောက် ပစ်သတ်သွားခြင်းဖြစ်သည်။ ဦးကျော်ဇင်မင်းသည် ၎င်း၏ ကား၊ ဆိုင်ကယ် ရေဆေးဆိုင်တွင် ရှိနေစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု မြို့ခံတို့က ပြောသည်။ “သူ့ရဲ့ ကား ဆိုင်ကယ်ရေဆေးဆိုင်မှာပဲ ဖြစ်သွားတယ်၊ ဒီမနက် ၉ နာရီကျော်ကျော်လောက်မှာ ဆိုင်ကယ်နဲ့ လာပြီးတော့ ပစ်သွားတယ်လို့တော့ ပြောတယ်၊ ဘယ်သူဘယ်ဝါလဲဆိုတာတော့ မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ အခင်းဖြစ်ပွားရာနေရာတွင် လုံခြုံရေးတပ်ဖွဲ့တို့မှ အင်အားဖြင့် လုံခြုံရေးရယူထားပြီး အသွားအလာ ပိတ်ထားသည်ဟုလည်း […]

မီဒီယာဉပဒေနှင့်အညီဆောင်ရွက်ရန် အဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက်တောင်းဆို

diz_admin

May 19, 2021

မီဒီယာဉပဒေနှင့်အညီ အမိန့်ချပေးရန် ဖမ်းဆီးခံထားရသည့် မြိတ်အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော် က တောင်းဆိုလိုက်သည်။ မေလ ၂၈ ရက်နေ့က ၅ ကြိမ်မြောက် ထောင်အတွင်း အထူး တရားရုံးသို့ ရုံးထုတ်စဉ် တောင်းဆို လိုက်ခြင်းဖြစ်သည်။ ကိုအောင်ကျော်သည် ရာဇဝတ်မှုကျူးလွန်ခဲ့သူတစ်ဉီးမဟုတ်ဘဲ သတင်းမီဒီယာသမားတစ်ဉီး ဖြစ်သည့်အတွက် မီဒီယာဉပဒေဖြင့်သာ အရေးယူအမိန့်ချပေးပါရန် တရားသူကြီးအား တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူ မနေခြည်မိုးထက် ကပြောသည်။ “လာမဲ့ ၂၆ ရက် ရုံးချိန်းမှာ အမှုနဲ့ပတ်သက်ပြီး လျှောက်လဲချက်အပြီးတင်ရမယ်”ဟု ၎င်းကပြောသည်။ သတင်းအမှားထုတ်လွှင့်သည်ဟုဆိုကာ မြိတ်အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်အား မတ်လ ၁ ရက်နေ့က မြိတ်မြို့တွင် ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုခဲ့ပြီးနောက် ထောင်တွင်းတရားရုံးတွင် ရက်နေ့အထိ ၅ […]

မော်လမြိုင်တွင် တက္ကသိုလ် ကျောင်းသူကျောင်းသား ၈ ဦး အဖမ်းခံရ

diz_admin

May 18, 2021

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မေလ ၁၇ ရက်နေ့ညက တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦး ဖမ်းဆီးခံရကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။ မေလ ၁၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်တွင် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ စုပေါင်းနေထိုင်နေကြသည့် နေအိမ်သို့ တပ်ကောင်စီတပ်ဖွဲ့တို့က အင်အားဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့် ကျောင်းသူ ကျောင်းသား ၈ ဦးတွင် မော်လမြိုင်တက္ကသိုလ်မှ ၂ ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) မှ ၅ ဦးနှင့် မော်လမြိုင်တက္ကသိုလ် အဝေးသင်ကျောင်းသား ၁ ဦးတို့ ဖြစ်သည်ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။ တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦးအား ဖမ်းဆီးရသည့်အကြောင်းအရင်းနှင့် လက်ရှိတွင် […]