BREAKING
January 9, 2025

နိုင်ငံရေး

ထိတ်တလန့်လန့် တောင်ပျောက်တိုက်နယ်

diz_admin

May 25, 2021

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်းရှိ တောင်ပျောက်တိုက်နယ်အတွင်းသို့ မေလ ၂၃ ရက် နံနက်စောစောတွင် စစ်သားအင်အား ၁၀၀ ကျော် ဝင်ရောက်လာပြီး ကျေးရွာအချို့တွင် တပ်စွဲလိုက်သည်။ ထိုနောက် စစ်ကြောင်းနှစ်ခုဖြန့်ခွဲပြီး တိုက်နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရှာဖွေမှုများ လုပ်ဆောင်နေပြီး တိုက်နယ်အတွင်းသို့ သွားသည့်လမ်းဆုံတွင် ရဲတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ပျောက်တိုက်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင် KNU တပ်ဖွဲ့ လှုပ်ရှားနေရာဖြစ်ပြီး ကျေးရွာ ၁၀ ရွာ ရှိပြီး အိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိသည်။ ကျောက်အိုင်၊ အလယ်စု၊ ကျွဲခြံ၊ ဝမ်းကဖော်၊ သဲချောင်းကြီး၊ ဗျတ်ဝိသား၊ မယ်ကဲ အစရှိသည့် ကျေးရွာများဖြစ်သည်။ လူဦးရေအားဖြင့် နှစ်သောင်းဝန်းကျင် ရှိသည်ဟု ဒေသခံအချို့ထံမှ သိရသည်။ ထိုသို့ စစ်တပ်က လာရောက်တပ်စွဲထားသည့်အတွက် ဒေသခံများက […]

တနင်္သာရီတိုင်းတွင် ပထမရက် ကျောင်းအပ်နှုန်း ၃ ရာခိုင်နှုန်းကျော်

diz_admin

May 25, 2021

အခြေခံပညာကျောင်းများဖွင့်လှစ်ရန် စတင်ကျောင်းလက်ခံသည့် မေလ ၂၄ ရက်နေ့တွင် ကျောင်းသား ကျောင်းသူ ၃ ဒသမ ၃ ရာခိုင်နှုန်းဝန်းကျင် လာရောက်အပ်နှံကြောင်းတနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။ တပ်ကောင်စီက အခြေခံပညာကျောင်းများပြန်ဖွင့်မည်ဟုဆိုကာ မေလ ၂၄ ရက်နေ့မှစကာ ကျောင်းအပ်လက်ခံနေသည်။ တနင်္သာရီ တိုင်းအတွင်း ကျောင်းအပ်ရမည့် ကျောင်းသားအရေအတွက် သုံးသိန်းဝန်းကျင်ရှိပြီး ကျောင်းအပ်လက်ခံသည့် ပထမဆုံးရက်တွင် ကျောင်းသားဦးရေ တစ်သောင်းကျော် ကျောင်းအပ်ခြင်းဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၄ ရက်မှ ၃၁ ရက်နေ့ အထိ သတ်မှတ်ထားသည်။ ဇွန်လ ၁ ရက်နေ့တွင် ကျောင်းစဖွင့်မည်ဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာ ကောက်ခံမည် မဟုတ်ကြောင်း တပ်ကောင်စီက ထုတ်ပြန်ထားသည်။ ထို့အပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့် Mask များကို […]

ကမြောကင်းကျောင်းဆောင် မီးလောင်မှု ရှို့မီးဟု မီးသတ်တပ်ဖွဲ့ဆို

diz_admin

May 25, 2021

လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာ အထက်တန်းကျောင်းဆောင်မီးလောင်မှုမှာ ရှို့မီးဖြစ်ကြောင်း ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။ မေလ ၂၄ ရက် ည၁၀ နာရီ မိနစ် ၄၀ ခန့်တွင် မီးလောင်သည်ဟု သတင်းရပြီး မီးသတ်ကားများဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ မိနစ် ၃၀ ခန့် အကြာတွင် မီးငြိမ်းခဲ့ကြောင်း အထက်ပါ တပ်ဖွဲ့ထံမှ သိရသည်။ မီးလောင်နေကြောင်း သတင်းရရှိချိန်၊ မီးသတ်ကားထွက်ချိန်နှင့် မီးလောင်ရာနေရာသို့ ရောက်ရှိချိန်မှာ မိနစ်အနည်းငယ်သာ ကြာပြီး မီးသတ်ကားရောက်ရှိချိန်တွင် ကျောင်းဆောင်တစ်ခုလုံး မီးလောင်ကျွမ်းမှုများပြားနေပြီဖြစ်သည့်အတွက် ရှို့မီးဖြစ်ကြောင်း ခရိုင်မီးသတ် တာဝန်ရှိသူက ဆိုသည်။ “ကျွန်တော်တို့ ခန့်မှန်းလို့ရတယ်။ ရိုးရိုး ဖယောင်းတိုင်မီး ဆေးလိပ်မီး၊ လျှပ်စစ်မီးဆိုလို့ရှိရင် အဲဒီလောက်ကြီး ဗြုန်းကနဲ ခဲကနဲ ထမလောင်နိုင်ဘူး” ဟု ယင်းတာဝန်ရှိသူက ပြောသည်။ ကမြောကင်းကျေးရွာအုပ်စု […]

ညောင်ရေသွန်းရင်း ဆန္ဒပြတဲ့ ညင်းမော်ရွာသပိတ်

diz_admin

May 25, 2021

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာတွင် မေလ ၂၅ ရက် ကဆုန်လပြည့်နေ့ နံနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ညောင်ရေသွန်းရင်း ဆန္ဒပြခဲ့သည်။ ညင်းမော်ရွာ၏ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် သရုပ်ဖော်တင်ဆက်မှုများဖြင့် ခေတ်ကိုသရော်သည့် ပြကွက်များလုပ်လေ့ရှိသည်။ ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်တွင်မူ သရုပ်ဖော်ပြကွက်များ မလုပ်တော့ပေ။

အောက်ကျောက်ဝပ် ၊ကံပေါက် မေလ ၂၄ ညသပိတ်

diz_admin

May 25, 2021

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိ အောက်ကျောက်ဝပ်ကျေးရွာနှင့် ရေဖြူမြို့နယ် ကံပေါက်ဒေသတို့တွင် မေလ ၂၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

လောင်းလုံး ကျေးရွာသပိတ်

diz_admin

May 24, 2021

လောင်းလုံးမြို့နယ်ထဲက မောင်းမကန်၊ညင်းမော်၊ကြက်ယက်တွင်း ကျေးရွာတွေမှာ မေလ ၂၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ ဒါ့အပြင် ကြက်ယက်တွင်းကျေးရွာ ကျောင်းသား မိဘ‌တွေ အပါအဝင် ဒေသခံအချို့က ကျောင်းလာတဲ့ ဆရာ၊ဆရာမ တွေ CDM မှာပါဝင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

လူအင်အားများတဲ့ ဝေဒီကျေးရွာ သပိတ်

diz_admin

May 24, 2021

လောင်းလုံးမြို့နယ်ထဲက ဝေဒီကျေးရွာသပိတ်စစ်ကြောင်းဟာ မေလ ၂၄ ရက်မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။