လောင်းလုံးတောင်ပိုင်း ကျေးရွာတွေရဲ့ညနေသပိတ်
diz_admin
May 29, 2021လောင်းလုံးမြို့နယ်ထဲက ကညုံကျွန်း၊ကထောင်းနီ၊လေးသွန်းခံ၊ဂေါ့အင်း စတဲ့ကျေးရွာတွေမှာ မေလ ၂၈ ရက်နေ့ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
လောင်းလုံးမြို့နယ်ထဲက ကညုံကျွန်း၊ကထောင်းနီ၊လေးသွန်းခံ၊ဂေါ့အင်း စတဲ့ကျေးရွာတွေမှာ မေလ ၂၈ ရက်နေ့ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့ရသူတွေအတွက်ဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို လောင်းလုံးမြိုနယ် စစ်ပြဲရွာနဲ့ရေဖြူ ကျေးရွာတွေမှာ မေလ ၂၈ ရက် ညနေက ပြုလုပ်ခဲ့ပါတယ်။
လောင်းလုံးမြိုနယ်ထဲက နခံတော၊ ဝေဒီ၊မဲမော်၊ မြခါးပတ် စတဲ့ကျေးရွာတွေမှာ မေလ ၂၈ ရက်ညက စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်
ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ မေလ ၂၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ ကံပေါက်ဒေသရဲ့ ၁၁၀ ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့နေ့လည်း ဖြစ်ပါတယ်။
ထားဝယ်ခရိုင်၊လောင်းလုံးမြိုနယ်ထဲက မောင်းမကန်၊ ညင်းမော်၊ ကဒက်ကြီး စတဲ့ကျေးရွာများဟာ မေလ ၂၈ ရက် နေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းနဲ့ လူငယ်သပိတ်စစ်ကြောင်းတို့ဟာ မေလ ၂၉ ရက် မနက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ပါတယ်။
ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့ရသူများအား ရည်မှန်း၍ ထားဝယ်မြို့ကြက်စားပြင်ရပ်ကွက်တွင် မေလ ၂၈ ရက်ညက ဖယောင်းတိုင်မီးထွန်း ဆုတောင်းခဲ့ကြပါတယ်။ ဒါ့အပြင် ဝဲကျွန်း ရပ်ကွက်နေ ပြည်သူတွေကလည်း ကျဆုံးခဲ့ရသူတွေအတွက် ရည်စူးပြီး ဝတ်ရွတ်ဆုတောင်းခဲ့ကြပါတယ်။
ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်ရှိ ဝေဒီကျေးရွာတွင် မေလ ၂၈ ရက် နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။