လောင်းလုံး ကျေးရွာ မနက်ခင်းသပိတ်
diz_admin
May 30, 2021ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်ထဲက မဲမော်၊ ညင်းမော်၊ ကဒက်ကြီးစတဲ့ ကျေးရွာသပိတ်စစ်ကြောင်းများဟာ မေလ ၃၀ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်ထဲက မဲမော်၊ ညင်းမော်၊ ကဒက်ကြီးစတဲ့ ကျေးရွာသပိတ်စစ်ကြောင်းများဟာ မေလ ၃၀ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။
ထားဝယ်မှာ အဖမ်းအဆီးတွေများနေသည့်ကြားက တပ်ပေါင်းစုသပိတ်စစ်ကြောင်းနှင့် လူငယ်ရေးရာသပိတ်စစ်ကြောင်းသည် မေလ ၃၀ ရက် မွန်းလွဲပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။
ရေဖြူမြို့နယ်ရှိ ကံပေါက်ဒေသမှာ မေလ ၃၀ ရက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ ကံပေါက်ဒေသရဲ့ ၁၁၂ ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ နေ့လည်းဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ရက်ပေါင်းတစ်ရာကျော်ကြာမြင့်ချိန်တွင် တစ်စုတစ်စည်းတည်း တည်ရှိခဲ့သည့် ထားဝယ်မြို့မှာ နှစ်ပိုင်းကွဲသလိုဖြစ်သွားခဲ့လေပြီ။ တပ်ကောင်စီ ခွဲခြမ်းလိုက်ခြင်းဖြင့် လူဦးရေ တစ်သိန်းကျော် နေထိုင်သောထားဝယ်မြို့၏ တောင်ဘက်ရှိ ရပ်ကွက်အချို့ အဝင်အထွက်များကို တင်းကျပ်လိုက်သည်။ ထားဝယ်မြို့အတွင်း ဖြတ်သန်းစီးဆင်းလာသည့် ဘုမ္မော်ချောင်းကို ဖြတ်ဆောက်ထားသော တံတားအများစုကို မေလ ၃၀ ရက်နေ့က ပိတ်ချလိုက်သည်။ ဘုမ္မော်ချောင်း၏ တောင်ဘက်တွင် ကြက်စားပြင်ရပ်ကွက်၊ ဘုမ္မော်ရပ်ကွက်နှင့် ဒေါင်းငူတံငါရပ်ကွက်ရှိပြီး မြို့ပေါ်ရပ်ကွက် အများစုက ထားဝယ်မြို့၏ မြောက်ဘက်တွင်တည်ရှိနေသည်။ ထားဝယ်မြို့တွင် ရပ်ကွက်စုစုပေါင်း ၁၅ ခုရှိသည်။ ထားဝယ်မြစ်အတွင်း အရှေ့မှ အနောက်သို့ ဖြတ်သန်းစီးဝင်သော ဘုမ္မော်ချောင်းကို ဖြတ်သန်းသွားလာနိုင်ရန် တံတားခြောက်စင်းရှိသည်။ ခြောက်စင်းအနက် တံတားလေးစင်းတွင် သံဆူးကြိုးများ ကာရံလိုက်သည်။ အနောက်ဘက်အကျဆုံး ထားဝယ်ကမ်းနားလမ်းရှိ တံတားနှင့် အရှေ့ဘက်အကျဆုံး အထက ၂ ကျောင်းအနီး(တောင်ခွလမ်းဆုံ) […]
ပစ်ခတ်ဖောက်ခွဲမှုများ ဖြစ်လေ့ရှိသော ထားဝယ်မြို့ရှိ ကြက်စားပြင်ရပ်ကွက်တွင် ည ၆ နာရီနောက်ပိုင်း လမ်းမထွက်ရန် အပါအဝင် ပိုမိုတင်းကျပ်သော စည်းမျဉ်းများ ကို တပ်ကောင်စီက လိုက်လံ ကြေညာလျက်ရှိသည်။ ည ၆နာရီနောက်ပိုင်း လမ်းမထွက်ရန်၊ ရပ်ကွက်အတွင်းသို့ ဝင်ထွက်သွားလာရာတွင် သတ်မှတ်လမ်းများမှသာ သွားလာရန်နှင့် နေအိမ်ဝင်ပေါက်တွင် မိသားစုဓာတ်ပုံများကပ်ထားရန် အစရှိသည့် ကန့်သတ်ချက်များကို တပ်ကောင်စီက ကြေညာနေကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။ ယင်းကန့်သတ်ချက်များလိုက်နာရန် မေလ ၂၉ ရက် ညနေက ရပ်ကွက်အတွင်း ရဲကားဖြင့် လှည့်လည်ကြေညာနေကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။ လက်ရှိတွင် ရပ်ကွက်အတွင်းရှိ မင်းရပ်ကူးတို့လမ်းဆုံနှင့် ရပ်ကွက်ဈေးနံဘေးရှိ ရွာလယ်ဇရပ်တို့တွင် စစ်တပ်က တပ်စွဲထားပြီး ပစ်ခတ်မှုများ ပေါက်ကွဲမှုများ အမြဲတမ်းနီးပါး ဖြစ်ပွားနေသည်။ အထက်ပါအချက်များအပြင် ၎င်းတို့အစည်းအဝေးခေါ်ချိန်တွင် အိမ်ထောင်ဦးစီးဖြစ်သူ မပျက်မကွက်တက်ရောက်ရမည့် […]
နေ့စဉ်ရက်ဆက်မပျက် ဆန္ဒပြနေသော ထားဝယ်တွင် မေလ ၂၉ ရက်ညနေပိုင်းတွင် လူငယ်တစ်ဆယ်ကျော်အဖမ်းခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက် Mickey စားသောက်ဆိုင်တွင် လူငယ်ဆယ်ဦးခန့် အဖမ်းခံလိုက်ရသည်ဟု ထားဝယ်ရိုင် သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။ “ဆိုင်မှာ အဖမ်းခံရတာ ဆယ်ယောက်၊ လက်ရှိစာရင်းရတာတော့ ကိုးယောက်ပဲ ရသေးတယ်၊ စားသောက်ဆိုင်ထဲမှာ တစ်ခုခုစားနေတုန်း ဝင်လာဖမ်းတာဆိုပြောတယ်”ဟု ထားဝယ်မြို့ခံ တစ်ဦးက ဆိုသည်။ ယင်းအပြင် ကျောက်မော်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်ကို တပ်ကောင်စီ၏တပ်ဖွဲ့ဝင်များက ဝင်စီးရာ ငါးဦးခန့် အဖမ်းခံလိုက်ရသည်ဟု မျက်မြင်တွေ့ရှိသူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ “(အဖမ်းခံရသူတွေက) သူတို့က အနောက်မှာ မုန့်စားနေတုန်း (အဖမ်းခံလိုက်ရတယ်)” ဟု ၎င်းက ဆိုသည်။ တပ်ကောင်စီ၏တပ်ဖွဲ့ဝင်များသည် သတင်းအတိအကျဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အရပ်ဝတ်ဖြင့် သေနတ်ကိုင်ကာ ဝင်လာခြင်းဖြစ်သည်ဟု ၎င်းက […]
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် သဘောဆိပ်ကျေးရွာတွင် မေလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ရွာသားခြောက်ဦးကို တပ်ကောင်စီ တပ်ဖွဲ့ဝင်များလာ ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရှိရသည်။ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကို ရှင်းရှင်းလင်းလင်း မသိရကြောင်း အဖမ်းခံရသူ၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောကြားသည်။ အဖမ်းခံရသူများမှာ ဦးမြင့်စိန်၊ ဦးဘအို၊ ဦးမောင်နိုင်ဝင်း၊ ဦးဖိုးရွှေဟား၊ ကိုအောင်လွင်ဆန်း နှင့် မောင်အောင်ဖြိုးညီတို့ ဖြစ်ကြောင်း သိရှိရသည်။ အဖမ်းခံရသူအချို့ကို လွတ်ပေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဆက်သွယ်လာသော်လည်း ယနေ့ နေ့လယ်ပိုင်းအထိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မလွတ်ပေးသေးပေ။ သဘော့ဆိပ်ရွာမှာ မောင်းမကန်ကမ်းခြေအနီးတွင် တည်ရှိသည့် ထင်ရှားသော ပင်လယ်ငါးစျေး တည်ရှိရာ ကျေးရွာဖြစ်သည်။
လောင်းလုံးမြိုနယ်ရှိ ညင်းမော်ရွာသပိတ်စစ်ကြောင်းဟာ မေလ ၂၉ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကို နေ့တိုင်းနီးပါးဆန့်ကျင်နေတာလည်း ဖြစ်ပါတယ်။