BREAKING
January 5, 2025

နိုင်ငံရေး

ကမြောကင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် သေနတ်ဖြင့် ပစ်သတ်ခံရ

diz_admin

June 4, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဇွန်လ ၄ ရက်နေ့ နံနက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကျေးရွာအုပ်စု အတွင်းရေးမှူးဖြစ်သူ ဦးဉာဏ်သိန်း ခေါ် ဦးအာလူးကို ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ကမြောကင်းကျေးရွာအုပ်စု၊ သောကြာပြင်ရွာရှိ ၎င်းနေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ “သူ့အိမ်ရှေ့မှာ ရပ်နေတုန်းမှာ ပစ်သွားတယ်လို့ သိရတယ်၊ သေနတ်သံ လေးချက်ကြားရတယ်၊ အခုထိ အရေးပေါ်ကားက ရပ်ထားတုန်းရှိသေးတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ လက်ရှိတွင် သေနတ်ပစ်ခံရသည့် ဦးအာလူးမှာ သေဆုံးသွားပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ ဦးအာလူးမှာ ယခင်စစ်အစိုးရလက်ထက်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့ဖူးသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ဆိုင်ကယ်ပေါ်ကနေ […]

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ပစ်ခတ်မှုဖြစ်ပွား

diz_admin

June 4, 2021

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာတွင် ဇွန်လ ၄ ရက်နေ့ နေ့လယ်ပိုင်းခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ ယနေ့ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်က တံခွန်တိုင် ရဲစခန်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA နှင့် ရဲနှင့် နယ်ခြားစောင့်တပ် BGF ပူးပေါင်းအဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ ယင်းဒေသမှာ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ၏ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် လည်း ဖြစ်သည်။ တိုက်ပွဲကြောင့် တံခွန်တိုင်ကျေးရွာခံများ ဘေးလွတ်ရာ ရွာအပြင်ဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ “ပစ်ခတ်မှုဖြစ်တာက နေ့လယ် ၁၁ နာရီနဲ့ ၁၂ နာရီ ဝန်းကျင်လောက်မှာ ဖြစ်တယ်၊ လက်နက်ကြီးတွေရော အသေးတွေရော […]

ထားဝယ်အထူးစီးပွားရေးဇုန် ဆက်လုပ်မည်ဟုဆို

diz_admin

June 4, 2021

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် စီမံကိန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း တပ်ကောင်စီ ခေါင်းဆောင်က ပြောကြားလိုက်သည်။ ဇွန်လ ၁ ရက်နေ့က ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးတွင် ထုတ်ပြန်ပြောဆိုခဲ့ ခြင်းဖြစ်သည်။ ယခင်က ဒုတိယ သမ္မတ က တာဝန်ယူထားသော မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌအဖြစ် နကစကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တာဝန်ယူထားသည်။ လက်ရှိတွင် အထူးစီးပွားရေးဇုန် အဖွဲ့အစည်းအားလုံး ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဗဟိုအစည်းအဝေးတွင် ပြောသည်။ အထူးစီးပွားရေးဇုန်များအတွက် ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် သက်ဆိုင်ရာဇုန်အလိုက် စီမံခန့်ခွဲမှုကော်မတီများ ရှိသည်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် အထူးစီးပွားရေးဇုန်များဖွံ့ဖြိးတိုးတက်ရေးအတွက် ဆက်လုပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအစည်းအဝေးတွင် ပြောသည်။ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွင်း ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသည့် […]

၁၁၆ ရက်မြောက် ကံပေါက်သပိတ်

diz_admin

June 4, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဇွန်လ ၃ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ‘တောင်တန်း ပြည်မ ညီညွတ်ကြ’ လှုပ်ရှားမှုနဲ့ ဆန္ဒပြခဲ့ပါတယ်

လောင်းလုံးမြောက်ပိုင်း ကျေးရွာညသပိတ်

diz_admin

June 4, 2021

လောင်းလုံးမြိုနယ် မြောက်ပိုင်းကျေးရွာတွေဖြစ်တဲ့ နခံတော ၊ဝေဒီ စတဲ့ ကျေးရွာတွေမှာ ဇွန်လ ၃ ရက် ည‌က စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်။

လောင်းလုံးကျေးရွာအချို့ရဲ့ ညနေသပိတ်

diz_admin

June 4, 2021

လောင်းလုံးမြို့နယ်ထဲက သဗျာ၊ ပဉ္စသီမော်၊ လေးသွန်းခံ၊ ရေဖြူ စတဲ့ ကျေးရွာတွေမှာ ဇွန်လ ၃ ရက်ညနေကစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ထားဝယ် ဆိုင်ကယ်သပိတ်

diz_admin

June 4, 2021

ထားဝယ် တပ်ပေါင်းစုသပိတ်စစ်ကြောင်းနဲ့ လူငယ်သပိတ်စစ်ကြောင်းတို့ဟာ ဇွန်လ ၄ ရက်‌နေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ပါတယ်