BREAKING
January 4, 2025

နိုင်ငံရေး

ကျေးရွာနှစ်ရွာရဲ့ သပိတ်

diz_admin

June 7, 2021

သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာနဲ့ လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ရွာတွေမှာ ဇွန်လ ၆ ရက်ညက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်ခဲ့ပါတယ်။

လောင်းလုံးကျေးရွာအချို့ရဲ့ မနက်ခင်းသပိတ်

diz_admin

June 7, 2021

လောင်းလုံးမြို့နယ်ထဲက မောင်းမကန်နဲ့ ညင်းမော် ကျေးရွာတွေမှာ  ဇွန်လ ၇ ရက်နေ့ မနက်ပက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

နယ်စပ်ဝင်ပေါက်မှ ITC ကတ်ဖြင့် ဆပ်ပြာ၊ ဆပ်ပြာမှုန်နှင့် သွားတိုက်ဆေး တင်သွင်းခွင့်ပိတ်ပင်

diz_admin

June 6, 2021

နယ်စပ်ဝင်ပေါက်များမှ တစ်ဦးချင်းကုန်သွယ်မှု မှတ်ပုံတင်လက်မှတ်(ITC) ကတ်ဖြင့် ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေး တင်သွင်းခွင့်ကို ဇွန်လ ၄ ရက်နေ့မှ စပြီးတင်သွင်းခွင့်ပိတ်လိုက်သည်။ နိုင်ငံခြားသုံးငွေလျော့ချနိုင်ရေး၊ SME လုပ်ငန်းမှထုတ်လုပ်သည့် ကုန်ပစ္စည်းများဈေးကွက်ယှဉ်ပြိုင်မှု အကာအကွယ် ပေးနိုင်ရေးတို့အတွက် ယင်းကဲ့သို့ တင်သွင်းခွင့်ရပ်ဆိုင်းကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။ တစ်ဦးချင်းကုန်သွယ်မှု မှတ်ပုံတင်လက်မှတ်(ITC) ကတ်ဖြင့် တစ်ပတ်လျှင် ကျပ်သိန်း ၁၅၀ ပမာဏရှိ သတ်မှတ်ထားသည့် ကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုနေကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေးကို ITC ကတ်ဖြင့် တင်သွင်းမှုရပ်ဆိုင်းလိုက်သော်လည်း ကုမ္ပဏီအနေဖြင့် တိုက်ရိုက်တင်သွင်းရောင်းချမှု ဆက်ရှိနေမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။ “ကုမ္ပဏီအနေနဲ့တော့ ရှိမှာပါ။ ပိတ်တာကတော့ ITC ကတ်နဲ့ ခဏပိတ်ထားတာပေါ့၊ ရေရှည်တော့ […]

၁၁၇ ရက်မြောက် ကံပေါက်သပိတ်

diz_admin

June 6, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဇွန်လ ၄ ရက်နေ့က တောင်တန်းပြည်မ ညီညွတ်ကြ ဆောင်ပုဒ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

လောင်းလုံးကျေးရွာတွေရဲ့ ညသပိတ်

diz_admin

June 6, 2021

လောင်းလုံးမြို့နယ်ထဲက ကုန်းဇရပ်၊ကညုံကျွန်း၊ကြက်ယက်တွင်းစတဲ့ ကျေးရွာတွေမှာ ဇွန်လ ၄ ရက်ညက စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်။

လောင်းလုံး တောင်ပိုင်းကျေးရွာအချို့ရဲ့ ညနေသပိတ်

diz_admin

June 6, 2021

လောင်းလုံးမြို့နယ်ထဲက လေးသွန်းခံ၊ဂေါ့အင်း၊ ရေဖြူ၊ ကဒက်ငယ်ဆိပ် စတဲ့ကျေးရွာတွေမှာ  ‌ဇွန်လ ၅ ရက်ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်းမှ INGO အဖွဲ့များ ခေတ္တရုံးပိတ်ထားရန် ညွန်ကြား

diz_admin

June 5, 2021

တနင်္သာရီတိုင်းအတွင်းရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေသည့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း INGO အဖွဲ့များ လတ်တလောအခြေအနေများအရ ခေတ္တရုံးပိတ်ထားပြီး ရုံးချုပ်တွင်သွားရောက်အခြေပြုရန် တိုင်းလူမှုဝန်ထမ်း ဦးစီးဌာနက ညွှန်ကြားလိုက်သည်။ တနင်္သာရီတိုင်းစီမံအုပ်ချုပ်ရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် ညွန်ကြားခြင်းဖြစ်ပြီး မည်သည့်အတွက် ယင်းသို့ညွန်ကြားခဲ့ရသည်ကိုမူ မသိရကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။ “ဘာကြောင့် လုပ်ငန်းရပ်နားခိုင်းရတာလဲဆိုတာကိုတော့ ကျွန်တော့ အနေနဲ့ ရှင်းပြလို့မရနိုင်ဘူး။ အစိုးရအဖွဲ့က စာထုတ်လို့ တို့ဌာနက ညွန်ကြားချက်ပြန်ထုတ်တာပါ” ဟု ဦးထွန်းထွန်းနိုင်ကဆိုသည်။ တိုင်းအတွင်းလူသားချင်းစားနာမှု အကူအညီများဆောင်ရွက်ရန် လူမူဝန်ထမ်း ဦးစီးဌာနနှင့် လက်မှတ်ရေးထိုးထားသော ဝေါဗီရှင် (World Vision Myanmar၊ ကလေးသူငယ်ရန်ပုံငွေအဖွဲ့ (Child Fund Myanmar)၊ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ဆောင်နေသည့် (Mines Advisory Group Myanmar) တို့လည်း ခေတ္တရုံးပိတ်ထားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ […]