လောင်းလုံးကျေးရွာအချို့ရဲ့ မနက်ခင်းသပိတ်
diz_admin
June 9, 2021လောင်းလုံးမြိုနယ်ထဲက မောင်းမကန်၊ကုန်းဇရပ်၊ညင်းမော်စတဲ့ ကျေးရွာတွေမှာ ဇွန်လ ၉ ရက်နေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြိုနယ်ထဲက မောင်းမကန်၊ကုန်းဇရပ်၊ညင်းမော်စတဲ့ ကျေးရွာတွေမှာ ဇွန်လ ၉ ရက်နေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ထဲက ဂေါ့အင်း၊လေးသွန်းခံ၊ပန်းဒလဲ စတဲ့ကျေးရွာတွေမှာ ဇွန်လ ၉ ရက် ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ဖမ်းဆီးခံထားရသည့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကောင်းမှုကျေးရွာသား အသက် ၂၈ နှစ်အရွယ် ကိုမောင်မောင်နှင့် မော်ငန်းကျေးရွာသား အသက် ၂၇ ခန့်အရွယ် ကိုသားကြီးတို့နှစ်ဦး ပြန်လွတ်လာခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ၎င်းတို့နှစ်ဦးအား ဇွန်လ ၈ ရက် နံနက် ၄ နာရီခန့်တွင် စစ်သားဆယ်ဦးခန့်က ဧည့်စာရင်းစစ်မည်ဟုဆိုကာ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကိုမောင်မောင်၏ ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။ “သတင်းပေးတဲ့သူက လက်နက်တွေရှိနေတယ်ဆိုပြီးသတင်းပေးလိုက်လို့ ဖမ်းတယ်လို့ပြောတယ်” ဟု ၎င်းကဆိုသည်။ လက်ရှိတွင် ဖမ်းဆီးခံထားရသူနှစ်ဦးအား မောရဝတီရေတပ်တွင် ထိန်းသိမ်းထားပြီး ၎င်းတို့နှစ်ဦး၏ လက်ကိုင်ဖုန်းများကို စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဇွန်လ ၉ ရက် ညနေ ၂ နာရီခန့်တွင်ပြောသည်။ ပုံစာ- ဖမ်းဆီးခံထားရသည့် ကောင်းမှုရွာသား ကိုမောင်မောင်
ထားဝယ် တပ်ပေါင်းစုသပိတ်စစ်နဲ့ လူငယ်ရေးရာသပိတ်စစ်ကြောင်းတို့ဟာ ဇွန်လ ၇ ရက်နေ့ မနက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ရပ်ကွက်များနှင့် ဈေးများတွင် လှည့်လည်တရားဟောခဲ့ပါတယ်။ ညနေပိုင်းမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ထဲက ကညုံကျွန်း၊ဂေါ့အင်း၊ ရေဖြူ၊ ကဒက်ငယ်ဆိပ်စတဲ့ကျေးရွာတွေမှာ ဇွန်လ ၇ ရက်နေ့ ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဇွန်လ ၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်
ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဇွန်လ ၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၂၁ ရက်မြောက် ဆန္ဒပြခဲ့ပါတယ်။
ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းနဲ့ လူငယ်ရေးရာသပိတ်စစ်ကြောင်းဟာ ဇွန်လ ၈ ရက်နေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်