BREAKING
September 16, 2024

နိုင်ငံရေး

သထုံမြို့ လဝကရုံးတွင် ဗုံးပေါက်

diz_admin

December 4, 2021

မွန်ပြည်နယ် သထုံမြို့နယ် လဝကရုံးတွင် ဗုံးပေါက်ကွဲသဖြင့် ဆိုင်ကယ်အချို့နှင့် လဝကရုံး အဆောက်အအုံ ထိခိုက်ပျက်စီးကြောင်း သထုံမြို့ခံများထံမှ သိရသည်။ သထုံမြို့ရှိ မြို့နယ် လဝကရုံးတွင် ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ရုံးရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ် သုံးစီးနှင့် ရုံးအဆောက်အအုံ နေရာအချို့ ထိခိုက်ပျက်စီးကြောင်း ၎င်းတို့ထံမှ သိရသည်။ “လဝကရုံး ပေါက်ကွဲမှုမှာ လူထိခိုက်တာတွေတော့ မရှိဘူးလို့ သိရတယ်” ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။ သထုံမြို့နယ် လဝကရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ငွေကြေးစီးဝင်မှုကို ဖြတ်တောက်စေလိုသောကြောင့် ဗုံးခွဲတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် ပြည်သူလူထုအနေနှင့်လည်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုကို ရှောင်ကြည်ပေးကြရန် […]

ပုလော ဂျက်ဂါကျေးရွာအနီး ပစ်ခတ်မှုဖြစ်

diz_admin

December 4, 2021

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဂျက်ဂါရွာအနီးတွင် စစ်တပ်နှင့် ပုလော PDF တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားကြောင်း ပုလော ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၃ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ကြားရကြောင်း ဒေသခံများက ပြောသည်။ “သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ ကြားရတာကတော့ မိနစ် နှစ်ဆယ်နီးပါးလောက်တော့ ရှိမယ်။ ဘယ်သူတွေ ဘာဖြစ်တယ်ဆိုတာတော့ မကြားရသေးဘူး” ဟု နန်းတောင်ရွာက ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ ဂျက်ဂါသည် နန်းတောင်ကျေးရွာအုပ်စုထဲတွင် ပါဝင်သည်။ ယင်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်- ပုလော (People’s Defence Force-Palaw) အဖွဲ့က ဂျက်ဂါရွာနေ ဒလန်အား သွားရောက်သတိပေးပြီးနောက် အပြန်တွင် ပစ်ခတ်မှုဖြစ်ပွား […]

ရွေးကောက်ပွဲ တစ်နှစ်ပြည့် တနင်္သာရီ

diz_admin

November 8, 2021

ခေတ်သစ်မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ အဆင့်တစ်ဆင့် ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဒီနေ့ တစ်နှစ်ပြည့်ပါပြီ။ ဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အစိုးရ ဖွဲ့နိုင်တဲ့အထိ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာလည်း လွှတ်တော် နေရာ ၄၃ နေရာစလုံး ရာနှုန်းပြည့် အနိုင်ရခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးအကြား တနင်္သာရီတိုင်းမှာ မဲပေးသူ ရာခိုင်နှုန်း ၆၆.၅ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရလဒ် ကို မျက်ကွယ်ပြုပြီး စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။ အဲဒီနောက် ကိုးလကျော်အကြာအတွင်း အမျိုးမျိုးသော အာဏာသိမ်းဆန့်ကျင်မှုတွေ နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေဆဲပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကလည်း ၂၀၂၀ ရွေးကောက်ပွဲအပြီး တစ်နှစ်အကြာ မရေရာမှုတွေနဲ့ ဆက်သွားနေရဆဲပါ။ အဲဒီအကြောင်း ရုပ်သံကို […]

ကျီးလန့်စာစား တောင်ပျောက်တိုက်နယ်

diz_admin

November 5, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းကြောင်း ပိတ်ဆို့ထားတာ တစ်လကျော်လာပါပြီ။ ဒေသခံတွေလည်း စားနပ်ရိက္ခာ အခက်အခဲဖြစ်လာနေပါပြီ။တောင်ပျောက်တိုက်နယ် အဝင်အထွက်ဖြစ်သည့် သဲချောင်းကြီးရွာနှင့် စုံစင်ဖျားရွာ အဝင် အထွက်လမ်းပေါက်နှစ်ခုလုံးကို စစ်ကောင်စီတပ်ဖွဲ့များက လမ်းကြောင်းပိတ်ဆို့ထားလိုက်ပါတယ်။ ဖြတ်သန်းသွားလာသူများကို တားဆီးစစ်ဆေးတာ၊ စားနပ်ရိက္ခာသယ်ယူမှုကိုလည်း ကန့်သတ်ထားတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေ ကဆိုပါတယ်။ အဲဒီအကြောင်း ရုပ်သံကို Dawei Watch ရဲ့ Youtube တွင် ဝင်ကြည့်နိုင်ပါတယ်။

လောင်းလုံးဒေသခံများ ဆက်တိုက်အဖမ်းခံရ

diz_admin

November 3, 2021

နိုင်ဘာလ ၁ ရက်က လောင်းလုံး- စစ်ပြဲသွားလမ်းတစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ပြဲကျေးရွာအပါအဝင် အနီးနားကျေးရွာမှ ဒေသခံများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။  ယနေ့ နိုဝင်ဘာလ ၃ ရက်က လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာတွင် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်း သုံးဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။  ယင်းကျေးရွာနေ ကိုလုလုဇော်အား လာရောက်ဖမ်းဆီးရာ မတွေ့သဖြင့် ဇနီးဖြစ်သူနှင့် ၂ နှစ် အရွယ်ကလေးတစ်ဦး၊ ထို့အပြင် ဦးလေးဖြစ်သူ ကဒက်ထိန်ကျေးရွာ ရာအိမ်မှူးဟောင်းဖြစ်သူ ဦးဇော်ဝင်းကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟုဆိုသည်။  နိုဝင်ဘာလ ၂ ရက်က စစ်ပြဲကျေးရွာအုပ် စစ်ပြဲရှေ့ပိုင်းရှိ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်၏ မိသာစုနေအိမ်တစ်လုံး မီးရှို့ခံရပြီး ကျေးရွာဒေသခံ ၁၂ ဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။  […]