BREAKING
December 28, 2024

နိုင်ငံရေး

သေနတ်ပစ်ခံရသည့် ထားဝယ်မြို့နယ်ရွေးကော်ဥက္ကဋ္ဌ ခရီးသွားသည့် ကိစ္စ ပြန်ရှင်း

diz_admin

June 16, 2021

ထားဝယ်မြို့နယ်အရှေ့ဘက်တွင် သေနတ်ပစ်ခံရသည့် ထားဝယ်မြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ဒေသခံများအတွက် တစ်နိုင်တစ်ပိုင် သတ္တုလုပ်ကွက်လျှောက်ပေးရန် ထောက်ခံစာသွားယူပေးခြင်းသာဖြစ်ကြောင်း မြို့နယ်ရွေးကော်ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားသည်။ မြို့နယ်ရွေးကော်ဥက္ကဋ္ဌသည် ဇွန်လ ၁၄ ရက်နေ့က ထားဝယ်မြို့မှ ၂၅ မိုင်ကျော်ကွာဝေးသည့် ကျောက်မဲတောင်ကျေးရွာသို့သွားပြီး အပြန်ခရီးတွင် ၎င်းမောင်းနှင်လာသည့်ကားကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်သည်။ ဒေသခံများတစ်နိုင်တစ်ပိုင်လုပ်ကွက်လျှောက်ရန်အတွက် ကျောက်မဲတောင်ရွာ အုပ်ချုပ်ရေးမှူးထံတွင် ထောက်ခံစာယူပြီး ထားဝယ်မြို့သို့ပြန်လာချိန်တွင် ရမ္မဇူကျေးရွာထိပ်တွင် သေနတ်ပစ်ခတ်ခံရကြောင်း ဦးစိုးလွင်က ဆိုသည်။ ဦးစိုးလွင် ကျောက်မဲတောင်ကျေးရွာသို့ သွားသည့်ကိစ္စနှင့် ပတ်သက်၍ Facebook စာမျက်နှာပေါ်တွင် ပြောဆိုဝေဖန်မှုအမျိုးမျိုး ရှိနေခဲ့သည်။ “ကျွန်တော်ကနေ ဒေသခံတွေ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် တစ်နိုင်တစ်ပိုင် လုပ်ကွက်လျှောက်ပေးဖို့အတွက် ထောက်ခံချက်သွားယူတယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ” ဟု ဦးစိုးလွင်က ပြောသည်။ ကျောက်မဲတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ၎င်းထံတွင် ထောက်ခံချက် လာယူသည်မှာ […]

ထားဝယ်တွင် ဘဏ်မှတစ်ဆင့် ငွေထုတ်၊ ငွေလွှဲ ခက်ခဲနေဆဲ

diz_admin

June 16, 2021

ထားဝယ်တွင် ငွေထုတ်၊ ငွေလွှဲ ခက်ခဲနေဆဲဖြစ်သောကြောင့် ရာခိုင်နူန်းဖြင့် ငွေသားထုတ်ယူခြင်း၊ အွန်လိုင်းမှ တစ်ဆင့် တစ်ဦးချင်း တိုက်ရိုက် ‌ဘဏ်စာရင်းလွှဲပြောင်းခြင်းတို့ ပြင်ပတွင် ဖြစ်ပေါ်လျက်ရှိသည်။ ယင်းသို့သော အခြေအနေများကို Dawei Watch သတင်းဌာနကထားဝယ်မြို့ရှိ ဘဏ်အချို့ထံ ကိုယ်တိုင်သွားရောက်လေ့လာချက်၊ ဘဏ်ဝန်ဆောင်မူရယူရန် စောင့်ဆိုင်းနေသူများအား တွေ့ဆုံမေးမြန်းချက်များကို ဖော်ပြလိုက်သည်။ အွန်လိုင်းမှ တစ်ဦးချင်း တိုက်ရိုက်ဘဏ်စာရင်းလွှဲပြောင်းခြင်းဆိုသည်မှာ ဥပမာ ဧရာဝတီငွေစုဘဏ်စာရင်း ရှိသူက က‌မ္ဘောဇဘဏ်ငွေစုဘဏ်စာရင်း ထံသို့ အပြန်အလှန်ငွေလွှဲပြောင်းပေးခြင်းဖြစ်သည်။ ငွေစုဘဏ်စာရင်းမှငွေကို ငွေသားထုတ်ယူမည်ဆိုပါက အများဆုံး ၆ ရာခိုင်နှုန်းအထိ ဝန်ဆောင်ခပေးကာ ထုတ်ယူကြရသည်။ “ကျွန်တော်တို့ကလည်း ဒီဘက်မှာ ငွေပြန်ထုတ်ရတာ၊ ငွေသားပြန်ဖော်ရတာ အခက်အခဲရှိလို့ ရာခိုင်းနနှုန်းနဲ့ယူနေရတာပါ” ဟု ‌ဘဏ်ပြင်ပ ငွေလွှဲဝန်ဆောင်မူပေးနေသူတစ်ဦးကဆိုသည်။ ငွေလွှဲအခက်အခဲ ပုဂ္ဂလိကဘဏ် အများစုသည် ငွေထုတ်ဝန်ဆောင်မှုမှလွဲပြီး ကျန်ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း […]

ဖမ်းဆီးခံထားရသည့် ကနက်သီရိရွာသားအချို့ပြန်လွတ်

diz_admin

June 15, 2021

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် ဖမ်းဆီးခံထားရသည့် ရွာသားတစ်ဆယ်ကျော်ကို ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် ပြန်လွတ်ပေးလိုက်ကြောင်း ဒေသခံအချို့ကပြောကြားသည်။ အချို့မှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပြီး လူဦးရေအတိအကျကိုမူမသိရကြောင်း ၎င်းတို့က ပြောသည်။ “ဖမ်းထားတဲ့သူအားလုံးကိုတော့မလွှတ်ပေးသေးဘူး။ တချို့ ကျန်နေတဲ့သူတွေ ရှိသေးတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ကနက်သီရိကျေးရွာသို့ စစ်တပ်က ဇွန်လ ၁၂ ရက်က လာရောက်တပ်စွဲပြီးနောက် ရွာသားများအဖမ်းဆီးခံနေရပြီး အချို့ကိုပြန်လွှတ်ပေးနေခြင်းဖြစ်သည်။ ထားဝယ်မြို့ ပေါက်တိုင်းတံတားတွင် ဖမ်းဆီးခံလိုက်ရသည့် ကနက်သီရိရွာသား ကားသမားတစ်ဦးဖြစ်သူ ကိုလွင်ပိုင်ကျော်နှင့် ၎င်း၏ဖခင်ဦးစိုးမြင့်ကိုမူ ထားဝယ်အကျဉ်ထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ ကိုလွင်ပိုင်ကျော်အား လက်နက်အမှု သို့မဟုတ် မူယစ်ဆေးဝါးအမှုတစ်ခုခုဖြစ် တရားစွဲနိုင်ပြီး ဦးစိုးမြင့်ကိုမူ ဆန္ဒပြရာတွင်အသုံးပြုသည့် အလံ သိမ်းဆည်းထားခြင်းတို့ကြောင့် တရားစွဲခံရနိုင်ကြောင်း ဒေသခံတို့က ခန့်မှန်းနေကြသည်။ ရွာထဲတွင် တပ်စွဲထားသည်များကို […]

ကျွန်းစု CDM ဆရာမနှစ်ဦး ထောင်သုံးနှစ်စီ ချမှတ်ခံရ

diz_admin

June 15, 2021

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်သည်ဟုဆိုကာ ဆရာမနှစ်ဦးအား ဇွန်လ ၁၄ ရက်က ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချခံရကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။ ထောင်ဒဏ်ချမှတ်ခံရသူနှစ်ဦးမှာ ကျွန်းစုမြို့နယ် တောင်သုံးလုံးကျေးရွာတွင် တာဝန်ကျနေသည့် အလယ်တန်းပြဆရာမ ဒေါ်နေခြည်ထွေးနှင့် အုတ်ဖိုမော်ရွာတွင်တာဝန်ကျနေသည့် မူလတန်းပြဆရာမ ဒေါ်ချစ်မြတ်သူတို့ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် CDM တွင်ပါဝင်ပြီး လှုံ့ဆော်မှုလည်း ပြုလုပ်သည်ဟုဆိုကာ မတ်လ ၃၁ ရက်က နေအိမ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။ထိုနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ “ထောင်ကျသွားတဲ့မိသားစုမှာ အခက်အခဲတော့ရှိမှာပေါ့လေ။ အခက်အခဲမရှိတဲ့ သူဆိုတာ ဘယ်ရှိနိုင်မလဲ” ဟု ၎င်းကဆိုသည်။ ဒေါ်နေခြည်ထွေးနှင့် ဒေါ်ချစ်မြတ်သူတို့နှစ်ဦးအပါအဝင် အခြားသူများကိုလည်း ဇွန်လ ၁၄ ရက်က ထောင်ဒဏ်သုံးနှစ်စီအမိန့်ချမှတ်ခဲ့ပြီး […]

လောင်းလုံး‌ ‌ထွေအုပ်ရုံးအနီးပေါက်ကွဲမှု လူငယ်တစ်ဦး ဖမ်းဆီးခံရ

diz_admin

June 15, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှုးရုံးအနီး ဇွန်လ ၁၄ ရက်ညနေပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် အသက် ၂၀ နှစ်ဝန်းကျင် လူငယ်တစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဆွေမျိုးတော်စပ်သူအချို့ထံမှ သိရသည်။ ယမန့်နေ့ည ခြောက်နာရီကျော်ဝန်းကျင်က ထွေအုပ်ရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးခဲ့ကြောင်း အဖမ်းခံရသူနှင့် ဆွေမျိုးတော်စပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ထိုသို့ စစ်ဆေးနေသည်ကို အိမ်ပေါ်မှ ရပ်ကြည့်နေသော အသက် ၂၀ ကျော်အရွယ်ရှိ မောင်ထက်အောင်ယံအား ဓါတ်ပုံရိုက်သည်ဟုဆိုကာ ဖမ်းဆီးသွားသည်ဟု အထက်ပါ အမျိုးသမီးကပြောသည်။”သူက ပေါက်ကွဲသံကြားတော့ အပြင်ထွက်ကြည့်တယ်။ ရဲတစ်ယောက်က အထဲဝင်လို့ သူကိုပြောတယ်ပေါ့နော်။ သူအိမ်အောက်ရောက်တော့ ရဲတစ်ဦးက သူဓာတ်ပုံရိုက်နေတာ လား မသိဘူးဆိုပြီး သူဖုန်းကိုတောင်းတယ်။ ပြီးတော့ဖမ်းသွားတယ်”ဟု ၎င်းက ပြောသည်။ ဖမ်းဆီးခံရသော မောင်ထက်အောင်ယံအား မည်သည့်ပုဒ်မဖြင့် တရားစွဲဆို သွားမည်ကိုလည်း မသိရသေးကြောင်း အထက်ပါအမျိုးသမီးကဆိုသည်။မောင်ထက်အောင်ယံသည် […]

သရက်နှစ်ခွကျေးရွာ သပိတ်စစ်ကြောင်း

diz_admin

June 15, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက သရက်နှစ်ခွကျေးရွာ သပိတ်စစ်ကြောင်းသည် ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။ အဆိုပါ သပိတ်စစ်ကြောင်းသည် ဖြိုခွင်းခံရပြီး အမျိုးသမီးတစ်ဦး အဖမ်းခံရကြောင်း သိရသည်။ 

မိုးစက်ကြားက လောင်းလုံးကျေးလက်သပိတ်

diz_admin

June 15, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ညင်းမော်၊ အောက်ရေဖြူ ကျေးရွာများသည် ဇွန်လ ၁၅ ရက်နေ့မနက်ပိုင်းနဲ့ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

လောင်းလုံးကျေးလက် မနက်ခင်းသပိတ်

diz_admin

June 15, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက မောင်းမကန်၊ ညင်းမော်၊ စစ်ပြဲစတဲ့ ကျေးရွာများတွင် ဇွန်လ ၁၄ ရက်မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။