BREAKING
December 27, 2024

နိုင်ငံရေး

ထားဝယ်သပိတ်စစ်ကြောင်း

diz_admin

June 17, 2021

ထားဝယ် တပ်ပေါင်းစုသပိတ်စစ်ကြောင်းနှင့် လူငယ်ရေးရာ သပိတ်စစ်ကြောင်းသည် ဇွန်လ ၁၇ ရက် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

သင်းကျွန်းနဲ့ သရက်နှစ်ခွကျေးရွာ သပိတ်

diz_admin

June 17, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက သင်းကျွန်းကျေးရွာနှင့် သရက်နှစ်ခွ ကျေးရွာများဟာ ဇွန်လ ၁၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။

လောင်းလုံးက ကျေးလက်ညနေသပိတ်

diz_admin

June 17, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက အောက်ရေဖြူကျေးရွာတွင် ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။

လောင်းလုံးတွင် အမျိုးသားတစ်ဦးကို သေနတ်ပစ်ဖမ်းရန် ကြိုးပမ်း

diz_admin

June 17, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ပြီး ဖမ်းဆီးရန်ကြိုးစားခဲ့သော်လည်း ယင်းအမျိုးသားမှာ လွတ်မြောက်သွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ညင်းမော်ကျေးရွာ စာသင်ကျောင်းအနီး ဆိုင်တစ်ဆိုင်တွင် ထိုင်နေသော အသက် ၄၀ ကျော်အရွယ် အမျိုးသား တစ်ဦးကို ယနေ့နံနက်ပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အမျိုးသားမှာ ထွက်ပြေးသွားခဲ့ကြောင်း ယင်းအမျိုးသား၏ မိတ်ဆွေဖြစ်သူက ပြောကြားသည်။ “သေနတ်တစ်ချက်တော့ ပစ်လိုက်တယ်။ သူ့ကိုတော့ထိလား မထိလားမသိသေးဘူး သူကတော့လွတ်မြောက်သွားတယ်”ဟု ၎င်းက ဆိုသည်။ မည်သည့်အ‌ကြောင်းကြောင့် လာရောက်ဖမ်းဆီးခဲ့သည်ကိုမှု မသိရသေးပေ။ညင်းမော်ရွာတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများ နေ့စဉ်ရှိသည်။ ညင်းမော်ရွာသည် ထားဝယ်မြို့၏ တောင်ဖက် ၁၄ မိုင်‌ကျော်အကွာတွင်တည်ရှိပြီး နိုင်ငံကျော်ပန်းပုဆရာကြီး ဦဟန်တင်၏ ဇာတိဖြစ်သည်။

ဘုရားသုံးဆူမြို့ခံတစ်ဦး ထပ်မံပစ်သတ်ခံရ

diz_admin

June 16, 2021

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နေပြည်သူတစ်ဦး ဇွန်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံတို့ထံမှ သိရသည်။ဘုရားသုံးဆူမြို့ ရပ်ကွက် (၂) နေသူ ဦးမောင်ကျော်သည် ယနေ့နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က အမည်အသိ သေနတ်သမားတို့မှ ကားဖြင့် လာရောက် ပစ်သတ်သွားခြင်းဖြစ်သည်။ “သေနတ်သမားကတော့ ကားနဲ့ လာပစ်သွားတယ်လို့ ပြောတယ်၊ ခေါင်းထိသွားတယ်၊ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ပစ်သတ်ခံရသည့် ဦးမောင်ကျော်ဆိုသူသည် တပ်သတင်းပေးတစ်ယောက်ဟု ပြောဆိုနေကြသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ မေလ ၁၉ ရက်နေ့တုန်းကလည်း ဘုရားသုံးဆူမြို့ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းကို အမည်အသိလူတစ်စုတို့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်သတ်သွားခဲ့သည်။၎င်းပြင် ဇွန်လ ၈ ရက်နေ့ညနေခန့်ကလည်း မွန်ညီညွတ်ရေပါတီ၏ […]

လောင်းလုံးကျေးရွာအချို့ရဲ့ ညနေခင်းသပိတ်

diz_admin

June 16, 2021

လောင်းလုံးမြို့နယ်ထဲမှာရှိတဲ့ ကဒက်ငယ်ဆိပ်၊ဂေါ့အင်း၊ဝေဒီ စတဲ့ကျေးရွာ‌တွေမှာ ဇွန်လ ၁၅ ရက်နေ့ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။

လောင်းလုံးပင်မ သပိတ်စစ်ကြောင်းနဲ့ ကျေးရွာ‌တွေရဲ့သပိတ်

diz_admin

June 16, 2021

လောင်းလုံးမြို့နယ်ပင်မသပိတ်စစ်ကြောင်းနဲ့ သဗျာ၊ ပဉ္စသီမော်၊ စစ်ပြဲ၊ ညင်းမော်၊ ရေဖြူ စတဲ့ ကျေးရွာသပိတ်စစ်ကြောင်းတွေဟာ ဇွန်လ ၁၆ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။