BREAKING
December 27, 2024

နိုင်ငံရေး

မုဒုံ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ဖမ်းဆီးခံရ

diz_admin

June 18, 2021

မွန်ပြည်နယ် မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ဒေါက်တာ ဘုန်းဝေဦးကို တပ်ကောင်စီက ဇွန်လ ၁၇ ရက်ညတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မုဒုံမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် (၂) တွင် NLD ပါတီ ကိုယ်စားပြုဖြင့် ဝင်ပြိုင်ခဲ့သည့် ဒေါက်တာ ဘုန်းဝေဦးသည် ရွေးကောက်ပွဲ ရှုံးနိမ့်ထားသူတစ်ဦးဖြစ်သည်။ အဆိုပါ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းအား ၎င်း၏ ဇာတိဖြစ်သည့် မုဒုံမြို့နယ် ကလော့သော့ကျေးရွာတွင် စစ်သားနှင့် ရဲ အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ကလော့သော့ရွာမှာ အဖမ်းခံလိုက်ရတယ်လို့တော့ သိရတယ်၊ အခြေအနေကတော့ ဘာမှ မသိရသေးဘူး” ဟု မွန်ပြည်နယ် NLD တာဝန်ရှိသူတစ်ဦးက ပြောသည်။မေလ ၅ ရက်နေ့တုန်းကလည်း မုဒုံမြို့နယ် NLD ပြန်ကြားရေးတာဝန်ခံ […]

ထားဝယ်တွင် ထီလုပ်ငန်းများ အရှုံးပေါ်သဖြင့် ရပ်နား

diz_admin

June 18, 2021

ထားဝယ်တွင် ထီလုပ်ငန်းများ အရှုံးပေါ်သဖြင့် ရပ်နားထားကြောင်း ထီရောင်းချသူအချို့ထံက သိရသည်။တပ်အာဏာသိမ်းပြီးနောက် အောင်ဘာလေထီထိုးသူမရှိသလောက် နည်းသွားသဖြင့် လုပ်ငန်းအရှုံးပေါ်ခဲ့ရပြီး မတ်လတည်းက ထီလုပ်ငန်းများအားလုံးနီးပါး ရပ်နားထားကြောင်း ထီရောင်းသူအချို့က ပြောသည်။ တပ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ထီမထိုးကြရန် ပြည်သူအချင်းချင်း လှုံ့ဆော်မှု၊ စည်းလုံးညီညွှတ်မှုကြောင့် ထီထိုးသူမရှိသလောက်နည်းပါးသွားပြီး ယင်းလတွင် ထီလက်ကျန်များသဖြင့် ကျပ်သိန်းငါးရာခန့်အရှုံးပေါ်ခဲ့သည်ဟု ထားဝယ်မြို့မှ ထီလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ “ဖေဖော်ဝါရီလမှာ ထီရောင်းအားမရှိလို့ဆိုပြီး မတ်လလယ်အထိ အချိန်တိုးရောင်းခွင့်ပေးခဲ့ပေမယ့် ထီထိုးသူက မရှိဘူးလေ၊ ထိုးတဲ့သူရှိရင်တော့ အစ်မတို့ကရောင်းမှာပေါ့” ဟု ထီလုပ်ငန်းရှင်အမျိုးသမီးက ဆိုသည်။ ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲရပ်ကွက်ရှိ ထီဆိုင်တွင် တစ်လလျှင် စောင်ရေ ၁၂၀၀ ခန့်ယူရောင်းရာ ဖေဖော်ဝါရီလတွင်ထွက်မည့် ထီမှာ စောင်ရေ ၁၀၀၀ ကျန်ပြီး အရှုံးပေါ်သဖြင့် လုပ်ငန်းရပ်နားလိုက်ရသည်ဟု ဆိုင်ရှင်ဖြစ်သူက ဆိုသည်၊ထီရောင်းအားနည်းသဖြင့် […]

လောင်းလုံးကျေးရွာအချို့ရဲ့ ညနေသပိတ်

diz_admin

June 18, 2021

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်ထဲက ဝေဒီ၊ ဂေါ့အင်း စတဲ့ကျေးရွာများဟာ ဇွန်လ ၁၇ ရက်နေ့ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

အသံမတိတ် လောင်းလုံးကျေးလက်သပိတ်

diz_admin

June 18, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက စစ်ပြဲ၊ ထိန်တွင်း ၊ဂေါ့အင်း စတဲ့ကျေးရွာများဟာ ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

လောင်းလုံးကျေးလက် အရုဏ်ဦးသပိတ်

diz_admin

June 18, 2021

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်ထဲက အောက်ရေဖြူ၊ကဒက်ငယ်ဆိပ်စတဲ့ကျေးရွာများတွင် ဇွန်လ ၁၈ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး အာရုဏ်ဦးသပိတ်ပြုလုပ်ခဲ့ပါတယ်။

လောင်းလုံးကျေးရွာအချို့ရဲ့ ညနေပိုင်းသပိတ်

diz_admin

June 17, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ကညုံကျွန်း၊ ကထောင်းနီ၊ ဂေါ့အင်း၊ ကဒက်ငယ်ဆိပ်၊ ကုန်းဇရပ် စတဲ့ကျေးရွာများဟာ ဇွန်လ ၁၆ ရက်နေ့ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။