BREAKING
December 27, 2024

နိုင်ငံရေး

ကံပေါက်ဒေသ ပန်းသပိတ်

diz_admin

June 20, 2021

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်နဲ့ ပန်းသပိတ်ကို ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ထားဝယ်တောင်ပိုင်း သပိတ်

diz_admin

June 19, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက  သရက်နှစ်ခွကျေးရွာနှင့် ပန်းတောကျေးရွာတွေမှာ  ဇွန်လ ၁၉ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်

diz_admin

June 19, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း လူငယ်များနှင့် ကဒတ်ကြီး၊ လေးသွန်းခံ၊ ညောပြင်၊ ဝေဒီ၊ ကုန်းဇရပ်၊ ပန်းဒလဲ စသည့်ကျေးရွာတွေဟာ ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှာမှုသပိတ်ကို ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည်။

လောင်းလုံးက ကျေးလက်က ပန်းသပိတ်

diz_admin

June 19, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ရေဖြူ၊ ညင်းမော် ၊စစ်ပြဲ၊ မဲမော် စတဲ့ ကျေးရွာတွေမှာ ဇွန်လ ၁၉ ရက်နေ့မနက်ပိုင်းက  ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်ပြုလုပ်ခဲ့ကြပါတယ်။ 

သရက်ချောင်း ပိန်းတောသပိတ်စစ်ကြောင်းဖြိုခွဲခံရပြီး လေးဦးအဖမ်းခံရ

diz_admin

June 19, 2021

သရက်ချောင်းမြို့နယ် ပိန်း‌တောသပိတ်စစ်ကြောင်းသည် ယနေ့မွန်းလွဲ ၂ နာရီခန့်က သေနတ်ပစ်ဖောက်ဖြိုခွင်းခံရပြီး အမျိုးသမီးလေးဦးအဖမ်းခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ပိန်းတော၊ ပန်းချီရှောင်၊ ပန်းပြင် ကျေးရွာများပူးပေါင်းသပိတ်စစ်ကြောင်းသည် လှည့်လည်ဆန္ဒပြပြီး ပန်းချီရှောင်သင်္ချိုင်းအနီးတွင် လူစုခွဲနေချိန် သေနတ်ပစ်ဖောက်ဖြိုခွင်းခံရခြင်းဖြစ်ကြောင်း စစ်ကြောင်းတွင်ပါဝင်သူတစ်ဦးက ပြောသည်။ “သေနတ်တစ်ချက်၊ နှစ်ချက်ဖောက်လိုက်သေးတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဆိုင်ကယ်ထားခဲ့ပြီး ပြေးတာ” ဟု ၎င်းကဆိုသည်။ ဆန္ဒပြစစ်ကြောင်းတွင်ပါဝင်သူများ၏ ဆိုင်ကယ်အစီး‌ရေ သုံးဆယ်ကျော်လည်း သိမ်းဆည်းခံရကြောင်း‌ ဒေသခံ အချို့က ဆိုသည်။ ဖမ်းဆီးခံရသည့် အမျိုးသမီးလေးဦးအနက် တစ်ဦးမှာ ဘုန်းကြီးကျောင်းသို့လာချိန်တွင် အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လောင်းလုံး ရေဖြူကျေးရွာ သပိတ်စစ်ကြောင်း ဖြိုခွဲခံရ

diz_admin

June 19, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာသပိတ်စစ်ကြောင်းအား ယနေ့နံနက် ၁၁ နာရီခန့်က အရပ်ဝတ် လက်နက်ကိုင်မျာ ၏ လိုက်လံဖြိုခွဲခံရ‌ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းသပိတ်စစ်ကြောင်းသည် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာ အရောက်တွင် အရပ်ဝတ်လက်နက်ကိုင်ခြောက်ဦး စီးနင်းလိုက်ပါလာသည့် အဖြူရောင်အိမ်စီးကားတစ်စီးက သပိတ်စစ်ကြောင်းနောက်သို့ သေနတ်ဖောက်ကာ လိုက်နေကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။ အရပ်ဝတ် လက်နက်ကိုင်ကားဝင်လာသည့်လမ်းနှင့် သပိတ်စစ်ကြောင်း ချီတက်နေသည့်လမ်းမှာ မတူညီ‌သဖြင့် ဆန္ဒပြစစ်ကြောင်းတွင်ပါဝင်သူများ အဖမ်းမခံရဘဲ လူစုခွဲနိုင်ခဲ့သည်ဟုဆိုသည်။ “ရွာထဲမှာ သေနတ်သုံးလေးချက်ပစ်သံကြားရတယ်။ လယ်ထဲက တက်လာတဲ့ သူတွေကိုလည်း သေနတ်ထောက်ပြီး စစ်ဆေးနေကြတယ်” ဟု ၎င်းက ပြောသည်။ ထိုသို့ဖြိုခွင်းပြီးနောက်မှ ဆန္ဒပြရာတွင် မပါဝင်သူအချို့ အဖမ်းခံလိုက်ရ‌ကြောင်း ဒေသခံအချို့က ဆိုသည်။ ‌ရေဖြူဘက်က တက်လာသည့် ရဲကားနှင့် အံစာတုံးအမျိုးအစား ကားပေါ်တွင် ‌ခြောက်ဦးခန့်ဖမ်းခေါ်သွားသည်ကို မြင်ရကြောင်း […]