BREAKING
December 26, 2024

နိုင်ငံရေး

လောင်းလုံးတောင်းပိုင်း ညနေသပိတ်

diz_admin

June 22, 2021

လောင်းလုံးမြို့နယ်ထဲမှာရှိတဲ့ လေးသွန်းခံ၊ကဒက်ငယ်ဆိပ်၊အောက်ကျောက်ဝပ်စတဲ့ကျေးရွာတွေမှာ ဇွန်လ ၂၁ ရက်နေ့ ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

အမေ ငွေမျှော်နေရော့မယ်

diz_admin

June 21, 2021

ကိုကျော်စိုးတစ်ယောက် မလေးရှားကနေ မြန်မာပြည်တွင်းက မိခင်ဖြစ်သူထံ ငွေပို့ပေးဖို့ အခက်အခဲဖြစ်နေပါတယ်။ ဝါဆိုသင်္ကန်းကပ်ချင်တဲ့ သူ့အမေဆီ ငွေငါးသိန်းကျပ် ပို့ချင်နေတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ကိုဗစ်ကြောင့် လမ်းထွက်လို့မရဖြစ်နေတာကြောင့် ငွေပို့သွားဖို့ ခက်ပါတယ်။ အဲဒီကြားမှာပဲ မြွေပူရာကင်းမှောက်ဖြစ်ပါတယ်။ မြန်မာနိုင်က ပုဂ္ဂလိကဘဏ်တွေကို ငွေပို့ရခက်ခဲတာ၊ ပို့ချင်သလောက်ပို့လို့မရတာတွေက ထပ်ဆင့်ဖြစ်ပွားနေပြန်ပါတယ်။အဲဒီလိုအခက်အခဲတွေကြောင့် ဝါဆိုသင်္ကန်းကပ်ချင်တဲ့ အမေ့ဆန္ဒမဖြည့်ဆည်းနိုင်မှာကို ကိုကျော်စိုးတစ်ယောက် စိုးရိမ်နေရပါတယ်။ “ကိုယ့်မိဘကို ထောက်ပံ့ချင်လို့ ငွေပို့ပေးဖို့ကို ဟိုမေး၊ ဒီမေး လိုက်စုံစမ်းနေရတယ်” လို့ ကိုကျော်စိုးက ပြောပါတယ်။ကိုကျော်စိုးဟာ မလေးရှားနိုင်ငံ ဆလန်းဂေါပြည်နယ် ကလန်းမြို့မှာ စားသောက်ဆိုင်ရောင်းနေတာဖြစ်ပါတယ်။ သူ့ဇာတိက စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်သားဖြစ်ပါတယ်။ သူဟာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်သူတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့တာပါ။ သူနဲ့ ဇနီးဖြစ်သူက မလေးရှားမှာ အလုပ်လုပ်နေတာ နှစ်ဆယ်ချီရှိနေပါပြီ။ သားသမီးနှစ်ဦးကတော့ လောင်းလုံးမြို့နယ်က ရွာတစ်ရွာမှာ သူ့ယောက္ခမတွေနဲ့အတူတူ […]

မော်လမြိုင်တွင် လူငယ်နှစ်ဦး ပစ်သတ်ခံရ

diz_admin

June 21, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် ဇွန်လ ၂၀ ရက်နေ့ညက ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။ ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က မော်လမြိုင် ကျောက်မီးသွေးရုံးမီးပွိုင့်နေရာတွင် ရဲနှင့် စစ်တပ် အင်အား ၂၀ ခန့်တို့က ဖြတ်သန်းသွားလာနေသူတို့ကို တားဆီးစစ်ဆေးမှုပြုလုပ်နေခဲ့သည်။ထိုသို့ တားဆီးစစ်ဆေးနေစဉ် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးက ကျောက်မီးသွေးရုံး မီးပွိုင့်နေရာအရောက်တွင် ဆိုင်ကယ်ရပ်မပေးဟုဆိုကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတို့ထံမှ သိရသည်။ ပစ်သတ်ခံရသည့် လူငယ်နှစ်ဦးသည် ဘီလူးကျွန်း အဘစ်ကျေးရွာမှ မောင်မိုးဇော်ဦးနှင့် မောင်ဇော်မင်းဦးတို့ဖြစ်ကြောင်းလည်း သိရသည်။ “ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာ၊ ပစ်လိုက်ပြီးတော့ အဲအနားကို ဘယ်သူမှလည်း ပေးမကပ်ဘူး နောက် အချိန်နဲနဲကြာတော့မှ လူနာတင်ကားနဲ့ လာတင်သွားတယ် နှစ်ယောက်စလုံး သေသွားတယ်” ဟု […]

ရေဖြူ လွှတ်တော်ကိုယ်စားလှယ်၏ ဖခင် ထောင် ၂ နှစ် အချခံရ

diz_admin

June 21, 2021

တနင်္သာရီတိုင်း ရေဖြူမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦး‌ကျော်ဇေယျာစိုး၏ ဖခင်ဖြစ်သူ ဦးငွေစိုး(ခ) ဦးစန်းချုပ်အား ထောင် ၂ နှစ် အမိန့်ချမှတ်ခံရကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅- က ကြီးဖြင့် တရားစွဲခြင်းခံထားရသည့် ဦးငွေစိုး(ခ) ဦးစန်းချုပ်ကိုရုံးချိန်ခုနှစ်ချိန်း အမှုစစ်ဆေးအပြီး ဇွန်လ ၂၁ ရက်တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ ထားဝယ်ထောင်တွင်းအထူးတရားရုံးတွင် အမှုစစ်ဆေးပြီး ယင်းကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဦးကျော်ဇေယျာစိုးက ပြောသည်။ “အာဏာသိမ်းထားတာကိုက မတရားဘူးဆိုတာ သိနေပြီးသား။ သူတို့ရဲ့ လုပ်ရပ်အားလုံးကတော့ မတရားဘူးလို့ပဲခံစားရတယ်။ လတ်တလောကတော့ မတတ်သာလို့သာ ဖမ်းဆီးချုပ်နှောင်ခံနေရတာပါ” ဟု ဦးကျော်ဇေယျာစိုးက ဆိုသည်။ ဦးငွေစိုးသည် မတ်လ ၁၁ ရက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေစဉ် စစ်ကားသုံးစီးဖြင့်လာရောက် ဖမ်းဆီးခံလိုက်ရပြီးနောက် CDM လှုံဆော်အားပေးကူညီသည်ဟုဆိုကာ […]

တနင်္သာရီ အခြေခံပညာ သင်ကြားရေး ဆရာ၊ ဆရာမ ငါးရာကျော် လျှောက်ထား

diz_admin

June 21, 2021

တနင်္သာရီတိုင်းတွင် အခြေခံပညာ သင်ကြားရေး ဆရာ၊ ဆရာမ လျှောက်ထားသူ ၅၆၂ ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ Ph.D ဘွဲ့၊ မဟာဘွဲ့၊ B.A ဘွဲ့၊ B.Sc ဘွဲ့၊ PED ဘွဲ့ရသူများနှင့် ဂုဏ်ထူးတန်းအောင်သူများကို သက်ဆိုင်ရာဘွဲ့အလိုက် အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြအဖြစ် ခန့်အပ်ရန် စီစဉ်နေသည်။ သင်ကြားရေးဆရာ လျှောက်ထားမှုကို မေလ နောက်ဆုံးအပတ်မှ ဇွန်လ ၁၅ ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှတဆင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု အထက်ပါဌာနထံမှ သိရသည်။ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်များတွင် လူတွေ့၊ နုတ်ဖြေ၊ ရေးဖြေအင်တာဗျူးများကို လာရောက်ဖြေဆိုသူ ၅၀၀ ဦးရှိကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အလုပ်ခန့်တာကတော့ ရုံးချုပ်က စာကျလာတဲ့အချိန်ခန့်မှာပေါ့” ဟု […]

မိုးရေထဲက လောင်းလုံးကျေးလက်သပိတ်

diz_admin

June 20, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်းရှိ အောက်ရေဖြူ၊ ညင်းမော် စတဲ့ကျေးရွာတွေမှာ ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

လောင်းလုံးကျေးလက် ညနေသပိတ်

diz_admin

June 20, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲအတွင်းက ပြင်ကျောင်း၊ ကြက်ယက်တွင်း၊ နတ်စင်ရှောင်၊ အောက်ကျောက်ဝပ်၊ ဂေါ့အင်း၊ ကညုံကျွန်း၊ ကထောင်းနီ၊ ကဒက်ငယ်ဆိပ် စတဲ့ကျေးရွာတွေမှာ ဇွန်လ ၁၉ ရက်နေ့ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက်မွေးနေ့ပွဲ ကျင်းပခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။