BREAKING
December 22, 2024

နိုင်ငံရေး

ဂျပန်-ရုရှား စစ်‌ရေးတင်းမာမှု သုံးသပ်ချက်

diz_admin

April 28, 2022

“တုန့်ပြန်မှုတွေ ချက်ခြင်းလုပ်ပစ်မယ်” လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အီဂေါမိုဂူလော့ဗ် က ပြောလိုက်တယ်။ရုရှား ပိုင်နက်နယ်မြေနားမှာ အမေရိကန်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တိုးမြှင့်ခြင်းနဲ့ ပတ်သက်ပြီး ရုရှားအစိုးရက  ဂျပန်အစိုးရကို သတိပေးလိုက်တာပါ။ ရုရှားနယ်မြေနားမှာ အမေရိကန်-ဂျပန် ရေကြောင်းစစ်ဆင်ရေး လေ့ကျင့်တာတွေ အရှိန်မြင့်လာတာကြောင့် တင်းမာမှုတွေ မြင့်တက်လာမယ်လို့ ဒုဝန်ကြီးက ပြည်တွင်းမီဒီယာတစ်ခုကို ပြောလိုက်တယ်။ ဂျပန်က ယူကရိန်းဘက်ကနေ ထောက်ခံတာ၊ NATO နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်တာတို့ လုပ်နေတာမို့ ဂျပန်အပေါ် ဒေါသထွက်နေတဲ့ ရုရှားအစိုးရဟာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ဆီကနေ သိမ်းထားတဲ့ ကျွန်းများ ပိုင်ဆိုင်မှုအရေး ကာလရှည် အငြင်းပွါးနေတဲ့ ပြဿနာကို ပြန်မွှေလာတယ်။  “ဂျပန်ဘက်က ဒီလိုမျိုးလုပ်တဲ့ လုပ်ရပ်ဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ရပ်လို့ မြင်ပါတယ်” ဆိုပြီး ရုရှားဒုဝန်ကြီးက ပြောခဲ့တယ်။ […]

ယူကရိန်းတို့ ဘာ့ကြောင့် မဖြစ်မနေအနိုင်ရသင့်တာလဲ

diz_admin

April 2, 2022

ယူကရိန်းနိုင်ငံထဲသို့ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ရန် ရုရှားတပ်ဖွဲ့များကို အာဏာရှင်သမ္မတဗလာဒီမာပူတင် အမိန့်ပေးခဲ့ချိန်တုန်းက `ရုရှားတို့အနေနှင့် လျင်လျင်မြန်မြန်အောင်ပွဲဆင်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သူမှာ သမ္မတပူတင်တစ်ဦးတည်းသာဖြစ်လိမ့်မည်ဟု ယူဆမိလျှင် မှားပေလိမ့်မည်။ အမှန်တွင် အနောက်ကမ္ဘာမှ စစ်ရေးကျွမ်းကျင်သူများနှင့် နိုင်ငံရေးလေ့လာဆန်းစစ်သူများကိုယ်တိုင် မြို့တော်ကိယက်ဗ်အပါအဝင် ယူကရိန်းသည် ၇၂ နာရီအတွင်း ရုရှားတို့၏သိမ်းပိုက်ခြင်းခံရလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။ ယူကရိန်းတို့၏ ရဲစွမ်းသတ္တိနှင့် အသိဉာဏ်ရှိရှိ လိမ္မာပါးနပ်စွာတုံ့ပြန်နိုင်မှုတို့က ယင်းသို့ ရုရှားတို့ ယူကရိန်းကိုအလွယ်တကူသိမ်းယူနိုင်လိမ့်မည်ဟု ထင်မှတ်ယူဆခဲ့သူများကို ဝေခွဲမရနိုင်လောက်အောင်ဖြစ်သွားစေခဲ့လေသည်။ ယခုဧပြီလဆန်းဆိုလျှင် ယူကရိန်းကို ရုရှားတို့ကျူးကျော်စစ်ဆင်နွှဲလာခဲ့သည်မှာ သီတင်းပတ်ခြောက်ပတ်ထဲသို့ရောက်လာပြီဖြစ်သည်။ အောင်ပွဲကိုလှမ်းမြင်လာရသူမှာ ရုရှားမဟုတ်တော့ပေ။ ယူကရိန်းတို့သည်သာ အောင်ပန်းဆွတ်ခူးနိုင်မည့် အနေအထားတွင်ရှိနေပေသည်။ ထို့အတူ ယူကရိန်းတို့၏အောင်ပွဲသည် ဥရောပဒေသလုံခြုံရေးမြေပုံကို ပြန်လည်ရေးဆွဲနိုင်ရေးအတွက် နောက်ထပ်အောင်ပွဲတစ်ရပ်ဟု ဆိုလျှင်လည်းမှားမည်မဟုတ်ပေ။ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က မြို့တော်ကိယက်ဗ်တွင် The Economist မဂ္ဂဇင်းနှင့်တွေ့ဆုံရာ ယူကရိန်းသမ္မတဗိုလိုဒီမာဇာလန်စကီးက ရုရှားကျူးကျော်စစ်အပေါ်ယူကရိန်းတို့ […]

ထားဝယ်ထောင်တွင်း ထိရောက်သော ဆေးကုသခွင့် အလိုရှိသည်

diz_admin

January 18, 2022

သေနတ်ဖြင့် အပစ်ခံခဲ့ရစဉ်က သေသွားသည်က ပိုကောင်းဦးမည်ဟု ကိုဝေယံဖြိုး မကြာခဏ ညည်းတွားလေ့ရှိသည်။ လက်ရှိ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသော အသက် ၁၈ နှစ် ဝန်းကျင်ရှိ ကိုဝေယံဖြိုးမှာ စစ်တပ်အာဏာသိမ်းမှုအပြီး ဆန္ဒပြသပိတ်စစ်ကြောင်းများတွင် ပါဝင်ခဲ့သည်။ ယင်းနောက် ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့က ထားဝယ်မြို့အနီးရှိ လယ်တဲ တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။ ကျည်ဆန်ထိမှန်ထားသည့် လက်မောင်းအတွင်းရှိ အရိုးကျိုးကြေနေပြီး စတီးရိုးထည့်ရန် လိုအပ်နေသော်လည်း ဒီဇင်ဘာလအထိ ထိရောက်သည့် ဆေးကုသခွင့်မရဖြစ်နေသည်။ ထားဝယ်အကျဉ်းထောင်သို့ သေနတ်ဒဏ်ရာ၊ စစ်ကြောရေးမှ ဒဏ်ရာများဖြင့် ရောက်လာသူ အခြားနိုင်ငံရေးအကျဉ်းသားများမှာလည်း ဆေးကုသခွင့်အပြည့်အဝမရဘဲ အကျဉ်းသား အခွင့်အရေးများ ဆုံးရှုံးနေကြောင်း ထားဝယ်ထောင်တွင် နေထိုင်ခဲ့ဖူးသော အကျဉ်းသား ၁၀ ဦးခန့်ကို ဆက်သွယ်မေးမြန်းချက် အရသိရသည်။ […]

ရန်ကုန် သပိတ်ဖြိုခွင်းခံရပြီးနောက် ထားဝယ်တွင် ဆန္ဒပြ

diz_admin

December 5, 2021

ရန်ကုန်သပိတ်စစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်တွင် အကြမ်းဖက် ဖြိုခွင်းခံလိုက်သည့် ယနေ့တွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများက ဒီဇင်ဘာ ၅ ရက်နေ့ ညတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ ကြည့်မြင်တိုင် ဖြိုခွင်းမှုတွင် ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြသော တော်လှန်ရေးရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် ‘ရန်ကုန်သွေးတွေ မြေခနေပြီ၊ တပြည်လုံးသွေးတွေ ဆူပွက်ကြဟေ့’ ကြွေးကြော်သံဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ Dawei Watch ရဲ့Youtube တွင်လည်း ဝင်ကြည့်နိုင်ပါတယ်။

သထုံမြို့ လဝကရုံးတွင် ဗုံးပေါက်

diz_admin

December 4, 2021

မွန်ပြည်နယ် သထုံမြို့နယ် လဝကရုံးတွင် ဗုံးပေါက်ကွဲသဖြင့် ဆိုင်ကယ်အချို့နှင့် လဝကရုံး အဆောက်အအုံ ထိခိုက်ပျက်စီးကြောင်း သထုံမြို့ခံများထံမှ သိရသည်။ သထုံမြို့ရှိ မြို့နယ် လဝကရုံးတွင် ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ရုံးရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ် သုံးစီးနှင့် ရုံးအဆောက်အအုံ နေရာအချို့ ထိခိုက်ပျက်စီးကြောင်း ၎င်းတို့ထံမှ သိရသည်။ “လဝကရုံး ပေါက်ကွဲမှုမှာ လူထိခိုက်တာတွေတော့ မရှိဘူးလို့ သိရတယ်” ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။ သထုံမြို့နယ် လဝကရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ငွေကြေးစီးဝင်မှုကို ဖြတ်တောက်စေလိုသောကြောင့် ဗုံးခွဲတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် ပြည်သူလူထုအနေနှင့်လည်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုကို ရှောင်ကြည်ပေးကြရန် […]

ပုလော ဂျက်ဂါကျေးရွာအနီး ပစ်ခတ်မှုဖြစ်

diz_admin

December 4, 2021

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဂျက်ဂါရွာအနီးတွင် စစ်တပ်နှင့် ပုလော PDF တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားကြောင်း ပုလော ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၃ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ကြားရကြောင်း ဒေသခံများက ပြောသည်။ “သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ ကြားရတာကတော့ မိနစ် နှစ်ဆယ်နီးပါးလောက်တော့ ရှိမယ်။ ဘယ်သူတွေ ဘာဖြစ်တယ်ဆိုတာတော့ မကြားရသေးဘူး” ဟု နန်းတောင်ရွာက ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ ဂျက်ဂါသည် နန်းတောင်ကျေးရွာအုပ်စုထဲတွင် ပါဝင်သည်။ ယင်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်- ပုလော (People’s Defence Force-Palaw) အဖွဲ့က ဂျက်ဂါရွာနေ ဒလန်အား သွားရောက်သတိပေးပြီးနောက် အပြန်တွင် ပစ်ခတ်မှုဖြစ်ပွား […]

ရွေးကောက်ပွဲ တစ်နှစ်ပြည့် တနင်္သာရီ

diz_admin

November 8, 2021

ခေတ်သစ်မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ အဆင့်တစ်ဆင့် ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဒီနေ့ တစ်နှစ်ပြည့်ပါပြီ။ ဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အစိုးရ ဖွဲ့နိုင်တဲ့အထိ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာလည်း လွှတ်တော် နေရာ ၄၃ နေရာစလုံး ရာနှုန်းပြည့် အနိုင်ရခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးအကြား တနင်္သာရီတိုင်းမှာ မဲပေးသူ ရာခိုင်နှုန်း ၆၆.၅ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရလဒ် ကို မျက်ကွယ်ပြုပြီး စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။ အဲဒီနောက် ကိုးလကျော်အကြာအတွင်း အမျိုးမျိုးသော အာဏာသိမ်းဆန့်ကျင်မှုတွေ နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေဆဲပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကလည်း ၂၀၂၀ ရွေးကောက်ပွဲအပြီး တစ်နှစ်အကြာ မရေရာမှုတွေနဲ့ ဆက်သွားနေရဆဲပါ။ အဲဒီအကြောင်း ရုပ်သံကို […]