BREAKING
December 26, 2024

နိုင်ငံရေး

လောင်းလုံးကျေးလက် ညသပိတ်

diz_admin

June 26, 2021

လောင်းလုံးမြို့နယ် ကုန်းဇရပ်၊ကညုံကျွန်း ကျေးရွာတွေမှာ ဇွန်လ ၂၅ ရက်ညက စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်

လောင်းလုံးကျေးလက် မနက်ခင်းသပိတ်

diz_admin

June 26, 2021

လောင်းလုံးမြို့နယ်ရှိ မောင်းမကန်၊ညင်းမော်၊ ကဒက်ငယ်ဆိပ်ကျေးရွာတွေမှာ ဇွန်လ ၂၆ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

လောင်းလုံး မြခါးပတ်ကျေးရွာတွင် သေနတ်ပစ်ဖောက်

diz_admin

June 26, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြခါးပတ်ကျေးရွာတွင် ဇွန်လ ၂၅ ရက်နေ့ ည ၇ နာရီ ဝန်းကျင်ခန့် တပ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာထိပ်တွင် သေနတ်ပစ်ဖောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ ယင်းနေ့ညနေပိုင်းတွင် မြခါးပတ်ကျေးရွာသပိတ်စစ်ကြောင်းကို သေနတ်သုံးချက်ခန့် ပစ်ဖောက်၍ ဖြိုခွဲသော်လည်း ထိခိုက်မှုမရှိခဲ့ဘဲ ည ၇ နာရီ ဝန်းကျင်ခန့်တွင် ထိုသို့ သေနတ်ပြန်လာဖောက်ခဲ့ကြောင်း အသက် ၂၀ ကျော် အရွယ် ဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။ “သပိတ်စစ်ကြောင်းကို လိုက်ဖြိုခွဲတာမဟုတ်ပါဘူး ခြိမ်းခြောက်ပစ်ခတ်တယ်လို့ယူဆရတယ်ဗျာ”ဟု အထက်ပါအမျိုးသားက ဆိုသည်။ အဆိုပါ ပစ်ခတ်မှုကြောင့်လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရသူမရှိပေ။မြခါးပတ်ကျေးရွာသည် ထားဝယ်-ရှင်မော်တောင်ဘုရားသွား ကားလမ်းမပေါ်တွင် တည်ရှိသည်။

သရက်ချောင်း ကျေးရွာသပိတ်

diz_admin

June 26, 2021

သရက်ချောင်းမြို့နယ်ရှိ သင်းကျွန်းရွာနဲ့ သရက်နှစ်ခွကျေးရွာတွေမှာ ဇွန်လ ၂၆ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ဆလိုင်းတင်မောင်ဦး ကြိုးပေး အသတ်ခံရတဲ့ ၄၅ နှစ်ပြည့် သပိတ်

diz_admin

June 26, 2021

ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဆလိုင်းတင်မောင်ဦး ကြိုးပေးအသတ်ခံရတဲ့ ၄၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထားဝယ်မြို့မှာ ဇွန်လ ၂၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။ ဒီလို ဆန္ဒပြရာမှာ ထားဝယ်ပင်မစစ်ကြောင်းနဲ့ ကျောင်းသားသပိတ်စစ်ကြောင်းတို့ ပါဝင်ခဲ့တာပါ။ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်မှာ လမ်းစဉ်ပါတီ အစိုးရက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင်မှာ ကြိုးပေးခဲ့ပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီအများစု အခက်တွေ့၊ အလုပ်သမားများ အလုပ်အနားခံရ

Ba Maung

June 25, 2021

ဘဏ်တွင်ငွေထုတ်ရန် ခက်ခဲမှု၊ ငွေကြေးဖောင်းပွမှုတို့ကြောင့် ဌာနဆိုင်ရာ တင်ဒါ တည်ဆောက်ရေးလုပ်ငန်းများ အခက်တွေ့နေရကြောင်း တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတို့ ထံမှ သိရသည်။ ယင်းအပြင် တနင်္သာရီတိုင်းတွင် အလုပ်မှ ရပ်နားခိုင်းလိုက်ရသော ဆောက်လုပ်ရေး အလုပ်သမား သောင်းချီရှိနိုင်ကြောင်း တနင်္သာရီတိုင်းအတွင်းရှိ ဆောက်လုပ်ရေးကုမ္ပဏီအချို့က ခန့်မှန်းကြသည်။ တည်ဆောက်ရေးလုပ်ငန်းလုပ်ကိုင်ရာတွင် အဆောက်အအုံ သို့မဟုတ် လမ်းတံတား တည်ဆောက်ပြီးစီးမှုရာခိုင်နှုန်းအလိုက် ငွေထုတ်ယူရသည်။ထိုသို့ငွေထုတ်ယူရာတွင် သက်ဆိုင်ရာဌာနများက ဘဏ်ချက်လက်မှတ်ဖြင့်သာ ပေးချေကြသည်။ ယင်းဘဏ်ချက်လက်မှတ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ခွင့်ရသည့်ငွေပမာဏကန့်သတ်ချက်များကြောင့် ပစ္စည်းဖိုးနှင့် အလုပ်သမားခပေးချေရာတွင် ငွေကြေးလည်ပတ်မှု အခက်အခဲဖြစ်နေကြသည်။ တနင်္သာရိတိုင်းအတွင်း မှတ်ပုံတင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီ ၄၀၀ ကျော်ရှိပြီး လက်ရှိအနေအထားအတိုင်း ဆက်သွားပါက ကုမ္ပဏီအငယ်စားအများစုမှာ ရပ်နားရမည့် အခြေအနေရှိကြောင်း တိုင်းဒေသကြီးဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌက ပြောသည်။“အင်အားကြီးတဲ့ကုမ္ပဏီတွေဆို ကျားကန်ပေးပြီးတောင့်ခံထားပေးလို့ နိုင်သေးတယ်ပေါ့နော်” […]

လောင်းလုံးကျေးလက် ညနေသပိတ်

diz_admin

June 25, 2021

လောင်းလုံးမြို့နယ်ထဲမှာရှိတဲ့ ထိန်တွင်း၊ဂေါ့အင်း၊ကညုံကျွန်း၊ကထောင်းနီ၊လေးသွန်းခံ စတဲ့ကျေးရွာတွေမှာ ဇွန်လ ၂၄ ရက် ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။