BREAKING
September 21, 2024

နိုင်ငံရေး

လောင်းလုံးကျေးလက် ညနေသပိတ်

diz_admin

July 7, 2021

လောင်းလုံးမြို့နယ်ရှိ ပန်းဒလဲ၊ သဗျာ၊ ပဉ္စသီမော်၊ ဂေါ့အင်း၊ ကဒက်ကြီးကျေးရွာတွေမှာ ဇူလိုင်လ ၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

မိုးစက်ကြားက လောင်းလုံးကျေးလက်သပိတ်

diz_admin

July 7, 2021

လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ကျေးရွာ‌၊ အောက်ရေဖြူကျေးရွာ၊ ညင်းမော်ကျေးရွာနဲ့ ပြင်ကျောင်း၊ ကြက်ယက်တွင်း၊ နတ်စင်ရှောင်၊ မိန်းမချောကျေးရွာ၊ ဟင်းချိုတောကျေးရွာ ပူးပေါင်းစစ်ကြောင်းတွေဟာ ဇူလိုင်လ ၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

လောင်းလုံးကျေးလက်သပိတ်

diz_admin

July 6, 2021

လောင်းလုံးမြို့နယ်ရှိ ကထောင်းနီ၊ ရေဖြူ၊ ညင်းမော်ကျေးရွာနဲ့ မောင်းမကန်ကျေးရွာတွေမှာ ဇူလိုင် ၅ ရက်နဲ့ ၆ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပါတယ်။

လောင်းလုံးကျေးလက်ညနေသပိတ်

diz_admin

July 6, 2021

လောင်းလုံးမြို့နယ်ရှိ ကုန်းဇရပ်ကျေးရွာနဲ့ ကဒက်ကြီးကျေးရွာတွေမှာ ဇူလိုင်လ ၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

သရက်ချောင်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ

diz_admin

July 6, 2021

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသက်စိုး ယနေ့နံနက် ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ယင်းကျေးရွာသားအချို့ထံမှ သိရသည်။ နံနက် ၉ နာရီခန့်တွင် မျက်နှာဖုံးစွပ်ထားသူ လူခြောက်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားအချို့က ပြောသည်။ ဦးသက်စိုး၏ အစ်မဖြစ်သူ ဒေါ်ရှိန်တွင်လည်း ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီးဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း ယင်းကျေးရွာသားတစ်ဦးက ပြောသည်။ “ပစ်သတ်ခံရတာက စစ်တပ်က တင်ထားတဲ့အုပ်ချုပ်ရေးမှူး” ဟု ၎င်းကဆိုသည်။ ဦးသက်စိုးသည် သူ့အိမ်၏အနောက်ဘက် သွေးအိုင်ထဲတွင် လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ဆိုသည်။ “သူကအိမ်အနောက်ဘက်မှာလဲနေတာ။ သွေးအိုင်ထဲမှာ။ အိမ်အရှေ့ဘက်ကို ခေါင်းထိုးပြီးလဲနေတာ” ဟု မျက်မြင်တွေ့သူက ဆိုသည်။ ဦးသက်စိုးတွင် တစ်အိမ်တည်းနေ မောင်နှမသုံးဦးရှိပြီး အစ်မဖြစ်သူမှာ ဒေါ်ရှိန်ဖြစ်သည်။ အစ်ကိုအကြီးဆုံးမှာ […]

ထားဝယ်မြို့ပေါ်တွင် ပစ်ခတ်သတ်ဖြတ်မှု နှစ်ရက်ဆက်ဖြစ်

diz_admin

July 6, 2021

ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် ပစ်ခတ်သတ်ဖြတ်မှု နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်တွင် ထားဝယ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဆန်းချီရပ်ကွက်နှင့် ဒေါင်းငူတံငါရက်ကွက်တို့တွင် အမျိုးသားနှစ်ဦးကို လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ဇူလိုင်လ ၄ ရက်ညတွင် ဆန်းချီရပ်ကွက်နေ အသက် ၄၅ နှစ်ခန့်ရှိ ဦးအောင်မြင့်ကို နေအိမ်တွင် လာရောက် ပစ်ခတ်ခဲ့ရာ ညာဘက်မျက်ခုံးတွင် ဖောက်ဝင်ဒဏ်ရာရခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။ ထိုနောက် ဆေးရုံသို့ အရေးပေါ်ကားဖြင့် တင်ဆောင်သွားကြောင်း ၎င်းက ဆိုသည်။ ဇူလိုင်လ ၅ ရက်ညတွင်မူ ဒေါင်းငူတံငါရပ်ကွက်နေ အသက် ၆၅ နှစ်ခန့်ရှိ ဦးမောင်မြင့်ကိုလည်း ၎င်းနေအိမ်တွင်ပင် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း အဆိုပါရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ […]