BREAKING
December 24, 2024

နိုင်ငံရေး

လောင်းလုံး ကျေးလက်ညသပိတ်

diz_admin

July 1, 2021

လောင်းလုံးမြို့နယ်ရှိ အောက်ကျောက်ဝပ်ရွာနဲ့ ကညုံကျွန်း ကျေးရွာတွေမှာ ဇွန်လ ၂၉ ရက်ညက စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်။

၀င်ငွေနည်းလာတဲ့ အခြေခံလူတန်းစား ထားဝယ် တက္ကစီယာဉ်မောင်းများ

diz_admin

July 1, 2021

ကယ်ရီသမားဟု အလွယ်ခေါ်သော တက္ကစီယာဉ်မောင်းများမှာ တပ်အာဏာသိမ်းပြီးတဲ့နောက် တစ်နေ့ဝင်ငွေလည်း သိသိသာသာ ကျဆင်းလာပါတယ်။ ပေါက်ကွဲမှု၊ ပစ်ခတ်မှုနဲ့ ဖမ်းဆီးမှုတွေ အချိန်မရွေးထဖြစ်နိုင်တဲ့အတွက် ကယ်ရီသမားတွေ လုပ်ငန်းအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။ ကယ်ရီသမားလို့ ဆိုရင် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ သုံးဘီးယာဉ်မောင်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ထားဝယ်ဒေသနေ ပြည်သူတွေဟာ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီးနဲ့ ကန်းနားဈေးတွေမှာ လာဝယ်ကြပြီး သူတို့နေထိုင်ရာ ဒေသတွေမှာ ပြန်ရောင်းချကြပါတယ်။ အရင်က မနက်စောစောကနေ မွန်းလွဲ ၂ နာရီ လောက်အထိ အမြဲစည်ကားနေတတ်တဲ့ ထားဝယ်စည်ပင်သာယာဈေးကြီးဟာ ဇွန်လကုန်ရက်တွေကဆိုရင် မနက် ၁၁ နာရီဆိုတာနဲ့ ဈေးဝယ်သူ ကင်းမဲ့နေပြီဖြစ်ပါတယ်။ လက်ရှိ အခင်းအကျင်းတွေကြောင့် စည်ပင်သာယာဈေးကြီးကို မှီခိုပြီး ငွေရှာနေရတဲ့ အခြေခံလူတန်းစားကယ်ရီသမားတွေရဲ့ ဝင်ငွေဟာလည်း […]

အတိုးမဲ့ချေးငွေနှစ်လစာ ပြန်မဆပ်က တရားစွဲမည်ဟု အကြောင်းကြား

Ba Maung

July 1, 2021

ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခံရသည့် ထားဝယ်မြို့နယ်မှ ထွေအုပ်ဝန်ထမ်းကိုးဦးကို အတိုးမဲ့ချေးငွေနှစ်လစာ ပြန်မဆပ်ပါ တရားစွဲဆိုမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဇွန်လ ၂၉ ရက်တွင် စာထုတ်အကြောင်းကြားခဲ့သည်။ အာဏာဖီဆန်ရေးCDM လှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခံရသူများက နှစ်လစာအတိုးမဲ့ချေးငွေအား ဇူလိုင်လ ၇ ရက်နေ့ နောက်ဆုံးထား ပြန်ဆပ်ရန် အကြွေးတောင်းစာတွင် ဖော်ပြထားသည်။ ယမန်နှစ် အောက်တိုဘာလက နိုင်ငံ့ဝန်ထမ်းများကို လစာ၏ နှစ်လစာကို အတိုးမဲ့ချေးငွေအဖြစ် ထုတ်ချေးထားခြင်းဖြစ်သည်။ယင်းကဲ့သို့ ပြန်မဆပ်ပါက တရားစွဲမည်ဟု စာပို့အကြောင်းကြားလာသော်လည်း လက်ရှိ တပ်ကောင်စီလက်ထက်တွင် ပြန်ဆပ်မည်မဟုတ်ကြောင်း အကြွေးတောင်းခံရသူများတွင် ပါဝင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။ “အကြွေးရှင်မဟုတ်ဘဲနဲ့ တောင်းနေတာဆိုတော့ မပေးနိုင်ဘူးခင်ဗျား၊ အကြွေးရှင်ဆိုရင်တော့ ပေးမယ်ပေါ့” ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ ချေးငွေပြန်ဆပ်ရန် အကြောင်းကြားသည့်စာကို ရာထူးမှထုတ်ပယ်ခံရသူများထံ အုပ်စုလိုက် အသုတ်လိုက် စာပို့နေသည်ဟု […]

အချုပ်အနှောင်မှ ပြန်လွတ်လာသူတွေက ဘယ်လိုလူတွေလဲ

diz_admin

July 1, 2021

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရဆဲလူပုဂ္ဂိုလ်အချို့ကို ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖမ်းဆီးခံထားရသူ နှစ်ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ရာ ထားဝယ်အကျဉ်းထောင်မှ ၂၂ ဦး ပါဝင်ကြောင်း ထားဝယ်ခရိုင် သပိတ်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လွတ်လာသူအများစုမှာ ဆန္ဒပြပွဲများ၊ ဆန္ဒပြပွဲနှင့် ဆက်နွယ်သည့် ကိစ္စရပ်များတွင် ပါဝင်သည့်အတွက် အဖမ်းခံရသူများ ဖြစ်ကြောင်း Dawei Watch မှ ရရှိထားသည့် အချက်အလက်များအရ သိရသည်။ ထို့အပြင် မေလအတွင်းက လက်ဖက်ရည်ဆိုင်သပိတ်ပြုလုပ်ခဲ့သည့် ဆိုင်ပိုင်ရှင် ဦးတင်ထွန်းလည်း ပါဝင်သည်။ ၎င်းပိုင်ဆိုင်သည့် ထားဝယ်မြို့ တောင်ခွလမ်းဆုံးရှိ လက်ဖက်ရည်ဆိုင်တွင် ဒေသခံလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ဖက်ရည်ဆိုင်သပိတ်ပြုလုပ်ခဲ့ရာမှ ဆိုင်ပိုင်ရှင်ဖြစ်သူ အဖမ်းခံရခြင်းဖြစ်သည်။ ယမန်နေ့က ပြန်လွှတ်သူများတွင် အသက်မပြည့်သေးသည့်ကလေးသူငယ် ၁၀ ဦးပါဝင်ပြီး အများစုမှာ အဖမ်းခံရပြီးနောက် အာမခံဖြင့် […]

သရက်ချောင်းနဲ့ ရေဖြူမြို့နယ် ကျေးလက်သပိတ်

diz_admin

June 30, 2021

သရက်ချောင်းမြို့နယ်ရှိ ကျေးရွာအချို့နဲ့ ရေဖြူမြို့နယ်ရှိ ကံပေါက်ဒေသမှာ ဇွန်လ ၃၀ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

လောင်းလုံး ကျေးလက်ညနေသပိတ်

diz_admin

June 30, 2021

လောင်းလုံးမြို့နယ်ရှိ ကဒက်ကြီးနဲ့လေးသွန်းခံကျေးရွာမှာ ဇွန်လ ၃၀ ရက် ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။