BREAKING
September 21, 2024

နိုင်ငံရေး

သပိတ်အားကောင်းသည့် လောင်းလုံးတွင် အစစ်အဆေးကြမ်း

diz_admin

July 11, 2021

သပိတ်တိုက်ပွဲအားကောင်းသည့် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စုရှိ နေအိမ်အချို့ကို ဇူလိုင်လ ၁၁ ရက် နံနက်စောစောအချိန်မှစပြီး စစ်သားများက အကြမ်းနည်းသုံးကာ ဝင်ရောက် စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ နံနက် ၄ နာရီခန့်က အောက်ရေဖြူဈေးတွင် ဈေးလာရောင်းသူများကို မောင်းထုတ်သဖြင့် ဈေးသည်များကြောက်လန့်ပြီး အိမ်ပြန်ပြေးလာရကြောင်း ၎င်းတို့ကပြောသည်။ ယင်းနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သည့် ရှေ့နေတစ်ဦးနေအိမ်၊ ကျောင်းဆရာမအိမ်၊ NLD ပါတီဝင်နေအိမ် စသည်ဖြင့် နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ကြောင်းဆိုသည်။ “အိမ်ထောင်စုစာရင်း တောင်းကြည့်ပြီးတော့ အိမ်မှာရှိတဲ့လူတွေနဲ့ တိုက်စစ်တယ်လို့ပြောတယ်။ အိမ်မှာလဲ ဟိုရှာဒီရှာလုပ်လို့ ပစ္စည်းတွေကွဲတဲ့သူကွဲ ဖြစ်နေကြတယ်” ဟု ဒေသခံတစ်ဦး ပြောသည်။ လက်နက်ရှာဖွေသည်ဟုဆိုကာ ရှာဖွေနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ နေ့လယ် ၁၂ နာရီထိုးချိန်အထိ အောက်ရေဖြူကျေးရွာ သီရိမင်္ဂလာဘုန်းကြီးကျောင်းအနီးတွင် အင်အားအများအပြားဖြင့် လမ်းသွားလမ်းလာများအား […]

လောင်းလုံး ရေဖြူရွာသား လေးဦးအဖမ်းခံရ

diz_admin

July 11, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စုမှ ရွာသားလေးဦး ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် အဖမ်းခံထားရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဖမ်းခံထားရသူများမှာ ရေဖြူကျေးရွာ နာရေးကူညီမှုအသင်းဝင် အသက် ၄၀ ကျော်အရွယ် ဦးဖိုးဇော်၊ ပိန္နဲတောရွာသား အသက် ၃၀ အရွယ် ကိုစိုးအောင်၊ အသက် ၅၅ နှစ်အရွယ် ဦးညီညီအောင်၊ အသက် ၂၄ နှစ်အရွယ် ကိုသားကြီးတို့ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဦးညီညီအောင်နှင့် ကိုသားကြီးမှာ သားအဖတော်စပ်သည်။ ကိုစိုးအောင်နှင့် ကိုသားကြီးတို့ထံမှ လက်လုပ်လေသေနတ်ဆောင်ထားသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဦးညီညီအောင်က ဆီတောခြံနားမှာနေတာ၊ သားအဖနှစ်ယောက်ကတော့ ကြက်ခြံထဲမှာနေကြတယ်။ လေသေနတ်က ရှဉ့်ပစ်ဖို့ ဆောင်ထားကြတာ” ဟု ၎င်းကပြောသည်။ ရေဖြူနာရေးကူညီမှုအသင်းဝင်ဖြစ်သူ ဦးဖိုး‌ဇော်မှာ ရေဖြူအထက်တန်းကျောင်းအနီးတွင်နေထိုင်သူဖြစ်ပြီး ကုန်စုံဆိုင်ဖွင့်ထားသူဖြစ်သည်။ ၎င်းမှာ […]

ရေဖြူနဲ့ လောင်းလုံးကျေးလက်ညနေသပိတ်

diz_admin

July 10, 2021

ရေဖြူမြို့နယ်ရှိ ကံပေါက်ဒေသနဲ့ လောင်းလုံးမြို့နယ် ကဒက်ကြီး၊ ကညုံကျွန်းကျေးရွာတွေမှာ ဇူလိုင်လ ၉ ရက် ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

လောင်းလုံးကျေးလက်သပိတ်

diz_admin

July 10, 2021

လောင်းလုံးမြို့နယ်ရှိ ညင်းမော်၊ ကြက်ယက်တွင်း၊ ပြင်ကျောင်း ၊နတ်စင်ရှောင်၊ မိန်းမချောကျေးရွာနဲ့‌ ဝေဒီ၊ အောက်ရေဖြူ၊ ဂေါ့အင်းကျေးရွာတွေမှာ ဇူလိုင်လ ၁၀ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

သရက်ချောင်းနဲ့ လောင်းလုံးရဲ့ ကျေးလက်ညနေသပိတ်

diz_admin

July 9, 2021

သရက်ချောင်းမြို့နယ်ရှိ သင်းကျွန်းကျေးရွာနဲ့ လောင်းလုံးမြို့နယ် ကထောင်းနီကျေးရွာတွေမှာ ဇူလိုင်လ ၉ ရက် ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

လောင်းလုံးကျေးလက်ညနေသပိတ်

diz_admin

July 9, 2021

လောင်းလုံးမြို့နယ်ရှိ လေးသွန်းခံ၊ စစ်ပြဲကျေးရွာနဲ့ အောက်ကျောက်ဝပ်ကျေးရွာတွေမှာ ဇူလိုင်လ ၉ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။