BREAKING
September 21, 2024

နိုင်ငံရေး

တွေ့ဆုံဆွေးနွေးရန်ဟု ဖိတ်ကြားကာ ရဲစခန်းနှင့် စစ်တပ်အတွင်း စစ်မေး

diz_admin

July 13, 2021

ဆွေးနွေးစရာရှိသည်ဟုဆိုကာ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆင့်ခေါ်ခဲ့သူလေးဦးကို ရဲစခန်းနှင့် စစ်တပ်ဝင်းတို့အတွင်း စစ်ဆေးမေးမြန်းနေကြောင်း သရက်ချောင်းမြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးထံမှ သိရသည်။ အဆိုပါလေးဦးအနက် အမျိုးသား သုံးဦးအား စစ်တပ်ထဲတွင်လည်းကောင်း အမျိုးသမီးတစ်ဦးအား ရဲစခန်းတွင်လည်းကောာင်း စစ်ဆေးမေးမြန်း နေကြောင်း ၎င်းထံမှ သိရသည်။ သရက်ချောင်းမြို့ မြို့မရပ်ကွက်နေ မသန်စွမ်းတစ်ဦးဖြစ်သူ ကိုမျိူးမင်းဦး ခေါ် ကိုအန့်ကူ၊ ဦးအောင်မျိုးသက်၊ ဦးပြည့်စုံဦး၊ ဒေါ်အေးအေးမွန်တို့ လေးဦးအား ဆွေးနွေးစရာရှိသည်ဟုဆိုကာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဇူလိုင်လ ၁၂ ရက်စွဲဖြင့် စာပို့ဖိတ်ကြားခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ဖိတ်ကြားထားသော အချိန်မှာ ယင်းနေ့ ညနေ ၅ နာရီဖြစ်သည်။ ယင်းနေ့ ညနေသုံးနာရီခန့်တွင် ရောက်လာသော ဖိတ်ကြားစာအရ ဖိတ်ခေါ်ခံရသူလေးဦးသည် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ခဲ့ကြောင်း […]

ထားဝယ်သပိတ်စစ်ကြောင်းတွင် ပါဝင်သူများကို ‌သေနတ်ပစ် ဖမ်းရန် ကြိုးပမ်း

diz_admin

July 13, 2021

ထားဝယ်သပိတ်စစ်ကြောင်းတွင် ပုံမှန်ပါဝင်နေသည့် လူငယ်လေးဦးကို အရပ်ဝတ် လက်နက်ကိုင်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရန် ကြိုးပမ်းမှုတစ်ခု ဇူလိုင်လ ၁၂ ရက် နေ့လယ် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း တပ်ပေါင်းစုသပိတ်စစ်ကြောင်း ဦးဆောင်သူက ပြောသည်။ လူငယ်သပိတ်စစ်ကြောင်းနှင့် တပ်ပေါင်းစု သပိတ်စစ်ကြောင်းနှစ်ခု ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ရန်အတွက် လူငယ်လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် မတူညီသော လမ်းကြောင်း နှစ်ခုမှ စုရပ်သို့ ထွက်ခွာလာစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။ ပထမလူငယ်နှစ်ဦး စီးနင်းလာသည့်ဆိုင်ကယ် ပုံကျွန်းရပ်ကွက်သို့ အရောက်တွင် အရပ်ဝတ်လက်နက်ကိုင်နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် နောက်ယောင်ခံလိုက်လာကြောင်း ၎င်းကပြောသည်။ ယင်းနောက် လူပြတ်သည့်နေရာဖြစ်သော မြောင်းပုလဲရပ်ကွက်ရှိ တံတားတစ်ခုအရောက်တွင် လက်နက်ကိုင်ထားသည့် ဆိုင်ကယ်က အရှေ့မှ ပိတ်ရပ်ကာ တားဆီးခဲ့သည်ဟု ဆိုသည်။ “သူတို့ဆိုင်ကယ်ပိတ်ရပ်ပြီးတာနဲ့ ခါးထဲကနေ ပစ္စတို(သေနတ်) […]

လောင်းလုံး ပန်းတင်အင်းရွာတွင် စစ်မှုထမ်း‌ဟောင်း တစ်ဦး ပစ်သတ်ခံရ

diz_admin

July 13, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာတွင် ဇူလိုင်လ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် စစ်မှုထမ်းဟောင်းအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၇၀ ဝန်းကျင်အရွယ် ဦးအောင်ကြည် ခေါ် ဒူးလန်ဆိုသူဖြစ်ပြီး ပန်းတင်အင်းကျေးရွာ ညောင်ပင်ဆိပ် အဝင်လမ်းတွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “ဦးခေါင်းကို သေနတ်နဲ့ပစ်သွားတယ်လို့ကြားရတယ်။ အလောင်းကတော့ ထားဝယ်ကိုသယ်သွားတယ်။ အခုထိတော့ ရွာကို ပြန်မရောက်လာသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ ၁၀ နာရီခန့်တွင် ပြောကြားသည်။ ဦးအောင်ကြည်သည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ဆေးတပ်သားတစ်ဦးဖြစ်ကြောင်း ၎င်းနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။ လွန်ခဲ့သော နှစ် ၂၀ ခန့်ကတည်းက တပ်မှအငြိမ်းစားယူပြီးနောက် ပန်းတင်အင်းရွာတွင် ဇနီးနှင့်အတူ အခြေချနေထိုင်ကာ ဆေးကုသခြင်းဖြင့် […]

ထားဝယ်ဒေသ ကျေးလက်ညနေသပိတ်

diz_admin

July 12, 2021

ရေဖြူမြို့နယ် ကံပေါက်‌ဒေသ၊ လောင်းလုံးမြို့နယ် ကညုံကျွန်းကျေးရွာနဲ့ သရက်ချောင်းမြို့နယ် သင်းကျွန်းကျေးရွာနဲ့သရက်နှစ်ခွကျေးရွာတွေမှာ ဇူလိုင်လ ၁၁ ရက်ညက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ရောင်းမော်တိုက်ပွဲတွင် DDT ခေါင်းဆောင် ကိုတင်နိုင် ကျဆုံးခဲ့ဟု ထုတ်ပြန်

diz_admin

July 12, 2021

ထားဝယ်မြို့နယ် ရောင်းမော်ရွာတိုက်ပွဲတွင် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DDT) ခေါင်းဆောင်ဖြစ်သူ ကိုတင်နိုင် ကျဆုံးသွားကြောင်း ယင်းအဖွဲ့က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ DDTတပ်ဖွဲ့၏ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုတင်နိုင် ခေါ် ကိုဂျိမ်းဘွန်းသည် အခြားတပ်ဖွဲ့ဝင်တစ်ဦးနှင့်အတူ ဇူလိုင်လ ၇ ရက်ညက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ တိုက်ပွဲတွင် ကိုယ်ပိုင်အမှတ် ၀၀၇ ဖြစ်သူ ကိုတင်နိုင်နှင့် အတူ ကိုယ်ပိုင်အမှတ် ၀၃၃ တို့ ကျဆုံးခဲ့ရသည့်အတွက် ဝမ်းနည်းဂုဏ်ယူကြောင်း ထုတ်ပြန်ထားသည်။ ဒေသခံများအဆိုရ ရောင်းမော်ရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ DDT နှင့် အပြန်အလှန်ပစ်ခတ်သူများကမူ ၎င်းတို့မှာ ပြည်သူ့စစ်အဖွဲ့သာဖြစ်ကြောင်း ပြောဆိုထားသည်။ကိုတင်နိုင်သည် ထားဝယ်မြို့တွင် ထင်ရှားသော ဧည့်လမ်းညွှန်တစ်ဦဖြစ်ပြီး တိုက်တန် ကုမ္ပဏီ ထူထောင်ကာ ခရီးသွားလုပ်ငန်း […]

လောင်းလုံးကျေးလက်ညနေသပိတ်

diz_admin

July 11, 2021

လောင်းလုံးမြို့နယ်ရှိ ညင်းမော်ကျေးရွာနဲ့ စစ်ပြဲကျေးရွာတွေမှာ ဇူလိုင်လ ၁၁ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။