BREAKING
September 7, 2024

နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တစ်နာရီခွဲခန့်ကြာတွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီအတည်ပြု

Dawei Watch

July 13, 2023

အကျဉ်းချခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တစ်နာရီခွဲနီးပါးကြာ နှစ်ဦးတည်း တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဇူလိုင်လ ၉ ရက်နေ့က နေပြည်တော်သို့ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက စစ်ကောင်စီအာဘော် မြဝတီသတင်းဌာနကတစ်ဆင့် ယနေ့ပြောဆိုထားသည်။ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ်တွေ့ဆုံခြင်းဖြစ်သဖြင့် ထိုင်းနိုင်ငံခြားရေး ဆွေးနွေးလိုသည်များကိုလည်း လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ “ဆွေးနွေးချက်တွေကိုတော့ အသေးစိတ် မသိပါဘူး” ဟု ၎င်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်းလည်း ပြောဆိုသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဇူလိုင်လ ၁၂ ရက်ကပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံကြောင်း ပြောဆိုသည်ဟုလည်း ၎င်းကဆိုသည်။ […]

မြန်မာနိုင်ငံ အခြေအနေကို ပိုမိုတင်းကျပ်စွာဆောင်ရွက်ရန် အာဆီယံကို ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

Dawei Watch

July 9, 2023

အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေနှင့် အာဏာသိမ်းစစ်တပ်ကို ပြင်းထန်စွာ အရေးယူဆောင်ရွက်ကြရန် အမေရိကန် အစိုးရက မျှော်လင့်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇူလိုင်လ ၇ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းအနေနှင့် ယခုသီတင်းပတ်တွင်း အစည်းအဝေးများ တက်ရောက်ရန်အတွက် အရှေ့တောင်အာရှ ဒေသတွင်း လာရောက်ရန် ရှိကြောင်း ထုတ်ပြန်ရင်း ယခုလို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအပြင် တောင်တရုတ်ပင်လယ်တွင်း တရုတ်နိုင်ငံ၏ လုပ်ရပ်များကို ပြန်လည်တွန်းလှန်မှု အပေါ်တွင်လည်း စည်းလုံးစွာလုပ်ဆောင်ကြရန် ဘလင်ကန်ကထည့်သွင်းပြောကြားသည်။ နေတိုး အဖွဲ့ (NATO – မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့) ဆိုင်ရာ အစည်းအဝေးကို လစ်သူယေးနီးယားနိုင်ငံ၌ သမ္မတ ဂျိုးဘိုင်ဒန်နှင့်အတူ တက်ရောက်ပြီးနောက် ဘလင်ကန်သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ နှင့် အစည်းအဝေး ကို တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ […]

NDAA ကို အမေရိကန်သမ္မတ လက်မှတ်ရေးထိုး၊ မြန်မာ့အရေးအတွက် အရေးကြီးသည့် BURMA ACT အသက်ဝင်သွားပြီဖြစ်

diz_admin

December 24, 2022

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမျိုးသားကာကွယ်ရေးအခွင့်အာဏာ အက်ဥပဒေ (NDAA) ကို ပြီးခဲ့သည့် နာရီပိုင်းက လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပြီသဖြင့် မြန်မာ့အရေးအတွက် အကူအညီများစွာရရှိမည့် BURMA ACT အသက်ဝင်သွားပြီဖြစ်သည်။ Burma Unified through Rigorous Military Accountability (BURMA Act) ဟုခေါ်သည့် မြန်မာ့အရေးအတွက် အကူအညီများစွာ ရရှိမည့်အချက်များထည့်သွင်းထားသော ယင်းဥပဒေအသစ်မှာ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုထားပြီး သမ္မတက လက်မှတ်ရေးထိုးရမည့် အဆင့်သာ ကျန်ရှိတော့ခြင်းဖြစ်သည်။ သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးလိုက်သည့် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA)မှာ နှစ်စဉ်ရေးဆွဲအတည်ပြုလေ့ရှိပြီး BURMA Act ကိုပြင်ဆင်ချက်သစ်အဖြစ် ယင်းဥပဒေတွင် ထည့်သွင်းထားခြင်းဖြစ်သည်။ BURMA Act အသက်ဝင်လာသည့်အတွက် အာဏာသိမ်းစစ်တပ်နှင့် အကူအညီပေးနေသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအပေါ် အမေရိကန်အစိုးရအနေနှင့် […]

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးရန်ပါရှိသည့် မြန်မာ့အရေး ဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီ သဘောတူဆုံးဖြတ်

diz_admin

December 22, 2022

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကိုပြန် လွှတ်ပေးရန် စစ်ကောင်စီအား တိုက်တွန်းထားသည့် မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သဘောတူဆုံးဖြတ် အတည်ပြုလိုက်ပြီဖြစ်သည်။ မြန်မာပြည်တွင်းက အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုမှုနှင့် နိုင်ငံရေးအကျဥ်းသားများ အားလုံးကို လွှတ်ပေးရန် စစ်တပ်ကို တောင်းဆိုထားသည့် ယင်းဆုံးဖြတ်ချက်မူကြမ်းကို ဒီဇင်ဘာလ ၂၁ ရက်က ကုလလုံခြုံရေးကောင်စီတွင် မဲပေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ “ဒါဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ၊ ဒေသတွင်းက အခြားအရေးကြီးတဲ့နိုင်ငံတွေနဲ့ ဆွေးနွေးသုံးသပ်ပြီးမှ ဖြစ်ပေါ်လာတာ”ဟု ကုလသမဂ္ဂဆိုင်ရာယူကေနိုင်ငံ သံအမတ်ကြီးက ပြောဆိုကြောင်း RFA သတင်းတွင် ဖော်ပြထားသည်။ လုံခြုံရေးကောင်စီ၏ ယင်းဆုံးဖြတ်ချက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အာဆီယံနှင့်ရထားသည့် သဘောတူညီချက်များကို […]

ကုလလုံခြုံရေး‌ကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း NUG ထုတ်ပြန်

diz_admin

December 22, 2022

မြန်မာ့အရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုခဲ့ခြင်းအပေါ် ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ကြေညာလိုက်သည်။ ယင်းအဆိုမူကြမ်းအားပြုစုသည့် လုပ်ငန်းစဉ်၌ ဦးဆောင်ဦးရွက်ပြုခဲ့ပြီး ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြုရာတွင်လည်း ထောက်ခံပေးသည့် ဗြိတိန်နိုင်ငံနှင့် အခြား ထောက်ခံသည့် နိုင်ငံများကိုလည်း ကျေးဇူးတင်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို ထောက်ခံကြောင်းနှင့် ဤဆုံးဖြတ်ချက်အဆိုပါ အချက်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။ ကုလသမဂ္ဂဌာနများတွင် အမြင့်ဆုံးဆုံးဖြတ်ချက် ချမှတ်နိုင်သည့်ဌာနဟု ဆိုနိုင်သော ကုလလုံခြုံရေးကောင်စီအနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းမှာ ၇၄ နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ပထမဦးဆုံးချမှတ်သည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောဆိုသည်။ “မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရင်က လူ့အခွင့်အရေးကောင်စီနဲ့ […]

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ကုလအထွေထွေညီလာခံက ကန့်ကွက်နိုင်ငံမရှိအတည်ပြု

diz_admin

December 17, 2022

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ကန့်ကွက်နိုင်ငံမရှိ အတည်ပြုလက်ခံလိုက်အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ထုတ်ပြန်လိုက်သည်။ ကုလသမဂ္ဂကိုယ်စားလှယ် အရည်အချင်းစိစစ်ရေးကော်မတီ (Credentials Committee) က ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အမည်စာရင်း တင်သွင်းထားခြင်းဖြစ်ပြီး ယင်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ (General Assembly)က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဆုံးဖြတ်ရာ ကန့်ကွက်သည့်နိုင်ငံမရှိဘဲ လက်ခံလိုက်ခြင်းဖြစ်သည်။ ကုလသမဂ္ဂကိုယ်စားလှယ် အရည်အချင်းစိစစ်ရေးကော်မတီတွင် အဖွဲ့ဝင် ၉ နိုင်ငံရှိပြီး ရုရှား၊ တရုတ် နှင့် အမေရိကန်ပြည်ထောင်စုတို့လည်း ပါဝင်ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ကိုယ်စားပြုသူ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံက လက်ခံလိုက်မှုမှာ NUG အတွက် သံတမန်ရေးအရ အောင်မြင်မှုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။ ကုလသမဂ္ဂတွင် […]