BREAKING
September 7, 2024

နိုင်ငံရေး

လမ်းပျောက် တနင်္သာရီ စိုက်ပျိုးရေး

diz_admin

November 17, 2020

တနင်္သာရီတိုင်းမှာ စင်ကာပူနိုင်ငံထက် အဆ ၆၀ ကျယ်တဲ့ မြေရှိပါတယ်။ အဲဒီမှာမှ ကာကွယ်တောနဲ့ မစိုက်ပျိုးနိုင်တဲ့ မြေပြီးရင် လူအများ လုပ်ကိုင်စားသောက်ကြတဲ့ စိုက်ပျိုးမြေက အများဆုံးပါ။ စုစုပေါင်း မြေဧရိယာရဲ့ ၁၀ ပုံတစ်ပုံကို စိုက်ပျိုးမြေအဖြစ် ရှိပါတယ်။ တနင်္သာရီတိုင်းမှာ စိုက်ပျိုးမြေဧရိယာချည်းပဲ စင်ကာပူနိုင်ငံရဲ့ ၆ ဆ ကျယ်ဝန်းပါတယ်။ တနင်္သာရီတိုင်းရဲ့ စိုက်ပျိုးမြေတွေမှာ ဆီအုန်းက အများဆုံးပါ။ နောက်ပြီး ရာဘာနဲ့ စပါးက ဒုတိယနဲ့ တတိယ အသီးသီးလိုက်ပါတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်းဟာ အစိုးရ အဆက်ဆက် ဆောင်ပုဒ်တွေ အများကြီးအောက်မှာ ပိနေကြတယ်။ ဥပမာ တနင်္သာရီတိုင်းသည် မြန်မာနိုင်ငံရဲ့ ဆီအိုးကြီး ဖြစ်ရမယ်ဆိုတာမျိုးပေါ့။ ပြီးရင် ရွှေဖြူဆိုပြီး စိုက်လိုက်တဲ့ ရာဘာတောတွေ တနင်္သာရီတိုင်းမှာ ဒုတိယ စိုက်ပျိုးမြေအများဆုံး […]

မြိတ်ခရိုင်အတွင်းရှိ ရေလုပ်သားသောင်းချီ မဲပေးခွင့် ဆုံးရှုံးနိုင်ဖွယ်ရှိ

diz_admin

November 1, 2020

“မနက်ဖြန်ဆို လှေပြန်ထွက်ရတော့မယ်။ ကျွန်တော်တို့လည်း မဲထည့်ချင်တာပေါ့။ ဒီကိစ္စကို ဘယ်သူမှ မစီစဉ်ပေးတော့ ကျွန်တော်တို့ရေလုပ်သား အများစုမှာ မဲထည့်ခွင့် ဆုံးရှုံးရတော့မယ်” ဟု ၎င်းကပြောသည်။

နိုင်ငံရေးပါတီများ စည်းရုံးရေးကာလနှင့် ကိုဗစ်

diz_admin

July 6, 2020

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၈ ရက်တွင် တစ်နိုင်ငံလုံး အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ယခုလအတွင်း တရားဝင်ကြေညာလိုက်သည်။ တစ်ဆက်တည်းမှာပင် နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် ပြည်ထောင်စုအဆင့်ဝန်ကြီးများ အားလုံးသည်လည်း အခြေခံဥပဒေပြဋ္ဌာန်းချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပြဋ္ဌာန်းချက်တို့နှင့် ကိုက်ညီလျှင် ပါတီစည်းရုံးရေးကိစ္စ၊ နယ်မြေစည်းရုံးရေး ကိစ္စများကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်သည်။ တစ်ဘက်တွင် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ထုတ်ပြန်ထားသော ကန့်သတ်ချက် အချို့က ရှိနေဆဲဖြစ်ပြီး လူစု၊ လူဝေး နှင့်ဆိုင်သည့် ကန့်သတ်ချက်တစ်ခုမှာ နိုင်ငံရေးပါတီများ၏ စည်းရုံးရေးကိစ္စအတွက် အဟန့်အတား ဖြစ်နေသည်။ တနင်္သာရီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးကလည်း ပါတီစည်းရုံးရေးကိစ္စများကို ကိုဗစ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောသည်။ “ကိုဗစ်ထိန်းချုပ်ရေးအောက်ကပဲ သွားရမှာပါ။ […]

တပ်ကတရားစွဲထားသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့အမှု ချေဖျက် ခွင့်တင်

diz_admin

April 27, 2020

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅က ဖြင့်တပ်မတော်မှတရားစွဲထားသည့်ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် အမှုတွဲတရားလွှတ်တော်ရှေနေ ဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့အမှုကို တိုင်းတရားလွှတ်တော်သို့ အမှုချေဖျက်ခွင့်တင်သွင်းထားကြောင်း ရှေ့နေဦးကြီးမြင့်က ပြောသည်။ ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဧပြီလက ကော့သောင်းတွင်ပြုလုပ်ခဲ့သည့် “၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ဦး ကော်မတီထောက်ခံပွဲ” တွင် ဟောပြောချက်များက နိုင်ငံတော်ကိုအကြည်ညိုပျက်စေသည်ဟုဆိုကာ တပ်မတော်မှ တရားစွဲထားသည့်အမှုကို ချေဖျက်ခွင့် တင်သွင်းထားခြင်းဖြစ်သည်။ အမှုကိုအချက်အလက် အမှားများဖြင့်တည်ဆောက်ထားခြင်း၊ တရားသူကြီးက စစ်ဆေးသင့်သူများကိုမစစ်ဆေးဘဲ တရားလိုတရားခံများမျက်ကွယ်တွင် အမှုဖွင့်စေအမိန့်ချမှတ်ထားခြင်း၊ အမှုဖွင့်တရားစွဲမည်ဆိုက ငြိမ်းစုစီဥပဒေ အရအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တရားလိုပြုအမှုဖွင့်ရမည်ကို တပ်မတော်က ၎င်းနှင့် မသက်ဆိုင်ဘဲတရားလိုပြု အမှုဖွင့်ခြင်း စသည့်အချက်များအပေါ် မူတည်ကာ အမှုချေဖျက်ခွင့်တင်သွင်း ထားခြင်း ဖြစ်ကြောင်း ရှေ့နေဦးကြီးမြင့် က ပြောသည်။ ယင်း လျှောက်ထားချက်အပေါ် တိုင်းတရားလွှတ်တော်က ဖေဖော်ဝါရီလဆန်းတွင် လက်ခံထားပြီးအပြီးသတ် […]