BREAKING
September 16, 2024

နိုင်ငံရေး

လူသိန်းချီလာသည့် ထားဝယ်ဆန္ဒပြပွဲ

diz_admin

February 8, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့တွင် လေးရက်မြောက်ဆန္ဒပြပွဲတွင် လူသိန်းချီ ပါဝင်လာသည်။ စစ်အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထားဝယ်မြို့အတွင်းနေသူများသာမက အခြားမြို့နယ်များကပါ လာရောက်ပူးပေါင်းပြီး ဆန္ဒပြကြသည်။ ထိုကြောင့် နံနက်အစောပိုင်းကတည်းက စတင်ခဲ့သော သပိတ်စစ်ကြောင်း အသီးသီးသည် ယခင်နေ့များနှင့် မတူတော့ဘဲ ဆန္ဒပြစစ်ကြောင်းများစွာ ဖြစ်လာသည်။ ဆန္ဒပြသူများက “စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး” ၊ “စစ်အာဏာရှင်စနစ်ကျဆုံးပါစေ”၊ “ဒေါ်အောင်ဆန်းဆုကြည် အပါအဝင် ဖမ်းဆီးခံထားရ သူများ အမြန်ဆုံးပြန်လွှတ်ပေးရေး” စသည့်ကြွေးကြော်သံများဟစ်ကြွေးကြသည်။ အဓိကစစ်ကြောင်းတွင် လူသောင်းချီဖြစ်လာပြီး ယနေ့နံနက်ပိုင်းတွင် လမ်းဆုံကြီးဘက်မှ တိုင်းအစိုးရအဖွဲ့ရုံးဘက်သို့ ချီတက်လာကြသည်။ ဆန္ဒပြစစ်ကြောင်းအား တိုင်းအစိုးရအဖွဲ့ရုံးအရှေ့မှ မဖြတ်သန်းနိုင်စေရန် အင်အားနှစ်ဆယ်ခန့်ရှိသည့် ရဲတပ်ဖွဲ့ကလည်း အာဇာနည်လမ်းပေါ်ရှိ မင်္ဂလာဈေးလမ်းထောင့်တွင် သံဆူးကြိုးတပ် ဘယ်ရီဂိတ်များချထားပြီး အခိုင်အမာ ပိတ်ထားလိုက်သည်။ သို့သော် ဆန္ဒပြစစ်ကြောင်းမှာ လမ်းကြောင်းမပြောင်းဘဲ တိုင်းအစိုးရအဖွဲ့ရုံးအရှေ့သို့ […]

နိုင်ငံ့ဝန်ထမ်း ဖဲကြိုးနီလှုပ်ရှားမှု

diz_admin

February 8, 2021

စစ်တပ်ကအာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသည့် ဖဲကြိုးနီလှုပ်ရှားမှုတွင် တစ်နိုင်ငံလုံးရှိ အစိုးရဌာနဆိုင်ရာတို့နှင့်အတူ တနင်္သာရီ တိုင်းက အစိုးရဌာနဆိုင်ရာတို့နှင့် တက္ကသိုလ် အချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်း များဖြစ်ကြသည့် လက်ထောက်ဆရာဝန်များနှင့် အထူးကုဆရာဝန်ကြီးအချို့၊ သူနာပြုများနှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းအချို့တို့က ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။ ထားဝယ်၊ ကော့သောင်းရှိ လက် ထောက်ဆရာဝန်များနှင့် အထူးကု ဆရာဝန်ကြီးအချို့၊ ထားဝယ်ဆေးရုံရှိ သူနာပြုများ၊ ၁၆ ကုတင်ဆံ့ ထားဝယ် တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူးတို့သည် အာဏာသိမ်း စစ်အစိုးရလက်အောင်တွင် အလုပ်တာဝန် ဆက်မလုပ်နိုင်တော့ကြောင်း ရေးသားထားသည့် ထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ခဲ့သည်။ “ကျွန်မလည်းဘာကြောင့်မှန်းတော့ သေချာမပြောတတ်ဘူး။ ဒီနေ့ ဆရာမတွေ အရင်တုန်းကလို မရှိနေတာတော့ အမှန်ပဲ” ဟု အသက် ၄၀ ကျော်အရွယ် လူနာစောင့်အမျိုးသမီးတစ်ဦးက […]

ကော့သောင်း NLD ဥက္ကဋ္ဌကို ငြိမ်းစုစီဖြင့် အမှုဖွင့်

diz_admin

February 8, 2021

အာဏာသိမ်းမှုကို ဆန္ဒပြသော ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်နိုင်ကို ငြိမ်းစုစီ ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့်လိုက်ကြောင်း ကာယကံရှင် ဦးသက်နိုင်က ပြောကြားသည်။ ဦးသက်နိုင် အပါအဝင် လူလေးဦးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လယ် ၂ နာရီက ကော့သောင်း မြို့တွင် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်လွှတ်ပေးရန်၊ တတိယအကြိမ် လွှတ်တော် ခေါ်ယူပေးရန်နှင့် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း ဦးသက်နိုင်က ပြောဆိုသည်။ ၁၀ မိနစ်ခန့်အကြာတွင် လူများစုဝေးလာချိန် တွင် ရဲတပ်ဖွဲ့ဝင်များကို ဦးသက်နိုင် အပါအဝင် ဆန္ဒပြသူ ၆ ဦးကို ရဲစခန်းတွင် ခေါ်ယူထိန်းသိမ်းလိုက်ကြောင်း၊ ထိုနောက် ကိုယ်ရေးမှတ်တမ်းရယူကာ ငြိမ်းစုစီ […]

မြိတ်တွင် လူထောင်ချီ လမ်းလျှောက် ဆန္ဒထုတ်ဖော်

diz_admin

February 8, 2021

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နံနက် ၇ နာရီမှ ၉ နာရီအထိ လူထောင်ချီဆန္ဒထုတ်ဖော်ခဲ့သည်။ ထောင်ချီသော လူအုပ်စုကြီးသည် ဇေယျသီရိ ရပ်ကွက် ဈေးရှေ့မှ စတင်ကာ တိုးချဲ့မြို့သစ်၊ ယင်းနောက် တလိုင်းစု၊ ဆိပ်ငယ်၊ ထားဝယ်စု၊ မြစ်ငယ် ရပ်ကွက်များသို့ ဖြတ်ကာ ဗိုလ်ချုပ်မြင်းစီးရုပ်အထိ ချီတက် ဆန္ဒပြခဲ့ကြသည်။ အာဏာရှင် အလိုမရှိ၊ အာဏာရှင်စနစ် ကျဆုံးပါစေ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြွေးကျော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြ လမ်းလျှောက်ချိန် နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီး နှောင့်ယှက်ဖမ်းဆီးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

စစ်အာဏာသိမ်းပြီးနောက် ထားဝယ်တွင် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်

diz_admin

February 8, 2021

တပ်မတော်အာဏာသိမ်းပြီး ခုနှစ်ရက်မြောက် နေ့တွင် ထားဝယ်မြို့လမ်းမများပေါ်သို့ လူ ထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်လာကြသည်။ “စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး” ၊ “စစ်အာဏာရှင်စနစ်ကျဆုံးပါစေ” ၊ “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများ အမြန်ဆုံး ပြန်လွှတ်ပေးရေး” စသည့်ကြွေးကြော်သံများဟစ်ကြွေးပြီး ဆန္ဒထုတ်ဖော်လာကြသည်။ တပ်မတော်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်ခဲ့သည့် ထားဝယ်မြို့အတွင်း ဆန္ဒဖော်ထုတ်ပွဲ ပထမဆုံးရက်တွင် အင်အား ဆယ်ဂဏန်းသာရှိရာမှ သုံးရက်မြောက်နေ့တွင် ထောင်ပေါင်းများစွာအထိ များပြားလာခဲ့သည်။ ဆန္ဒပြပွဲ ပထမနေ့နှင့် ဒုတိယနေ့များတွင် လူအင်အားတစ်ရာခန့်ရှိပြီး လမ်းလျှောက်သည့် ခရီးလည်း တိုတောင်းကာ အချိန်အားဖြင့် နာရီဝက် ပင်မပြည့်ခဲ့ပေ။ တတိယနေ့ဆန္ဒပြရာတွင်မူ အင်အားထောင်ပေါင်းများစွာပါဝင်လာပြီး တစ်မြို့လုံးနီးပါး လှည့်လည် ခဲ့ကြသည်။ ရဲတပ်ဖွဲ့ကလည်း မီးတန်းကား၊ အချုပ်ကား များကလည်း ဆန္ဒပြပွဲမတိုင်မီကပင် မြို့အတွင်း ကင်းလှည့်နေသည်။ ဆန္ဒပြပွဲစတင်ချိန်တွင် လူအင်အားဆယ် ဂဏန်းမျှသာ […]

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ

diz_admin

February 8, 2021

ထားဝယ်မြို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်း မှတ်တမ်းများ ထားဝယ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့တွင် စတုတ္ထနေ့ အဖြစ် ဆန္ဒပြပွဲများ ဆက်ဖြစ်နေသည်။ လူသိန်းချီအထိ ပါဝင်လာပြီး ပိုမိုအချိန်ကြာမြင့်စွာ ဆန္ဒပြလျက်ရှိသည်။ Dawei Watch