BREAKING
September 16, 2024

နိုင်ငံရေး

နေပြည်တော်ရောက် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ နေရပ်ပြန်

diz_admin

February 8, 2021

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ထိန်းသိမ်းခံထားရသည့် မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စား ၅ ဦး ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်တွင် နေရပ်ပြန်လာကြပြီဟု လွှတ်တော် ကိုယ်စားလှယ်တို့က ပြောသည်။ မွန်ညီညွတ်ရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့သည် တတိယအကြိမ်လွှတ်တော် တက်ရန် နေပြည်တော် စည်ပင်ဧည့် ရိပ်သာသို့ ရောက်ရှိနေစဉ် အာဏာသိမ်း တပ်မတော်၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေတွင် စည်ပင်ဧည့်ရပ်သာရှိ လွှတ်တော် ကိုယ်စားလှယ်များအားလုံး နေရပ်ပြန် နိုင်ပြီးဖြစ်ကြောင်း တပ်မတော်မှ လာရောက် ပြောကြားခဲ့သည်ဟု မွန်ညီညွတ်ရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် နိုင်စံတင်က ပြောသည်။ “တိုင်းဒေသကြီးနဲ့ ပြည်နယ်က ကိုယ်စားလှယ်တွေ ဒီအချိန်ကနေစပြီး မနေ့က […]

ဆန်အတွက် မစိုးရိမ်ရန် မြိတ်ခရိုင် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌပြော

diz_admin

February 8, 2021

မြိတ်ဒေသနေပြည်သူများ ဆန်အတွက် မစိုးရိမ်ရန် မြိတ်ခရိုင်ဆန်စက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားလိုက်သည်။ တပ်မတော်မှ အာဏာကို သိမ်းပြီး နာရီဝက်အတွင်း မြိတ်မြို့ရှိ အိုကေဆန်ဆိုင်အပါအဝင် ဆန်ဆိုင်များတွင် တိုးဝှေ့ဝယ်ယူမှုများ ဖြစ်နေခဲ့သည်။ ယင်းအပေါ်မစိုးရိမ်ရန်နှင့် ဆန်ပြတ်လပ်မည် မဟုတ်ကြောင်း ဥက္ကဋ္ဌ ဦးမောင်ထွေး က ပြောဆိုသည်။ “ဆန်ကကျွန်တော့်ဆီမှာ သောင်း ချီပြီးရှိနေသေးတယ်။ ဖျာပုံက ဆန်တင် သင်္ဘောလည်း ဆင်းလာနေပါတယ်” ဟု ၎င်းက ပြောသည်။ အာဏာသိမ်းမှုကြောင့် ပြည်သူ လူထုများ စိုးရိမ်စိတ်မြင့်တက်ခဲ့ပြီး ဆန်များအလုအယက်ဝယ်ယူခဲ့ရာ နောက်လယ်ရပ်ကွက်ရှိ အိုကေဆန်တစ်ဆိုင်တည်း ၃ နာရီအတွင်း ၂၄ ပြည်ဝင် ဆန်အိတ် သုံးထောင်ကျော်ကို ပုံမှန်ဈေးဖြင့် ရောင်းချခဲ့ကြောင်း ဦးမောင်ထွေး က ပြောပြသည်။ “လူတစ်ဦးကို နှစ်အိတ်နှုန်းနဲ့ရောင်း ချပေးခဲ့တယ်။ သူဌေးတွေဝယ်ပြီး […]

တနင်္သာရီတိုင်းမှ ကိုယ်စားလှယ်များ နေပြည်တော်မှ ပြန်ရောက်

diz_admin

February 8, 2021

လွှတ်တော်အစည်းအဝေးတက်ရန် နေပြည်တော်သို့ထွက်သွားသည့် တနင်္သာရီ တိုင်းမှ လွှတ်တော်ကိုယ်စားလှယ်များ တပ်မတော် အာဏာသိမ်းမှုကြောင့် တည်းခိုနေသည့်နေရာတွင်ပင် ခေတ္တ ထိန်းသိမ်းခံခဲ့ရပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်တွင် နေရပ်သို့ အသီးသီးပြန် လာခဲ့ကြသည်။ ထိန်းသိမ်းခံထားရစဉ် နေပြည်တော် စည်ပင်ဧည်ရိပ်သာအတွင်းပင်လွှတ် တော်ခေါ်ယူကာ ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးသူ ၇၀ ဦးတွင် တနင်္သာရီတိုင်းက လွှတ်တော်ကိုယ်စား လှယ် ၂၁ ဦးပါဝင်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းထွန်းက ပြောသည်။ “အခုက စည်ပင်ရိပ်သာက လက်မခံတော့ဘူးဆိုတော့ ကိုယ့်နေရာကိုယ် ပြန်လာကြတာပေါ့” ဟု ဦးနေလင်းထွန်း က ဆိုသည်။ တနင်္သာရီတိုင်းမှ ကိုယ်စားလှယ် များပြန်လာသည့်နေ့တွင်ပင် ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြုကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကော်မတီတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် […]

လူ ၁၅၀ နီးပါး အဖမ်းခံထားရ

diz_admin

February 8, 2021

တပ်မတော်မှ အာဏာသိမ်းပြီး မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသူ အနည်းဆုံး ၁၄၇ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကို ကိုးကား၍ ရိုက်တာ သတင်းဌာနတွင် ရေးသားထားသည်။ ဖေဖော်ဝါရီ ၄ ရက်နေ့ အထိ စာရင်းအရ အဖမ်းခံထားရသည့် အစိုးရခေါင်းဆောင်နှင့် လွှတ်တော် ကိုယ်စားလှယ် ၁၃၃ ဦးနှင့် အခြား အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင် ၁၄ ဦး အနည်းဆုံး ရှိနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဝန်ကြီးချုပ်များကို နေအိမ် အကျယ်ချုပ်ချထားပြီး အချို့သော ဝန်ကြီးနှင့် တက်ကြွလှုပ်ရှားသူများမှာ မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို မသိသဖြင့် စိုးရိမ်ပူပန်နေရကြောင်း ဧရာဝတီ သတင်းတွင် ဖော်ပြထားသည်။ အဖမ်းခံထားရသူများတွင် နိုင်ငံရေး ခေါင်းဆောင်များအပြင် တက်ကြွလှုပ်ရှားသူ ဦးမြအေး၊ မင်းသွေးသစ်၊ ဒါရိုက်တာ […]

အာဏာသိမ်း ဆန့်ကျင်ရေး ထားဝယ်တွင် ပထမဆုံးအကြိမ်ဆန္ဒပြ

diz_admin

February 8, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့အတွင်း စစ်အာဏာရှင် စနစ်အား ဆန့်ကျင်သည့် ပထမဆုံး အကြိမ်ဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ ထားဝယ်ဒေသခံလူငယ်ငါးဆယ် ဦးခန့်ပါဝင်ပြီး ရှမ္မလည်ဆွဲလမ်းဆုံမှ အထက ၃ ကျောင်းရှေ့အထိ အသွားအပြန် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။ အဆိုပါ ပထမဆုံးဆန္ဒပြပွဲတွင် ဒေါင်းအလံများကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ နိုင်ငံ တော်သမ္မတ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံနိုင်ငံရေးသမားများအား အမြန်ဆုံးပြန်လွှတ်ပေးရေး အစရှိသည့် အချက်များကို ကြွေးကြော်ခဲ့ကြသည်။ လမ်းလျှောက်ဆန္ဒပြချိန် ၁၅ မိနစ် ခန့် ကြာမြင့်ပြီးနောက် ရှမ္မလည်ဆွဲ လမ်းဆုံသို့ ပြန်ရောက်ချိန်တွင်မူ လူစု ခွဲခဲ့ကြသည်။ မကြာမီ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ ဝင်များရောက်ရှိလာခဲ့သော်လည်း ယင်းနေရာတွင် ဖမ်းဆီးထိန်းသိမ်းမှု မရှိခဲ့ပေ။ ထားဝယ်မြို့အပြင် ဘုတ်ပြင်းမြို့တွင်လည်း ဆိုင်းဘုတ်များကိုင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

တိုင်းကောင်စီဥက္ကဋ္ဌ ဦးတင်အောင် ဘယ်သူလဲ

diz_admin

February 8, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌအဖြစ် အငြိမ်းစား တိုင်းတရားသူကြီးချုပ် တစ်ဦးဖြစ်သူ ဦးတင်အောင်ကို ရွေးချယ်ခဲ့သည်။ တိုင်းကောင်စီဥက္ကဋ္ဌအား ဝန်ကြီးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အပ်နှင်းထားသည်။ဦးတင်အောင်မှာ တနင်္သာရီတိုင်းတွင် အခြေချနေထိုင်လာသည်မှာ ဆယ်စု နှစ်တစ်ခုခန့် ကြာနေပြီဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် တရားသူကြီးအဖြစ် တနင်္သာရီတိုင်းသို့ ရောက်ရှိလာ ပြီးနောက် ၂၀၁၁ ခုနှစ်တွင် တိုင်းတရား လွှတ်တော် တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်း ဦးတင်အောင်က ဆိုသည်။ ယင်းနောက် ၂၀၁၆ ခုနှစ်တွင် တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ရာထူးတိုးသွားပြီး ၂၀၂၀ ပြည့်နှစ် မေလတွင် အငြိမ်းစားယူခဲ့သည်။ ၎င်းတရားသူကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ်က တိုင်းတရားလွှတ်တော် တရားသူကြီးနှစ်ဦးနှင့်အတူ “လာဘ်မစားဘဲ သန့်ရှင်းစွာတာဝန်ထမ်း ဆောင်မည်” ဟု အချင်းချင်း ကတိ ကဝတ်ပြု […]