BREAKING
September 19, 2024

နိုင်ငံရေး

The Boycott Committee on Democratic Movement

diz_admin

February 9, 2021

(Dawei District) Announcement to the Public Statement No (1/2021) February 9, 2021 1. The public has been aware that the military led by Commander-in-chief Min Aung Hlaing has took over the state’s Administrative, Legislative and Judiciary power on February 1, 2021, with the help of the Army. 2. The Boycott Committee consists of the ethnicities […]

ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းများ ဆိုင်းငံ့

diz_admin

February 9, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းမည့် လုပ်ငန်းများကို ဆိုင်းငံ့ထားရန် ညွှန်ကြားလာကြောင်း ထားဝယ်ခရိုင် အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ထံမှ သိရသည်။ ရပ်ကွက်အလိုက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ဆိုင်းငံ့ထားရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းဖြင့် ညွှန်ကြားလာကြောင်း ထားဝယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။ ယခင်က ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရန် နေ့ရက်သတ်မှတ်ပြင်ဆင်ထားရာမှ ဖုန်းဖြင့်ညွှန်ကြားလာသည့်အတွက် ရွေးချယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြောင်း အထက်ပါအုပ်ချုပ်ရေးမှူးက ပြောသည်။ ယင်းကဲ့သို့ ရပ်ဆိုင်းထားရန်သာ ပြောပြီး မည်ကဲ့သို့ ဆက်လုပ်မည်ကိုမူ ညွှန်ကြားခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။ “ဘယ်လိုစီမံခန့်ခွဲမလဲတော့ မသိဘူး၊ ပြန်ပြီးပဲ ခန့်မလား အခြားလူကို ဆွဲခန့်မလားဆိုတာ အတိအကျမသိ ရသေးဘူးခင်ဗျား” ဟု အထက်ပါ အုပ်ချုပ်ရေးမှူးက ပြောသည်။ ထားဝယ်မြို့နယ်အပြင် သရက် ချောင်းမြို့နယ်တွင်လည်း ယင်းကဲ့သို့ ရပ်ဆိုင်းထားရန် […]

ညမထွက်ရအချိန် အပြောင်းအလဲမရှိ

diz_admin

February 9, 2021

ညမထွက်ရအဖြစ် သတ်မှတ်ထားသည့် အချိန်ကာလ အပြောင်းအလဲ မရှိကြောင်း ထားဝယ်မြို့နယ်အုပ်ချုပ်ရေး ဦးအောင်ဆန်းဝင်းက ပြောသည်။ ကိုဗစ်ကပ်ဘေးစတင် ဖြစ်ပွားချိန် က ထုတ်ပြန်ထားသည့်အတိုင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိသာဖြစ်ပြီး အချိန်ပြောင်းလဲခြင်းမရှိကြောင်း ၎င်းက ဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်မှအာဏာသိမ်းပြီးနောက် ညမထွက်ရအမိန့်ကို အချိန်စော သတ်မှတ်လိုက်သည်ဟု ကောလာဟလသတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ သည်။ ညမထွက်ရအချိန်မှာ ယခင် အတိုင်းပင်သတ်မှတ်ထားပြီး နှစ်လ တစ်ကြိမ် သက်တမ်းတိုးနေကြောင်း ဦးအောင်ဆန်းဝင်းက ဆိုသည်။ “ညမထွက်ရအမိန့်ကတော့ နဂို အချိန်ပဲ။ လောလောဆယ် ပြင်မထားဘူးလေ” ဟု ၎င်းက ပြောသည်။ တပ်မတော်မှ အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့စည်းမည့် ဖွဲ့စည်းပုံအရ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ […]

လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းအစိုးရအဖွဲ့ဝင်သုံးဦး မလွတ်သေး

diz_admin

February 9, 2021

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးသုံးဦး မလွတ်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်၊ လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးကျော်မင်း၊ စီမံ/ဘဏ္ဍာ ဝန်ကြီး ဒေါ်ရီရီချိုတို့ဖြစ်သည်။ ၎င်းတို့ကို ဖေဖော်ဝါရီလ ၁ ရက် နေ့ နံနက် ၄နာရီခွဲခန့်တွင် တပ်မတော်မှ ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ မလွတ်သေးကြောင်း ဖေဖော်ဝါရီ ၅ ရက် နေ့ ညနေပိုင်းတွင် ပြောသည်။ “အခုထိ ဘယ်မှာချုပ်ထားတယ် ဆိုလည်း မသိဘူးခင်ဗျား”ဟု NLD ပါတီ၏ အထက်ပါတာဝန်ရှိသူက ဆို သည်။ အထက်ပါလေးဦးမှာ မည်သည့် နေရာတွင် ချုပ်နှောင်ထားမှန်း မသိရသည့်အတွက် စိတ်ပူနေကြကြောင်း ၎င်းက ပြောသည်။ […]