BREAKING
September 19, 2024

နိုင်ငံရေး

လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းအစိုးရအဖွဲ့ဝင်သုံးဦး မည်သည့်နေရာတွင် ဖမ်းထားသည်ကို မသိရ

diz_admin

February 15, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် NLD တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး သုံးဦးမှာ လက်ရှိ အချိန်ထိ အဖမ်းခံထား ရဆဲဖြစ်ပြီး မည်သည့်နေရာတွင် ဖမ်းထားသည်ကို မသိရသေးကြောင်း မိသားစုဝင်များ အပါအဝင် ပါတီတာဝန်ရှိသူအချို့ ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ သိမ်းပြီးချိန်မှစ၍ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လူမှုရေးနှင့် စည်ပင် သာယာရေး ဝန်ကြီး ဦးဟိုပင်၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ စီမံ/ဘဏ္ဍာဝန်ကြီးဒေါ်ရီရီချိုတို့မှာ လက်ရှိအချိန်ထိ အဖမ်းခံထားရဆဲဖြစ်ကြောင်း ပါတီတာဝန်ရှိသူတစ်ဦးက ဆိုသည်။ ၎င်းတို့အနက် လူမှုစည်ပင်ဝန်ကြီး ဦးဟိုပင်အား ဖမ်းဆီးပြီးနောက်တစ်ရက်တွင် အဝတ်အစားအချို့နှင့် သွားတိုက်ဆေး၊ သွားတိုက်တံများကို လိုနေသည် ဟု တာဝန်ရှိသူများက လာတောင်းကြောင်း ဇနီးဖြစ်သူ ဒေါ်မာမာလွင်က ပြောသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၅ […]

တစ်ပတ်အတွင်း အာဏာသိမ်းမှု ဖြစ်စဉ် အကျဉ်းချုပ်

diz_admin

February 14, 2021

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေသော ဖြစ်စဉ်များကို အကျဉ်းချုပ် မှတ်တမ်းဖော်ပြလိုက်ပါသည်။ ဖေဖော်ဝါရီ ၈ မှ ၁၄ ရက်နေ့ အထိ ဖြစ်စဉ်များကို ဖော်ပြထားပါသည်။ ဖေဖော်ဝါရီ ၈ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများ နိုင်ငံအနှံ့ မြို့ကြီးများ အပါအဝင် ပိုမိုအရှိန်ကောင်းလာပြီး ရုံးမတက်သော အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ဝန်ထမ်းများ ပိုမိုပါဝင်လာသည်။ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၏ ပါဝင်မှု အရှိန်ပိုရလာကာ အခြားသော ဌာနများက ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး ရုံးမတက်လှုပ်ရှားမှုလည်း ပိုမိုအားကောင်းလာသည်။ ကမ္ဘောဇ၊ ဧရာဝတီ၊ နှင့် CB စသော ပုဂ္ဂလိကဘဏ်အချို့ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားလိုက်သည်။ ယခင်က ပိတ်ထားသော ဘုရာစေတီတချို့ကို ဖူးမြော်ခွင့် ပြန်လည်ဖွင့်ပေးသည်။ ဗိုလ်ချုပ်မှူးကြီး […]

အရောင်စုံ၊ အသွေးစုံ၊ ပြကွက်စုံလာတဲ့ ထားဝယ် သပိတ်

diz_admin

February 12, 2021

(ဖေဖော်ဝါရီ ၁၂ ထားဝယ် သပိတ်) စစ်အာဏာရှင် ဆန့်ကျင်ရေး ထားဝယ် သပိတ် စခဲ့တာ ဆိုရင် ဒီနေ့ဟာ ရှစ်ရက်မြောက် နေ့ ဖြစ်ပါပြီ။ အရောင်စုံ အသွေးပုံစုံလာပြီးတော့ ပြကွက်တွေ ပုစုံလာတဲ့ သပိတ်ကို မြင်ရမှာ ဖြစ်ပါတယ်။

ပြည်သူ့ဝန်ထမ်းများ ပါဝင်လာည့် ထားဝယ်ဆန္ဒပြပွဲ

diz_admin

February 10, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့တွင် ခြောက်ရက်မြောက်ဆန္ဒပြပွဲတွင် ပြည်သူ့ဝန်ထမ်းများ ပါဝင်လာသည်။ စစ်အာဏာသိမ်းပြီး ၁၀ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူလူထုအပြင် မြေစာရင်းဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရှေ့နေများ၊ နည်းပညာတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်နှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်း စသည့်ဌာနများမှ ဝန်ထမ်းအချို့ ပူးပေါင်းပါဝင်လာသည်။ ကရင်တိုင်းရင်းသားတို့လည်း ပါဝင်လာသည်။ ထို့အပြင် ပညာရေးဝန်ထမ်းဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်း အစရှိသည့် ပြည်သူ့ဝန်ထမ်းများလည်း ပါဝင်သည်။ ၎င်းတို့သည် ယမန်နေ့ဆန္ဒပြပွဲတွင်လည်း ပါဝင်ခဲ့ပြီးဖြစ်သည်။ ယင်းအပြင် LGBT များ၊ ဂီတအသင်းနှင့် အခြားအသင်းအဖွဲ့များလည်း ပါဝင်သည်။ ယနေ့ဆန္ဒပြရာတွင် ပင်မသပိတ်စစ်ကြောင်းက နံနက် ၈ နာရီခွဲခန့်တွင် ဥတ္တံတားကြီးလမ်းဆုံမှ နိဗ္ဗာန်လမ်းအတိုင်းချီတက်ပြီး ဗဟိုလမ်းဆုံအရောက်တွင် ဆန်းချီလမ်းဆုံဘက်သို့ ချီတက်သွားသည်။ စထွက်ထွက်ချင်းပင် ရဲတပ်ဖွဲ့ကားတစ်စီးက အရှေ့မှကန့်လန့်ခံတားဆီးခဲ့သေးသော်လည်း ဆန္ဒပြသမားတို့က လွတ်နေသည့် လမ်းကြောင်းမှ […]

စစ်ကြောင်းပိုများလာသော ထားဝယ်သပိတ်

diz_admin

February 10, 2021

ပင်မ စစ်ကြောင်းတွင် ပူးပေါင်းပါဝင်လာသော စစ်ကြောင်း ပိုများလာပြီး အခြားလမ်းကြောင်းဖြင့် ချီတက်သော သီးခြားစစ်ကြောင်းများလည်း ထားဝယ် သပိတ် ခြောက်ရက်မြောက်နေ့တွင် ပိုများလာသည်။ စစ်ကြောင်းများတွင် ရှေ့နေများ၊ မြေစာရင်းဌာန၊ ထားဝယ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပြည်တွင်း အခွန်များ ဦးစီးဌာန စသည့် ဌာန အချို့လည်း ပါဝင်လာသည်။ အသေးစိတ်ကို ဆက်လက် တင်ဆက်ပါမည်။ Dawei watch

ဆလုံတိုင်းရင်းသားတို့ရဲ့ ဆန္ဒ

diz_admin

February 10, 2021

ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၁ ကမ္ဘာထင်ရှားတဲ့ လူမျိုးစုတိုင်းရင်းသားတစ်ခုဖြစ်တဲ့ ဆလုံတိုင်းရင်းသားတွေလည်း အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်လာကြပါတယ်။ ဆလုံတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ လန်ပိအမျိုးသား ဥယျာဉ် နယ်မြေ မကြုံဂလက် မော်ကင်းကျေးရွာမှာ ဒီနေ့ ဆန္ဒပြနေတဲ့ မြင်ကွင်းကို ဒေသခံတစ်ဦး မှတ်တမ်းတင်ထားတာပါ။ အဲဒီရွာမှာ နေထိုင်တဲ့ အခြားတိုင်းရင်းသားတွေ အပြင် လန်ပိအမျိုးသားဥယျာဉ်ထိန်းသိမ်းရေး လုပ်ဆောင်နေတဲ့ သစ်တော အရာရှိ၊ ဝန်ထမ်းတွေလည်း အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုမှာ ပါဝင်လာပါတယ်။ Salon (Moken) people joined today’s protest in Makyone Galet village, against military coup in Myanmar. Staff from Lampi […]