BREAKING
September 19, 2024

နိုင်ငံရေး

သရုပ်ပြပုံစံမျိုးစုံဖြင့် အရှိန်မြင့်လာသည့် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲ

diz_admin

February 19, 2021

(ထားဝယ် သပိတ် ရှစ်ရက်မြောက်နေ့- ဖေဖော်ဝါရီ ၁၂ ) လူစည်ကားလေ့ရှိသည့် ထားဝယ်မြို့လယ်တစ်နေရာ လမ်းမပေါ်တွင် ခေါင်းတလားလုံးချကာ လူတစ်အုပ်ဖဲရိုက်နေကြသည်။ ခေါင်းတလားထိပ်တွင် ဓာတ်ပုံတစ်ပုံကပ်ထားကာ လူတစ်ဦး အမည်ကိုရေးထားပြီး အသက် ၆၅ နှစ်ဟု ရေးထားသည်။ အသုဘအခမ်းအနားတစ်ခုမြင်တွေ့ရသည့်မြင်ကွင်းအတိုင်း ခေါင်းတလား ရှေ့တွင် ကြေးစည်ထုသူ၊ အမျှဝေသူများလည်း ရှိနေသည်။ ထိုအသွင်သဏ္ဌာန်မှာ ထားဝယ်ဒေသခံများ၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် သရုပ်ဖော်တင်ဆက်မှုဖြစ်သည်။ ထားဝယ်မြို့တွင် ထိုကဲ့သို့ သရုပ်ဖော်မှုအပြင် အခြားပုံသဏ္ဌာန် မျိုးစုံဖြင့်လည်း ဆန္ဒထုတ်ဖော်နေကြသည်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှစ်ရက်မြောက်လည်း ဖြစ်သည်။ ထားဝယ်ရေအိုးရွက်အကသဏ္ဌာန်၊ ဘင်ခရာတီးဝိုင်း၊ ကာယ ဗလမောင်၊ ခြင်္သေ့အက အစရှိသည့် သရုပ်ဖော်မှုများစွာဖြင့်လည်း ဆန္ဒဖော်ထုတ်ကြသည်။ ထို့အပြင် ချိန်ခွင်ကိုင်ထားသည့် တရားစောင့်နတ်သမီးအား မျက်လုံးပိတ်ထားသည့် သရုပ်ဖော်တင်ဆက်မှုများလည်း တွေ့ရသည်။ […]

စစ်အစိုးရ၏ ကမ်းလှမ်းမှု လက်ခံသည့်အပေါ် မွန်ပါတီတွင်း သဘောထားကွဲ

diz_admin

February 19, 2021

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရန် အာဏာသိမ်း စစ်အစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံလိုက်သည့်အပေါ် မွန်ညီညွတ်ရေးပါတီအတွင်း သဘောထားကွဲလွဲမှု ဖြစ်ပေါ်နေသည်ဟု သိရသည်။ မွန်ညီညွတ်ရေးပါတီအနေနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရန် ကမ်းလှမ်းခံရသည့်အပေါ် ဖေဖော်ဝါရီ ၆ ရက်နေ့က ပါတီဗဟို အလုပ်အမှုဆောင် အရေးပေါ်အစည်း အဝေးခေါ်ယူပြီး ကမ်းလှမ်းမှုကို လက်ခံရန် ဆုံးဖြတ်ခဲ့သည်။ ပါတီဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်သည် ပါတီခေါင်းဆောင် အားလုံး၏ အများစု သဘောထားသာဖြစ်သည်ဟု ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ “သဘောထားကွဲလွဲမှု တော်တော် ဖြစ်ကြတယ်။ အကြိတ်အနယ် ဆွေးနွေး ကြတယ်။ ကျွန်တော်တို့ကတော့ လက်မခံ သင့်ဘူးဆိုတဲ့ဘက်က ပါတာပေါ့နော်။ ဒါက CEC အများစုက သဘောထားဆန္ဒ နဲ့ ဆုံးဖြတ်ခဲ့လို့ ပြောရမယ်။ CEC အားလုံးရဲ့ သဘောထားဆန္ဒလို့တော့ […]

မွန် ဝန်ကြီးချုပ် ပြန်လည်ဖမ်းဆီး ခံရ

diz_admin

February 19, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက တပ်မတော်က ပြန်လည်ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရသည်။ တပ်မတော်က အာဏာသိမ်းယူ သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပါအဝင် မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအများစုတို့က တပ် မတော်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအားလုံး ပြန်လွှတ်ပေးခဲ့ပြီး ပြည်နယ်အစိုးရဝန်ကြီးအိမ်ရာတွင် အကျယ်ချုပ်ထားရှိထားရာမှ ဝန်ကြီးချုပ် ကို ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်သည်။ “ဝန်ကြီးချုပ်ကို မနေ့ညက ပြန် ခေါ်သွားပါတယ်။ ဘယ်ကိုခေါ်သွားလဲတော့ မသိသေးဘူး။ ဘာမှလည်း သတင်းမရသေးဘူး” ဟု နီးစပ်သူတစ်ဦး က ပြောသည်။ ဝန်ကြီးများကိုမူ အစိုးရအိမ်ရာဝင်း အတွင်းတွင်ပင် အကျယ်ချုပ်ထားထားပြီး လုံခြုံရေး တင်းကျပ်ထားသည်ဟု ဝန်ကြီး […]

မြိတ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြသူများနှင့် အတူ ရပ်တည်ခဲ့သည့် ရဲတပ်သား အရေးယူခံရ

diz_admin

February 18, 2021

စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒပြသည့် မြိတ်ပြည်သူများနှင့်အတူ ရပ်တည်ခဲ့သည့် ရဲတပ်သားတစ်ဦးအား အရေးယူထားကြောင်း သိရသည်။ အဆိုပါ ရဲတပ်သားသည် မြို့မ ရဲစခန်းမှဖြစ်ပြီး ရဲတပ်ဖွဲ့ယူနီဖောင်း ဝတ်ဆင်လျက် ကြွေးကြော်သံများ ကြွေးကြော်ရာတွင် စပီကာတင်မော်တော်ယာဉ် ပေါ်သို့ တက်ရောက်လာပြီး မိုက်ဖြင့် ဆန္ဒပြသူဘက်မှရပ်တည်သွားမည်ကို ပြောကြားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။ စစ်အာဏာက အာဏာသုံးလို့ရရင် ရပါစေ ပြည်သူဘက်က ရပ်တည်မည် ဖြစ်ကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါရဲတပ်သားအား ချုပ်နှောင်ထားပြီး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။ မြိတ်မြို့တွင် ဖေဖေါ်ဝါရီလ ၉ ရက် မနက်ပိုင်းအချိန်က စစ်အာဏာရှင်အလို မရှိကြောင်း ချီတက် ဆန္ဒပြခဲ့ကြရာ ကျောင်းဆရာ၊ ဆရာမများ၊ ရှေ့နေများ၊ ကျန်မားရေးဝန်ထမ်း၊ ကျောင်းသားသမဂ္ဂ၊ အရပ်ဘက်အစည်းများနှင့် ပြည်သူ တစ်သိန်းကျော်ခန့် ပါဝင်ခဲ့သည်။ […]

မြိတ်တွင် ပဋ္ဌာန်းသပိတ် ကိုးရက်တိတိပြုလုပ်သွားမည်

diz_admin

February 18, 2021

မြိတ်မြို့ ဘုရားကြီးလမ်းတွင် စစ်အာဏာရှင်အလိုမရှိကြောင်းကို ပဌာန်း သပိတ်အား ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မှစပြီး ကိုးရက်တိတိပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘုရားကြီးလမ်းရှိ ဘုရား ပုထိုးများတည်ရှိရာ လမ်းတစ်ဘက်တွင် ဓမ္မစင်္ကြာဝတ်စုံတို့ဖြင့် ပဋ္ဌာန်းအကျယ် ရွတ်ဖတ်ခြင်းနှင့် မေတ္တာပို့သခြင်းတို့အား ပြုလုပ်ခဲ့ကြသည်။ စစ်အာဏာရှင် အလိုမရှိကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြ တိုက်ပွဲဝင်လျက်ရှိပြီး မြိတ်တွင် ဆန္ဒထုတ်ဖော်သည့် ငါးရက်မြောက်နေ့တွင် ပဋ္ဌာန်းသပိတ်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပဋ္ဌာန်းသပိတ်တွင် ပါဝင်ဆင်နွှဲလို သူများအနေဖြင့် လာရောက်ဆင်နွှဲနိုင်ပြီး နေ့စဉ် နံနက် ကိုးနာရီမှစတင် ရွတ်ဖတ်မည်ဖြစ်ကြောင်း ပဋ္ဌာန်းသပိတ်ဆင်နွဲ သူအချို့က ပြောပြသည်။

အတားအဆီး အလှည့်အပတ်များနှင့် စတုတ္ထနေ့ ဆန္ဒထုတ်ဖော်မှု မြိတ်မြင်ကွင်းများ

diz_admin

February 16, 2021

မြိတ်သပိတ် ငါးရက်မြောက်နေ့- ဖေဖော်ဝါရီ ၁၁ သုံးရက်တိုင်တိုင် စစ်အစိုးရအလိုမရှိကြောင်း လမ်းပေါ်ထွက်ကာ ချီတက်ဆန္ဒပြခဲ့ကြသည့် ပြည်သူများ ဒီကနေ့တော့ ခြေကုန် လက်ပန်းကျကာ သိပ်ပြီးအင်အားမပြနိုင်ကြတော့ဟု ထင်ထားခဲ့သည်။ သို့သော် ယင်းအမြင်မှားမှန်း သပိတ်တပ်ကို မြင်မှ သိလိုက်ရသည်။ သပိတ်တပ်က ပြီးခဲ့သည့်တတိယရက်နှင့်မခြား။ လူအင်အား တောင့်တုန်း၊ တင်းတုန်း အခြေအနေတွင် ရှိနေသလို။ ကတ္တရာလမ်းပေါ်တစ်လှမ်းခြင်း တည်တည်ငြိမ်ငြိမ် ဖြတ်လျှောက်သွားသည့် ၎င်းတို့ခြေဖဝါး နုနုကြမ်းကြမ်းတွေက ယခင်နေ့များက အရှိန်အတိုင်း။ လုံးလုံးမှ လျော့ကျမသွားသေး။ မနေ့က ချီတက်ခဲ့သည့် စစ်ကြောင်းတစ်ခုနှစ်ခုက ယနေ့တွင် ဆက်မပါလာတော့။ ယင်းအစား သူတို့နေရာတွင် အားကောင်း မောင်းသန် ခြေတက်လူငယ် စစ်ကြောင်းများက အားသစ်လောင်းကာ အစားထိုးပါဝင်လာကြသည်။ မနေ့က အသက်အရွယ်ဌာန စုံသော်လည်း ဒီကနေ့တော့ နှစ်ဆယ်မှ သုံးဆယ် သန်တုန်းမြန်တုန်း […]