BREAKING
September 19, 2024

နိုင်ငံရေး

မော်လမြိုင်တွင် ရထားပိတ် ဆန္ဒပြ

diz_admin

February 22, 2021

ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်း မော်လမြိုင်ဘူတာမှ ရန်ကုန်သို့ ထွက်ခွာမယ့် အမှတ် ၉၀ အစုန်ရထားကို ပြည်သူတွေက လမ်းပိတ်ဆို့ ဆန္ဒပြခဲ့ ကြပါတယ်။ လမ်းပိတ်ဆို့ ဆန္ဒပြသူတွေ တဖြည်းဖြည်းများလာပြီး နေ့လယ် ၁၂ နာရီလောက်မှာ ရထားဟာ ဘူတာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အာဏာသိမ်း ဆန့်ကျင်တဲ့ မြန်မာ့ မီးရထား ဝန်ထမ်းတွေရဲ့ အဖြစ်အပျက်ကို နိုင်ငံတကာ မီဒီယာတွေမှာ အသားပေး ဖော်ပြခဲ့ကြပါတယ်။

ကံပေါက်ဒေသ ရပ်ရွာလုံခြုံရေး ကြိုတင်ကာကွယ်

diz_admin

February 22, 2021

ညဘက် ကျေးရွာနှင့် ရပ်ကွက်များ အတွင်းသို့ လူစိမ်းဝင်ပြီး မီးကွင်းပစ်သည်ဟုဆိုကာ ထားဝယ်ခရိုင်ရှိ ကျေး ရွာတော်တော်များများတွင် အုတ်အော်သောင်းတင်းဖြစ်နေကြသည့်အချိန် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင်မူ ယင်းဖြစ်ရပ်မျိုးမရှိကြောင်း ဒေသခံ အချို့ထံမှ သိရသည်။ သို့သော် လူစိမ်းဝင် မီးကွင်းပစ် သည်ဆိုသည့် သတင်းများကြားနေရသဖြင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် အခြားနေရာများနည်းတူ ရပ်ရွာလုံခြုံ ရေးကို ရွာသားများကိုယ်တိုင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအလိုက် လုပ်ဆောင်နေကြောင်း ၎င်းဒေသခံတို့ က ပြောသည်။ “သူ့ရပ်ကွက်နဲ့သူ လူငယ်တွေ လုံခြုံရေးတွေတော့ အားလုံးတော့ လုပ်ထားကြတယ်။ ဒါပေမယ့် လက်ရှိတော့ မီးကွင်းပစ်တာတို့ ဘာတို့တော့ ဘာမှကို မရှိသေးဘူး” ဟု မိကျောင်းအိုင် ရွာသား ဦးကျော်မိုးဦးက ဆိုသည်။ ကံပေါက်ကျေးရွာအုပ်စုတွင် ရပ်ကွက်/ကျေးရွာ တစ်ဆယ်ကျော်ရှိသည်။ ကံပေါက်ဒေသအနီးရှိ အုန်းပင်ကွင်း ရွာတွင်မူ […]

စစ်အစိုးရနှင့် အဆက်အသွယ်ဖြတ်ရန် စွမ်းအင်ကုမ္ပဏီများကို တောင်းဆို

diz_admin

February 22, 2021

ကံပေါက်ဒေသရှိ ရတနာ၊ ရဲတံခွန်၊ ဇောတိက ဓာတ်ငွေ့စီမံကိန်း ၃ ခုကို လုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့် တပ်အာဏာသိမ်း အစိုးရနှင့် စီးပွားရေးအရ ဆက်သွယ်ခြင်း မပြုလုပ်ရန် ဒေသခံများက ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာ သိမ်းလိုက်မှုကြောင့် ယင်းပိုက်လိုင်း ကုမ္ပဏီများအနေဖြင့် အာဏာသိမ်း အုပ်စုများနှင့် ဆက်လက် အလုပ်မလုပ်ကိုင်ရန် ကံပေါက်၊ အုန်းပင်ကွင်းနှင့် သဘွတ်ချောင်း စသည့် ကျေးရွာအုပ်စုများမှ ဒေသခံ ၂၀ဝ ခန့်က တောင်းဆိုမှုများကို ပြုလုပ်ခဲ့သည်။ ၁) ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ၃ ခုစလုံးရှိ ကမ်းလွန်နှင့် ကုန်းတွင်း ဝန်ထမ်းများအားလုံး CDM တွင် ပါဝင် ပေးရန်၊ ၂) ဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသည့် ဝင်ငွေများကို မြန်မာ့ရေနံနှင့် […]

ဆန္ဒပြရာတွင် ပါဝင်သည့် ဘုတ်ပြင်းမြို့နယ် NLD ပါတီဝင်သုံးဦး တရားစွဲခံရ

diz_admin

February 22, 2021

အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြရာတွင်ပါဝင်သည့် ဘုတ်ပြင်းမြို့နယ်မှ NLD ပါတီဝင်သုံးဦးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားစွဲလိုက်ကြောင်း တရားစွဲခံရသူ တစ်ဦးဖြစ်သည့် ဦးနီရဲထံမှ သိရသည်။ ဖေဖော်ဝါရီလ ၈ ရက်က ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်သည်ဟု ဆိုကာ တရားစွဲခဲ့ခြင်းဖြစ်ပြီး တရားရုံး၏ ဆင့်ခေါ်စာ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရောက်ရှိလာကြောင်း ဦးနီရဲက ပြောသည်။ NLD ပါတီဝင်များဖြစ်သည့် ဦးနီရဲ၊ ဦးသော်ဇာအောင်နှင့် ဒေါ်ညွန့်ညွန့်ထွေး တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဆန္ဒပြတယ်ဆိုတာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ကြတာလေ။ အာဏာသိမ်းတာကို တော်လှန်တဲ့ သပိတ်တိုက်ပွဲမှာ ကျွန်တော်က ပူးပေါင်းခဲ့တယ် ဆိုတဲ့အနေအထားပဲရှိတာပါ” ဟု ဦးနီရဲက ပြောသည်။ ၎င်းတို့အနေဖြင့် […]

အဖမ်းခံရသူ ၅၀ဝ ကျော်

diz_admin

February 22, 2021

အာဏာသိမ်းသည့် နေ့မှ ၁၈ ရက်အတွင်း တပ်အစိုးရမှ ဖမ်းဆီးခဲ့သူ ၅၂၁ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းအရသိရသည်။ ယင်းတို့တွင် ထောင်ဒဏ်ချခံထား ရသူ ၃ ဦး၊ ဖမ်းဝရမ်းနှင့် အမှုဖွင့်ခံ ထားရသူ ၃၂ ဦး၊ ပြန်လည် လွတ်မြောက်လာသူ ၄၄ ဦး ရှိပြီး ၄၇၇ ဦးမှာ ဖမ်းဆီး၊ တရားစွဲဆိုခံထားရဆဲ ဖြစ်ကြောင်း ထိုအသင်းက ထုတ်ပြန်သည်။ အဖမ်းခံထားရသူများတွင် နိုင်ငံရေးသမားတို့ အပြင် သာမန်အရပ်သား များလည်း ပါဝင်သည်။ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့တွင် ဆန္ဒပြသူ အချို့ကို ဖမ်းဆီးခဲ့သေးသည်။

အရေးအခင်းကာလ ရဲ

diz_admin

February 22, 2021

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် လူပေါင်းသိန်းချီပါသည့် ဆန္ဒပြပွဲတွင် “စစ်အာဏာရှင် အလိုမရှိ” ၊ “ဒီမိုကရေစီရရှိရေး . . . ဒို့အရေး” ၊ “သပိတ် သပိတ် မှောက်မှောက်” စသည့် ကြွေးကြော်သံများဟစ်ကြွေးနေကြသည်။ ယင်းဆန္ဒပြပွဲတွင် ဆန္ဒပြသူများနှင့် ရောနှောပြီး သာမန်အရပ်ဝတ်ဖြင့် နှာခေါင်းပိတ်တပ်ထားသူအချို့ လိုက်ပါနေသည်။ ၎င်းတို့က ဆန္ဒပြပွဲ အခင်းအကျင်းနှင့် ဦးဆောင်ပါဝင်သူများအား ဓာတ်ပုံ ရိုက်နေသည် ။ သပိတ်စစ်ကြောင်းပါ ဆန္ဒပြသူများ၏ ရင်ထဲတွင် စစ်အာဏာရှင်ဆန့် ကျင်ရေးရည်မှန်းချက်များဖြင့် ချီတက် နေကြသော်လည်း ၎င်းတို့နှင့် ရည်ရွယ်ချက် ရည်မှန်းချက်ချင်းကား မတူညီပေ။ ထိုသူများကား ရဲတပ်ဖွဲ့ဝင်များနှင့် ထောက်လှမ်းရေးအဖွဲ့ဝင်များဖြစ်ပြီး ဆန္ဒပြပွဲမှရရှိသည့် အချက်အလက်များကို အထက်အရာရှိထံ ပုံမှန်အစီရင်ခံ တင်ပြနေသည်။ ၎င်းတို့သည်လည်း လူသားပင်ဖြစ်သည့်အတွက် စိတ်မလုံခြုံမှု၊ စိုးရိမ် ပူပန်မှု၊ စိတ်ဖိအားများစွာခံစားနေရသည်ဟု […]